Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြန်မာနယ်စပ်အနီးရှိ Lincang မှ ဒေသအာဏာပိုင်များက ပြီးခဲ့သော ဩဂုတ်လကုန်ပိုင်းတွင် မြန်မာ့တပ်မတော်မှ ပြုလုပ်ခဲ့သော ကိုးကန့်ဒေသ ထိုးစစ်အတွင်း နစ်နာဆုံးရှုံးပျက်စီးမှုများအတွက် လျော်ကြေး ယွမ် သန်းပေါင်း ၂၈၀ (အမေရိကန်ဒေါ်လာ ၄ သန်း) ပေးရန် မြန်မာအစိုးရထံ တောင်းဆိုလိုက်သည်။

ကိုးကန့်ဒေသ လောက်ကိုင်ရှိ တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့် မြန်မာအစိုးရက လျော်ကြေးပေးစေလိုခြင်း ဖြစ်သည်ဟု တရုတ် မြန်မာနယ်စပ် သတင်းများအရ သိရှိရသည်။

မြန်မာအာဏာပိုင်များက တရုတ် အာဏာပိုင်များကို ပျက်စီးဆုံးရှုံးမှုစာရင်းများ အသေးစိတ် ဖော်ပြပေးပို့ရန် ပြန်လည်တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံတွင်း တရားဝင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များအတွက်သာ လျော်ကြေးပေးနိုင်မည်ဖြစ်ကြောင်း ထပ်ဆင့် ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အငြင်းပွားဒေသအနီးတွင် နေထိုင်သော တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံရန်နှင့် အလားတူ အငြင်းပွားမှုကို ရှောင်ကြဉ်ရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်က စက်တင်ဘာ ၂၉ ရက်တွင် China News Service သို့ ပြောကြားရာ၌ ကိုးကန့်ဒေသမှာ အပြည့်အဝ ပြန်လည်ငြိမ်းချမ်းနေပြီ ဖြစ်ပါကြောင်း၊အငြင်းပွားမှုအတွင်း ပျက်စီးခဲ့ရသော ဒေသခံများ၏ ဆုံးရှုံးနစ်နာမှုများအပေါ်တွင် နားလည်ခံစားနိုင်ပါကြောင်း အစရှိသဖြင့် ပြောကြားခဲ့ပါသည်။

ကိုးကန့်အဖွဲ့အစည်းသည် ၁၉၈၉ မတ်လက မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပထမဆုံးလက်မှတ်ရေးထိုးခဲ့သော လက်နက်ကိုင်လူမျိုးစု တပ်ဖွဲ့ဖြစ်ပါသည်။

Irrawady news magazine 1st Oct, 2009. Eaglecentre.blogspot.com မှ ရယူသည်။

0 comments:

Post a Comment