Transparency Myanmar

transparency.myanmar@gmail.com

မြန်မာအာဏာပိုင်များက ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွင်ရှိသော တရုတ်နိုင်ငံသားများ ကို မောင်းထုတ်ခြင်းမှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။ နယ်စပ် ဒေသတွင် အခြေအနေများမှာ တည်ငြိမ်လျက်ရှိကြောင်းလည်း ပြောကြားသွားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှန်ယု (Jiang Yu) က မေးမြန်းချက် နှင့် ပတ်သက်၍ မိမိတို့သိရှိသည့်သတင်းမှန်ကြောင်း၊ လက်ရှိ တရုတ်-မြန်မာနယ်စပ်အခြေအနေ မှာ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုထုတ်ပြန်ချက်မတိုင်မီက မြန်မာအာဏာပိုင်များသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား (၁၀၀)ခန့်ကို ဒေသအတွင်းမှ ထွက်သွားရန် မောင်းထုတ်ခဲ့ ကြောင်း သတင်းဌာနများက ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လအတွင်း အစိုးရတပ်များနှင့် ကိုးကန့် လူမျိုးစုသူပုန်များ တိုက်ခိုက်မှုဖြစ်ပြီးနောက် သတင်းဌာနများက သတင်းပေးပို့လာခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်ကြောင့် ထောင်ပေါင်းများစွာသော စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။
နှစ်နိုင်ငံအကြား အခြေအနေမှာ ပုံမှန်ဖြစ်နေပြီး၊ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ၏ အကျိုးစီးပွားနှင့် ဥပဒေဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် အစိုးရမှ မြန်မာ အစိုးရကိုတောင်းဆိုထားသည်။ တရုတ်နိုင်ငံက မြန်မာအစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းရန်လိုကြောင်း အစဉ်မပြတ်ပြောဆိုခဲ့ဘူးသည်။
တရုတ်တို့၏ စိုးရိမ်ပူပန်မှုရှိနေသည့်ကြားမှ မြန်မာစစ်အစိုးရသည် သြဂုတ်လနှောင်းပိုင်း တွင် ဖုန်ကြားရှင်ဦးစီးသော ကိုးကန့်စစ်တပ်ကို တိုက်ထုတ်ခဲ့သည်။ နှစ်(၂၀)ကြာရှိခဲ့သော အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဖောက်ဖျက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအဖွဲ့ (International Crisis Group) ၏ အစီရင်ခံစာ “တရုတ်၏ မြန်မာနိုင်ငံပြဿနာ” တွင် မြန်မာအစိုးရသည် ကိုးကန့်စစ်တပ်ကို တိုက်ခိုက်မည်ကို ကြိုတင်အကြောင်းကြားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံသို့ အလုံးအရင်းဝင်ရောက်လာခြင်းကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရအနေဖြင့် မိမိတို့၏ပြည်တွင်းပေးကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းပြီး၊ တရုတ်နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။
အင်အားဖြည့်တင်းမှုများနှင့် တပ်ဖွဲ့ဝင်တိုးချဲ့ထားခြင်းကြောင့် မြန်မာစစ်တပ်သည် အခြားသော ငြိမ်းချမ်းရေးယူထားသည့် “၀” စစ်တပ်ကို ဆက်လက်တိုက်ခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက ပြောကြားသည်။ သွေးမြေကျခြင်းနှင့်စစ်ပြေးဒုက္ခသည်များက တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံမှုကိုသာ ပိုမိုဖြစ်စေနိုင်ပါသည်။

0 comments:

Post a Comment