Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

ပြည်ပြေးဘ၀ဖြင့် နေထိုင်လျက်ရှိသော မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများ က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု မူဝါဒများ ဆက်လက်ကျင့်သုံးသွားရန် အမေရိကန်အစိုးရ အားတိုက်တွန်းပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရ အား တောင်းဆိုလိုက်သည်။ စီအန်အန်သတင်းတစ်ရပ်အရ အောက်တိုဘာ ၇ ရက်နေ့က အမေရိကန်ပြည် ထောင်စု၊နယူးယောက်မြို့ ကုလသမဂ္ဂ အဆောက်အအုံရှေ့တွင် မြန်မာ့ဒီမိုက ရေစီအရေးဆန္ဒပြသူများစုရုံးပြီး ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုကြသည်။

မြန်မာပြည်ပြေးအစိုးရအဖွဲ့မှ ကုလသမဂ္ဂဆိုင်ရာ တရားမ၀င်ကိုယ်စားလှယ် (Unofficial representative to the UN) ဦးသောင်းထွန်းက “ဒီအချိန်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ အတွက် အချိန်ကောင်းမဟုတ်ပါဘူး” ဟု စီအန်အန်သတင်းဋ္ဌာနကိုပြောသည်။ အမေရိကန်အနေဖြင့် မြန်မာစစ်အစိုး ရအပေါ် စီးပွားရေးပိတ်ဆိုမှုများပြုလုပ်ပြီး ဖိအားပေးမှုများ ဆက်လက်လုပ်ကိုင်စေလိုကြောင်း ဦးသောင်းထွန်းကဆို သည်။

အိုဘားမားအုပ်ချုပ်ရေးအဖွဲ့သည် အဆိုပါစီးပွားရေးပိတ်ဆို့မှု မူဝါဒကိုဆက်လက် ကျင့်သုံးသွားမည်ဟုထုတ်ဖော်ထား သည်။ သို့သော် ပိတ်ဆို့ရေးမူဝါဒသက်သက်ဖြင့် အလုပ်မဖြစ်နိုင်သည်ကို သိရှိလာသောကြောင့် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်မည်ဟုဆိုသည်။ အမေရိကန်အစိုးရက တစ်ဖက်တွင် စီးပွားရေးပိတ်ဆို့မှု မူဝါဒ ကိုကျင့်သုံးပြီး အခြားတစ်ဖက်တွင် စစ်အစိုးရကို သံတမန်နည်းလမ်းဖြင့် ချဉ်းကပ်စကားပြော ဆွေးနွေးရန်စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားနိုင်ရေး အတွက် ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်-မြန်မာ နိုင်ငံရေး ဆက်နွယ်ချိတ်ဆက်မှုတွင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်း ခံထားရခြင်းသည် အဓိကကျသော အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။

စစ်အစိုးရကို အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် လေ့လာအကဲခတ်သူများက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေကြသည့် အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရရှိအောင် မတရားပစ်ဒဏ်ပေးကာ ဖမ်းဆီး ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။ ၀ါရှင်တန်က စီးပွားရေးပိတ်ဆို့မှုရော သံတမန် နည်းလမ်းပါ မူဝါဒနှစ်ရပ်လက်ကိုင် ကျင့်သုံးခြင်းသည် ထိရောက်မှုအရှိဆုံး သောနည်းလမ်းတစ်ရပ်ဖြစ်နိုင်ကြောင်း ဦးသောင်းထွန်းက ပြောသည်။

စစ်အစိုးရကိုသာ အဓိကပစ်မှတ်ထား ပြီး စီးပွားရေးပိတ်ပင်ကန့်သတ်ချက်များ ပြုလုပ်ခြင်းသည် မြန်မာပြည်သူလူထု ကို ထိခိုက်မှုမရှိနိုင်ပါကြောင်း ဦးသောင်း ထွန်းက ပြင်းထန်သောပိတ်ဆို့မှုများ ပြုလုပ်ရေးနှင့်ပတ်သက်၍ ပြောကြား သည်။

အမေရိကန် စီအိုင်အေကထုတ်ပြန် သောစာရင်းဇယားများအရ မြန်နိုင်ငံလူ ဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးသည့် ဘ၀တွင် နေထိုင်နေကြရသည်။

