Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
(6th Oct, 2009) CNN

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ll က နျူကလီယားအစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့် နှစ်နိုင်ငံ ဆွေးနွေးမှုများကို ပြန်လည်ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံ (၆) နိုင်ငံ ပါဝင်သည့် ဆွေးနွေးပွဲသို့လည်း ပြန်လည်တက်ရောက်လိုကြောင်း ပြောကြားခဲ့သည်ဟု တရုတ် စင်ဟွာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။

တရုတ်ဝန်ကြီးချုပ် Wen Jiabao ပြုံးယမ်းသို့ သွားရောက်လည်ပတ်ခဲ့သည့် ကာလအတွင်း ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ ကုလသမဂ္ဂက မြောက်ကိုရီးယား၏ နျူကလီယားစမ်းသပ်ဖောက်ခွဲမှုနှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတို့ကို အပြစ်တင်ပြောကြားခြင်းကြောင့် မြောက်ကိုရီးယားသည် စကားဝိုင်းနှင့် ဧပြီလတွင် ခွာပြဲခဲ့ကြောင်း သိရှိရပါသည်။

ဝမ်ကြားပေါင်သည် ပြုံးယမ်းတွင် (၃) ရက် လည်ပတ်ပြီးနောက် အင်္ဂါနေ့တွင် တရုတ်ပြည်သို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။

တစ်သီးပုဂ္ဂလဖြစ်နေသော ကွန်မြူနစ် မြောက်ကိုရီးယားမှ တရုတ်အထူးကိုယ်စားလှယ် Dai Bingguo နှင့် လွန်ခဲ့သည့်လက တွေ့ဆုံခဲ့စဉ်ကလည်း အထက်ပါအတိုင်း ပြောဆိုခဲ့ဖူးပါသည်။

(၆) နိုင်ငံညှိနှိုင်းမှုတွင် အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ပါဝင်ပါသည်။

အဆိုပါ တုံ့ပြန်ချက်နှင့် ပတ်သက်၍ အမေရိကန်ပြောရေးဆိုခွင့်ရှိသူ Ian Kelly က အမေရိကန်သည် မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို (၆) နိုင်ငံ သဘောတူညီချက်မူအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယားကို နျူကလီယား ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းသည်ထိ နားလည်သဘောတူအောင် ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားပါသည်။

ပြုံးယမ်းသည် အိုဘားမားအစိုးရ၏ အထူးကိုယ်စားလှယ်ကို မြောက်ကိုရီးယားသို့လာရောက်ရန် မကြာသေးမီက ဖိတ်ခေါ်ခဲ့သည်။ ဩဂုတ်လအတွင်းက မြောက်ကိုရီးယား သံတမန်များသည် နယူးမက်စီကို သို့ သွားရောက်၍ မြို့တော်ဝန် Bill Richardson နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တိုက်ရိုက်ဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးသွားပါသည်။

ကုလသမဂ္ဂသို့ စက်တင်ဘာလအတွင်းက ပေးပို့ခဲ့သော စာတွင် မြောက်ကိုရီးယားက ၎င်းတို့၏ သုံးစွဲပြီးသော နျူကလီယားလောင်စာဆီ ပြန်လည် ထုတ်လုပ်ထားသော ပလူတိုနီယမ်ဖြင့် လက်နက်ထုတ်ယူနေကြောင်း၊ နိုင်ငံပိုင်သတင်းဌာန၏ ထုတ်ပြန်ချက်ကို ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ ပေးစာတွင်လည်း မြောက်ကိုရီးယားသည် ယူရေနီယံသန့်စင်မှုတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာန၏ ထုတ်ပြန်ချက်ကို ဖော်ပြထားပါသည်။ ယူရေနီယံသည် အမြင့်ဆုံးသော အဆင့်အထိ သန့်စင်ပြီးပါက လက်နက်ထုတ်လုပ်နိုင်သော အဆင့်သို့ ရောက်ရှိနိုင်ပါသည်။ ပလူတိုနီယမ်ကို အက်တမ်ဗုံး ပြုလုပ်ရာတွင် အသုံးပြုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇွန်လတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အရ နျူကလီယား လက်နက်ထုတ်လုပ်မှုကို ရပ်ဆိုင်းရမည်ဟူသော အချက်ကို မြောက်ကိုရီးယားက “လုံးဝဆန့်ကျင်” သည်ဆိုသော်လည်း ၎င်းတို့အနေဖြင့် စေ့စပ်ဆွေးနွေးမှုရော၊ ပိတ်ဆို့မှုအတွက်ပါ ပြင်ဆင်ထားပါသည်ဟု KNCA က ထုတ်ပြန်ထားပါသည်။

0 comments:

Post a Comment