Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။


ရန်ကုန်မြို့တွင်း တာဝန်ထမ်းဆောင်နေသော လက်ထောက်ဆရာဝန်များသည် အခြားဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော လက်ထောက်ဆရာဝန်များ ထက်နှုတ်ထွက် စာတင်ရန် ပိုမိုလွယ်ကူကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဆရာဝန်များအနေဖြင့် အစိုးရအလုပ်ဝင်ထားပါက နှုတ်ထွက်စာ တင်ရန် ခက်ခဲသည်။

သို့သော် ယခုအချိန်တွင် ကျေးလက်ဒေသများနှင့် အခြားဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော လက်ထောက်ဆရာဝန်များသည် တရားဝင်နှုတ်ထွက် စာတင်သော်လည်း နှုတ်ထွက်ခွင့်မရရှိဘဲ၊ ရန်ကုန်မြို့တွင်းတွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန်များ တရားဝင်နှုတ်ထွက်စာ တင်ပါက ချက်ခြင်း နှုတ်ထွက်ခွင့်ရရှိနေကြောင်း ဆရာဝန်များ အသိုင်းအဝိုင်းက တညီတစ်ညွတ်တည်း ပြောဆိုကြသည်။

ကျေးလက်ဒေသနှင့် အခြားဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဝန်များ နှုတ်ထွက်လိုပါက တရားမဝင်နည်းလမ်းများနှင့် ဆောင်ရွက်နေကြရပြီး ငွေသိန်းပေါင်းများစွာ ကုန်ကျခံမှသာ နှုတ်ထွက်နိုင်သည် ဟု သိရသည်။

ရန်ကုန်မြို့တွင်းနှုတ်ထွက်မှုကို ချက်ခြင်းခွင့်ပြုပေးခြင်းမှာ မြို့ပေါ်တွင်တာဝန်ထမ်း ဆောင်လိုသူများပြားပြီး၊ နယ်သို့သွားရောက်တာဝန်ထမ်းဆောင်လိုသူနည်းပါးခြင်းအတွက် ဖြစ်သည်ဟု ဆရာဝန်တစ်ဦးကပြောသည်။

ယင်းကဲ့သို့ အနေအထားများကြောင့် ကျန်းမာရေးဦးစီးဌာန အနေဖြင့်အထူးဝင်ငွေ ကောင်းလျှက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဆရာဝန်စုစုပေါင်းဦးရေ ၁၈၀၀၀ ဝန်းကျင်ရှိကြောင်း နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်သည့် ၂၀၀၄ - ၀၅ ခုနှစ်စာရင်းများအရသိရသည်။ယင်းအနက် အစိုးရ ဝန်ထမ်း ဆရာဝန် ၆၅၀၀ နီးပါးနှင့် ဆေးခန်းထိုင်ပုဂ္ဂလိက ဆရာဝန် တစ်သောင်းကျော် ရှိသည်။

0 comments:

Post a Comment