Transparency Myanmar
transparency.myanmar@gmail.com
          တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် မြောက်ကိုရီးယားနိုင်ငံသို့ ၂ရက်ကြာခရီးစဉ်ကို လာမည့်လတွင် သွားရောက်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် နိုင်ငံပိုင်သတင်းဌာန က တနင်္လာနေ့က သတင်းထုတ်ပြန်သည်။
          မြောက်ကိုရီးယားအစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည့်ခရီးစဉ်ကို အောက်တိုဘာ (၄)ရက်မှ (၆)ရက်အထိ သတ်မှတ်ထားကြောင်း ကိုရီးယားစင်ထရယ်နယူးစ်အေဂျင်စီသတင်းများ အရ သိရှိရသည်။
          တောင်နှင့်မြောက် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ရေးနှင့် နှစ်နိုင်ငံအပြန်အလှန်စိုးရိမ်ပူပန် နေသော ကိစ္စရပ်များအပေါ် ထင်မြင်ယူဆချက်များကို “၀မ်” က ပြောင်းလဲနိုင်လိမ့်မည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
          နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ခြောက်နိုင်ငံစကားဝိုင်းသို့ မြောက်ကိုရီးယား ပြန်လာရေးကြိုးပမ်းနေကြချိန်တွင် ယခုခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။]
          မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့်ဒုံးပျံစမ်းသပ်မှုများကြောင့် ကုလသမဂ္ဂမှ အရေးယူဆောင်ရွက်ခဲ့ခြင်းကို ဆန့်ကျင်သောအားဖြင့် ဧပြီလက ဆွေးနွေးပွဲစကားဝိုင်းကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။ ခြောက်နိုင်ငံဆွေးနွေးပွဲတွင် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ရုရှားနိုင်ငံများပါဝင်ကြသည်။
          ယခုနောက်ဆုံး အမေရိကန်အစိုးရနှင့် ပြန်လည်ဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြုံယမ်းက အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။
0 comments:
Post a Comment