Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

The Associated Press

8th Oct, 2009

မြန်မာနိုင်ငံ စစ်အစိုးရခေါင်းဆောင်သည် ထိန်းသိမ်းခံထားရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အနောက်နိုင်ငံများမှ သံတမန်များနှင့် တိုင်းပြည်အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှု ရုတ်သိမ်းရေးအတွက် ဆွေးနွေးရန်အတွက် ခွင့်ပြုလိုက်ကြောင်း အစိုးရတာဝန်ရှိသူများထံမှ သိရှိရပါသည်။

အစိုးရ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဩစတြေးလျတို့မှ သံတမန်များနှင့် အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားပါသည်။

အစိုးရတာဝန်ရှိသူက ၎င်း၏ အမည်မှာ မပြောနိုင်ကြောင်း၊ သတင်းဌာနများသို့ အဆိုပါသတင်းများ တရားဝင်ကြေငြာခွင့်မရှိကြောင်း ပြောပါသည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို ပူးပေါင်းဆောင်ရွက်ရန်နှင့် အနောက်နိုင်ငံမှ သံတမန်များနှင့် တွေ့ဆုံခွင့်ကို စာရေး၍ တောင်းခံခဲ့ပါသည်။

0 comments:

Post a Comment