Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

အောက်တိုဘာ ၆

နေပြည်တော်က အမေရိကန်စွမ်းအင်ထုတ်လုပ်မှု ကုမ္ပဏီ Conoco Phillips ကို ဘင်္ဂလားပင်လယ်အော်တွင် ကမ်းလွန်ရေနံထုတ်လုပ်ရန် လေ့လာမှုပြုလုပ်ခြင်းအတွက် သတိပေးခဲ့သောကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံအကြား ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပေါ်လာရသည်။

မြန်မာသည် သတိပေးချက် ထုတ်ပြန်ပြီး အဆိုပါ မကျေမလည်ဖြစ်နေသည့် နယ်စပ်ဒေသ တလျှောက်တွင် စစ်တပ်အင်အားကို တိုးချဲ့ချထားလိုက်ကြောင်း ဘင်္ဂလားဒေ့(ရှ်) ကပြောပါသည်။

အမေရိကန် ရေနံကုမ္ပဏီသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြလာကြောင်း၊ အရာရှိတစ်ဦးမှ ပြောကြားသွားသည်။ ကုမ္ပဏီက ပြောကြားရာတွင် ဘင်္ဂလားဒေ့(ရှ်) က ၎င်းတို့ကို ခွင့်ပြုခဲ့သော ကမ်းလွန်ရေနံထုတ်လုပ်ရေးအကွက် (၁၁) သည် မြန်မာ့ပင်လယ်ရေပိုင်နက် အတွင်းတွင် ရှိသည်ဟူသော ဖော်ပြချက်ဖြင့် မြန်မာတို့ထံမှ သတိပေးစာ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

Conoco Phillips ကုမ္ပဏီမှ တာဝန်ရှိသူများက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလိုကြောင်း ၊ယခုအပတ်အတွင်း အစည်းအဝေးပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ New Age သတင်းမှ သက်ဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားချက်အရ ယခုတောင်းဆိုသော နေရာသည် သိသိသာသာ ကျယ်ဝန်းသည့် နယ်မြေမဟုတ်ကြောင်း သိရပါသည်။

အမေရိကန်ကုမ္ပဏီသည် နိုင်ငံပိုင် Petrobangla သို့ ယင်းလုပ်ကွက်(၁၁) ကိုဆက်လက်လုပ်ကိုင်ခြင်းမပြုရန် အတွက် ရန်ကုန်မှသတိပေးချက်ကို အကြောင်း ကြားပြီး ဖြစ်ကြောင်းသိရသည်။

စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံနယ်စပ်ရှိ အရှေ့တောင်အာရှဒေသအတွင်း ထူးခြားမှုများ ဖြစ်နေကြောင်း၊ မြန်မာအစိုးရက အခင်းဖြစ်ပွားရာ ဒေသအတွင်း နယ်ခြားစောင့်တပ် ပိုမိုချထားကြောင်း သိရှိရပါသည်။

www.thehindubusinessline.com

0 comments:

Post a Comment