Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ၏ အငြင်းပွားစရာ နယ်နိမိတ်အတွင်းသို့ ရောက်ရှိနေသောရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များနှင့်ပတ်သက်ပြီးဖြစ် ပေါ်နေသော တင်းမာမှုများကိုလျှော့ချ သည့်အနေဖြင့် တူးဖော်ရေးလုပ်ငန်းစဉ် များကို ရှောင်ရှားလုပ်ကိုင်သွားမည်ဖြစ် ကြောင်း ဒေါင်ဂျုံးသတင်းဋ္ဌာန ရေးသား ဖော်ပြသည်။ဘင်္ဂလားဒေ့ရှ်သတင်းစာ ဖြစ်သောNew Age ၏ရေးသားဖော် ပြချက်အရ မြန်မာစစ်အစိုးရက ဘင်္ဂလားဒေ့ရှ်ကမ်းလွန်ဒေသ လုပ်ကွက် တွင် တူးဖော်ရေးလုပ်ငန်းများလုပ်ကိုင် နေသော Conoco Philips ကုမ္ပဏီကို သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင် များက မြန်မာစစ်အစိုးရသည် အဆိုပါ သတိပေးချက်နှင့် စစ်သားများစည်းရုံး မှုပြုခဲ့သောကြောင့် နယ်စပ်ဒေသတင်း မာမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြော ကြားသည်။ “ကျွန်တော်တို့နှစ်နိုင်ငံနယ် စပ်ဒေသ နယ်မြေအငြင်းပွားမှုဟာ ရိုး အီနေတဲ့ ကိစ္စတစ်ခုပါ၊ မြန်မာစစ်အစိုး ရဘက်က တပ်တွေဒီနယ်စပ်ဒေသမှာ လှုပ်ရှားနေမှုနဲ့ ပတ်သက်ပြီးကျွန်တော် တို့ သတိမထားမိပါဘူး”ဟု ဘင်္ဂလားဒေ့ ရှ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ စီနီယာ အရာရှိကြီးတစ်ဦးက ပြောသည်။ ဘင်္ဂ လားဒေ့ရှ်နိုင်ငံအနေဖြင့် အငြင်းပွားစရာ ဖြစ်နေသည့် နယ်မြေထဲသို့ဝင်ရောက်ကာ စွမ်းအင်တူးဖော်သည့် လုပ်ငန်းများလုပ် ကိုင်မှုကို ဂရုတစိုက်ရှောင်ရှားသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“မြန်မာနိုင်ငံဘက်က ရေကြောင်းပိုင် နက်ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုနေတဲ့ ကိစ္စတွေအပေါ် တလေးတစားရှိတယ်ဆို တဲ့အချက်ကို ကျွန်တော်တို့ထုတ်ဖော်ပြ သနေပါတယ်။ ကျွန်တော်တို့ဘက်က ဘယ်တော့မှချိုးဖောက်မှာမဟုတ်ပါဘူး” ဟု သူကပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ပက်ထရိုဘင်္ဂလားကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ မွတ်တာဒါအလီက “အခုပြောနေ ကြတဲ့အငြင်းပွားစရာ နယ်စပ်ဒေသမှာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ကျွန်တော် တို့ အနေနဲ့တိကျတဲ့ ညှိနှိုင်းဆောင်ရွက် မှုတွေလုပ်ဖို့လိုပါတယ်။ အဲဒီဒေသမှာ စွမ်းအင်ကုမ္ပဏီတွေ မျှပြီအလုပ်လုပ်ကိုင်နိုင် ဖို့ကန်ထရိုက်စာချုပ်မချုပ်ရ သေးပါဘူး။ အဲဒီစာချုပ်မချုပ်ခင် ဒီကိစ္စ တွေကို ကျွန်တော်တို့ဖြေရှင်းသွားမှာပါ” ဟုဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်သည် အနာဂတ်ကာလစွမ်းအင်အခန်းကဏ္ဍ လုံခြုံစိတ်ချမှုရှိထားရန် မိမိပိုင်သော ရေ အပိုင်နက်အတွင်း ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှုများလုပ် ကိုင်လိုသည်။ သို့သော်ပထ၀ီအနေအ ထားအရ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ကြားတွင်ညပ်နေပေရာ အဆိုပါနှစ်နိုင် ငံမှ စွမ်းအင်အကျိုးစီးပွားနှင့်ပတ်သက် သော ယှဉ်ပြိုင်မှုများဖြင့် ရင်ဆိုင်နေရ သည်။

DowJones သတင်းဋ္ဌာန ၏ Bangladesh Go Avoid Exploration In Disputed Territory သတင်းကိုဘာသာပြန်ထားခြင်းဖြစ်သည်။ Eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment