Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
A Step by Step Approach to Burma By Sen. Jim Webb(Sept 30)


အမေရိကန်ပြည်ထောင်စု အနေနှင့် နိုင်ငံခြားရေးရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှုအနေအထားကို အားကျစွာ လိုက်လံအတုခိုးပြုလုပ်သင့်သည်ဟု ကျွန်တော် တစ်ခါမှ မယူဆခဲ့ဖူးပါ။

မြန်မာနိုင်ငံအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းသည် အမေရိကန်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသည်ဆိုသည့် အကြောင်းရင်းပေါ်တွင် စိုးရိမ်ပူပန်မိခြင်းသာ ဖြစ်ပါသည်။

အာရှတိုက်တွင် နှစ်လေးဆယ်ကျော်မျှ အတွေ့အကြုံ သက်တမ်းရှိခဲ့သော နိုင်ငံတစ်ခုဖြစ်ခဲ့သည့်အားလျော်စွာ ၎င်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ကာကွယ်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ လျော့ကျလာခြင်းကြောင့် အရှေ့တောင်အာရှတွင် မဟာဗျူဟာချိန်ခွင်လျှာ မညီမျှမှုဖြစ်ပေါ်နေသည်ကို အချိန်ကြာမြင့်စွာကပင် ကျွန်တော် သတိပေးခဲ့ပြီးဖြစ်ပါသည်။

လွန်ခဲ့သော ၈ နှစ် ဧပရယ် ၁၃၊ ၂၀၀၁ တွင် ထုတ်ဝေခဲ့သော Wall Street ဂျာနယ်တွင်ပါသော ဆောင်းပါး၌ ယခုသတိပေးချက်များ ဖော်ပြခဲ့ပါသည်။

စီးပွားရေး ပိတ်ဆို့အရေးယူမှုများသည် မြန်မာနိုင်ငံ အရေးကိစ္စတွင် ထိရောက်မှု မရှိကြောင်း နှစ်ပေါင်းအတန်ကြာကပင် ကျွန်တော် သုံးသပ်မိခဲ့ပါသည်။ ဒဿနိကဗေဒဆိုင်ရာ ဆက်စပ်တွေးခေါ်မှု နည်းလမ်းများဖြင့် သုံးသပ်ဝေဖန်သူများက အခိုင်အမာ သုံးသပ်တင်ပြထားသော ယူဆချက်လည်း ဖြစ်ပါသည်။ အဆုံးသတ်၌ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးနှင့် ၂၀၁၀ တွင် ကျင်းပရန် အဆိုပြုထားသော ရွေးကောက်ပွဲမှ အပေါင်းလက္ခဏာဆောင်သော အကျိုးရလဒ်များ ထွက်ပေါ်လာရေးကို ဦးတည်လှုပ်ရှားနေသည့် အိုဘားမားအစိုးရ၏ “တစ်လှမ်းပြီး တစ်လှမ်း မြန်မာနိုင်ငံသို့ ချဉ်းကပ်ရေး” မူဝါဒသစ်ကို တစ်ချိန်တည်းမှာပင် ကျွန်တော်က လူသိရှင်ကြား ထောက်ခံခဲ့ပြီး ဖြစ်ပါသည်။

ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့သော ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန် အစဉ်တစိုက် ငြင်းဆန်ခဲ့ပါသည်။ သူမ၏ အကျိုးငှာ လူသိရှင်ကြားပြောဆိုမှုများကို ဒေါ်အောင်ဆန်းစုကြည်အား ခွင့်ပြုထားခြင်း မရှိသော လက်ရှိအခြေအနေများအရ ထောက်ထား၍ ငြင်းဆန်ရခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော ရက်ပေါင်းများစွာက သူမ၏ ဆက်သွယ်မှုများသည် တွေ့ဆုံဆွေးနွေးမှုနှင့် ဆက်စပ် ပတ်သက်လိမ့်မည်ဟု ကျွန်တော် ယုံကြည်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အရည်အသွေးများနှင့် ပတ်သက်၍လည်း ချီးကျူးခံထိုက်သည်ဟု ယူဆမိပါသည်။

(ဆီနိတ်တာ Jim Webb ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

0 comments:

Post a Comment