“မြန်မာပြည်သူတွေဟာ ဆင်းရဲကြတယ်။ စစ်အစိုးရရဲ့စီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့် တစ်စထက်တစ်စဆိုးဝါး နေပါတယ်။ တကယ်တော့ ဒီနှစ်ပေါင်း နှစ်ဆယ် ကာလအတွင်းမှာ စစ်ခေါင်းဆောင်နဲ့အစိုးရပိုင်းပဲ ပိုက်ဆံတွေ အများကြီးရလာတာ။ အခုဆိုရင် သူတို့ဟာ ထိုင်းနိုင်ငံတစ်နိုင်ငံတည်းကို သဘာဝ ဓာတ်ငွေ့ရောင်းရုံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလျံ ရတယ်။ ဒါပေမဲ့ အဲဒီပိုက်ဆံတွေကို ပြည်သူတွေအတွက် အသုံးမပြုပါဘူး” ဟု ဦးသောင်းထွန်းက ပြောသည်။

စီးပွားရေးပိတ်ဆို့မှုများသည် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုရှိ သည်ဟူသော အချက်ကို အချို့ကလက်ခံသဘောတူခြင်းမရှိပေ။

“ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေ ထိခိုက်နစ်နာမှာကို မလိုလားပါဘူး”ဟု ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင်ဂမ်ဘာရီက ပြောကြားသည်။ “တချို့စီးပွားရေး ပိတ်ပင်မှုတွေဟာ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာ စေပါတယ်။”

မြန်မာစစ်အစိုးရ၏၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က စီးပွားရေးပိတ်ဆို့ မှုများကို အကြမ်းဖက်မှုပုံစံ တစ်ခုဟု သတ်မှတ်ခေါ်ဆိုပြီး ပိတ်ဆို့မှုကြောင့် လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီကို မြှင့်တင်နိုင်ခြင်းမရှိကြောင်းပြောသည်။

အမေရိကန်ပြည်ထောင်စု၏ ဆီနိတ်တာတစ်ဦးအဖြစ် မြန်မာပြည်ကို ပထမဆုံးလာရောက်ခဲ့သော ဂျင်ဝက်ဘ်က အကယ်၍အနာဂတ်နိုင်ငံရေးတွင် နှစ်ဦး နှစ်ဖက်အပြန်အလှန် အပြုအမူကောင်းများ ရှိလာပါက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဆန်ရှင်ကဲ့သို့သော မူဝါဒများကို ထပ်မံချမှတ်မည်မဟုတ်ကြောင်း ပြောကြားသည်။ သို့သော် ပိတ်ဆို့မှုများဖယ်ရှားရေးအတွက် တုံ့ဆိုင်း နေသည်ဟုဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရခေါင်းဆောင်တွေနဲ့ တစ်ပတ်အတွင်း နှစ်ကြိမ်တိတိ တွေ့ဆုံခွင့်ရခဲ့တာ ကိုတွေ့ရပါတယ်။”

သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။ သူမအမှုအတွက် အယူခံကိုလည်း စစ်အစိုးရက ပယ်ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်း နှစ်၂၀ အတွင်း ၁၄ ခန့်မျှ ဖမ်းဆီးထိန်း သိမ်းခံလာရသူဖြစ်သည်။

အမေရိကန်အစိုးရနှင့် စစ်အစိုးရ စကားပြောမည့်ကိစ္စသည် ဒေါ်အောင် ဆန်းစုကြည် ထိန်းသိမ်းခံထားရမှုအပေါ် မည်သို့ သက်ရောက်မှုရှိလာမည်ဟူ သည်ကို ပြောရန်စောနေသေးကြောင်း ဦးသောင်းထွန်းက ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာ့နိုင်ငံရေးရဲ့ ပကတိ အနေအထားကို ကြည့်မယ်ဆိုရင် တိုးတက်မှု တစ်ခုမှမရှိတာကို တွေ့ရပါတယ်။”

“လွန်ခဲ့တဲ့ ခုနစ်လတာကာလကို ကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားဦးရေ တိုးပွားလာမှုတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေ အပေါ် စစ်တပ်ရဲ့တိုက်ခိုက်မှုတွေ အများကြီး ထွက်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒါကြောင့် စစ်အစိုးရကို ဖိအားပေးမှုတွေ ပိုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အစိုးရက စံ သတ်မှတ်ချက်တွေ၊ တောင်းဆိုချက်တွေ မဖြည့်ဆည်းပေးသေးသရွေ့ ဖိအားပေး မှုတွေလုပ်ဖို့လိုအပ်ပါတယ်။ အဲဒီအချက်ကိုကျွန်တော်တို့ အနေနဲ့ တော်တော်ဂရုစိုက် သတိထားကြရပါမယ်” ဟု ဦး သောင်းထွန်းကပြောပါသည်။

စီအန်အန်သတင်းဋ္ဌာန၏ Exiled Myanmar activist backs sanctionsသတင်းဆောင်းပါးကိုဘာသာပြန် ခြင်းဖြစ်ပါသည်။

0 comments:

Post a Comment