Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး လူမျိုးစုအဖွဲ့တို့အကြား ဆက်ဆံရေးမှာ လိပ်ခဲတင်းတင်းဖြစ်နေကြောင်း ကချင်တို့မှ ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အိုတို့ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးမှု ပြုခဲ့သည်။
          ထိုင်းနိုင်ငံအခြေစိုက်ကချင်သတင်းဌာန အယ်ဒီတာလဖိုင်နော်ဒင်က ကေအိုင်အိုအနေဖြင့် ၎င်းတို့၏စစ်တပ်ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် သဘောတူခဲ့ကြောင်း၊ သို့သော်လည်း နှစ်ဘက်စလုံး ညှိနှိုင်းသဘောတူညီချက်မရခဲ့ကြောင်း ပြောကြားသည်။ ကချင်တို့အနေဖြင့် စစ်အစိုးရကို ၎င်းတို့၏ အဆိုပြုချက်များကို လက်ခံအောင်ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သိရှိပြီး ဖြစ်သည်။ သို့သော်လည်း သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောချင်သေးကြောင်း၊ ၎င်းမှ ဆက်လက်ပြော ကြားသွားသည်။
          အစည်းအဝေးတက်ရောက်ခဲ့သည့် အဖွဲ့ဝင်တစ်ဦး၏ပြောကြားချက်အရ စစ်အစိုးရ အနေဖြင့် နယ်ခြားစောင့်တပ်ကို စစ်အစိုးရအရာရှိများ၏ အုပ်ချုပ်မှုအောက်တွင် ထားရန် လိုလားကြောင်း ပြောသည်။ ကေအိုင်အိုမှ စစ်အစိုးရ၏ ကွပ်ကဲမှုအောက်တွင်မထားဘဲ ကချင်ပြည် နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့အနေဖြင့် ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်ခဲ့ သော ကေအိုင်အိုအဖွဲ့တွင် ယင်းတို့၏ ဌာနအသီးသီးမှ ကိုယ်စားလှယ်များပါဝင်ခဲ့ပါသည်။ ကချင် လူငယ်ခေါင်းဆောင် Awng Wa က ကေအိုင်အိုခေါင်းဆောင်များသည် ၎င်းတို့၏ အဆိုပြုချက်မှာ လက်ခံနိုင်ဖို့ အခွင့်အလန်းနည်းသည်ကို သိရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း ညှိနှိုင်းမှုများကို ရနိုင် သ၍ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
          ကချင်ခေါင်းဆောင်များက ပြောကြားရာတွင် အကယ်၍ စစ်အစိုးရအနေဖြင့် အတင်း အကျပ်ပြုလုပ်ပါက မိမိတို့တိုက်ခိုက်မှုပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကေအိုင်အေ တပ်မှူးများကိုလည်း စစ်အစိုးရတပ်များ ၀င်ရောက်လာပါက ၎င်းတို့၏ နယ်မြေအတွင်းမှ တိုက်ထုတ်ရန် ပြောကြား ထားပါသည်။
          နော်ဒင်က ဆက်လက်ပြောရာတွင် ကေအိုင်အေတပ်မတော် ဒုတိယအကြီးအကဲ           ဗိုလ်မှူးကြီးဆွန်မလွတ်ဂန်မော်က ကချင်နှင့် အစိုးရတပ်များအကြား နိုင်ငံရေးအမြင်ကွာဟချက်မှာ ကချင်တို့က မိမိတို့၏လွတ်လပ်သော တပ်မတော်အားရှိလို၍ဖြစ်ကြောင်း သိရှိရပါသည်။
          ကေအိုင်အိုအထွေထွေအတွင်းရေးမှူးက ဧရာဝတီသတင်းဌာနသို့ ပြောကြားရာတွင် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီရရှိပါက ကချင်တပ်မတော်မှာ နယ်ခြားစောင့် တပ်မတော်သာ ဖြစ်နေမည်ဖြစ်ကြောင်း ပြောပါသည်။ အခြားသော လူမျိုးစု ငြိမ်းချမ်းရေးအဖွဲ့ဖြစ်သည့် ၀ပြည်နယ် တပ်မတော်မှာလည်း စစ်အစိုးရ၏ အလားတူဖိအားပေးမှုကို ခံရပါသည်။ ၀ လေ့လာသူ မိုင်အိုက်ဖုန်းက ၀ တပ်မတော်မှ စက်တင်ဘာလတွင် ပန်ဆန်း၌ ပြုလုပ် ခဲ့သော အစည်းအဝေးတွင် ၀ဒေသကို ကိုယ်ပိုင်ဒေသအုပ်ချုပ်ရေးအဖြစ် လက်ခံပါက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် သဘောတူမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားသည်။
          လက်ရှိအနေအထားအရ တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ ရှိသော ၀တပ်မတော်သည် စစ်အစိုးရနှင့် ရင်ဆိုင်ရန် တပ်လှန့်ထားပြီးဖြစ်သည်။ ၀စစ်တပ်မှ ၎င်းတို့၏အရပ်သားများကိုလည်း အတူတကွတိုက်ခိုက်ရန် လက်နက်များ ထုတ်ပေးထားပြီးဖြစ်ပါသည်

0 comments:

Post a Comment