Transparency Myanmar

transparency.myanmar@gmail.com

 

By Saw Yan Naing, From The Irrawaddy 20th Oct, 09

ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ် (DKBA) မှ စစ်သား တစ်ရာကျော်ခန့်သည် ပြီးခဲ့သည့် ဇွန်လမှ စ၍ ကရင်အမျိုးသားညီညွတ်ရေးတပ် (KNU) သို့ ထွက်ပြေးလာကြောင်း၊ စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး DKBA မှလည်း စစ်သားများ စုဆောင်းနေကြောင်း ကရင်ဖက်မှ လာသော သတင်းများအရ သိရှိရပါသည်။

နယ်စပ်ရှိ KNU နှင့် DKBA တို့မှ လာသော သတင်းများအရ DKBA မှ စစ်သား ၁၂ ဦးခန့်သည် KNU တပ်မဟာ နှင့် တပ်မဟာ ထိန်းချုပ်ထားသော ဒေသသို့ ပြီးခဲ့သည့်အပတ်က ပြန်လာကြကြောင်း သိရှိရပါသည်။

DKBA ထိန်းချုပ်ထားသော ဒေသမှ ရွာသားအချို့မှာလည်း DKBA စစ်သားစုဆောင်းမှုကြောင့် KNU ထိန်းချုပ်ထားသော ဒေသများသို့ ထွက်ပြေးလာကြောင်း အဆိုပါ သတင်းများအရ သိရှိရပါသည်။

DKBA တပ်ရင်း မှ KNU သို့ ထွက်ပြေးလာသော စစ်သား Has Paw က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA မှ ကရင်များနှင့် အချင်းချင်း စစ်မတိုက်လို၍ ထွက်ပြေးလာကြောင်း ပြောပါသည်။

အင်အား ၆ဝဝဝ ခန့်ရှိသော DKBA သည် အင်အား ၉ဝဝဝ ခန့်သို့ ရောက်ရှိရန် ရည်ရွယ်၍ စစ်သားစုဆောင်းရေး လုပ်နေကြောင်း၊ စစ်အစိုးရလက်အောက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

DKBA ခေါင်းဆောင်များက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို သဘောတူကြသော်လည်း၊ အချို့ DKBA တပ်ရင်းများက သဘောမတူကြကြောင်း Has Paw က ပြောပါသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် DKBA စစ်သားအများစုသည် ၎င်းတို့၏ ခေါင်းဆောင်များ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆုံးဖြတ်ချက်ကို သဘောမကျကြကြောင်း ထည့်သွင်းပြောကြားသွားပါသည်။

DKBA သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်ခံသော အင်အားအကြီးဆုံး ငြိမ်းချမ်းရေးအဖွဲ့ဖြစ်ပါသည်။ DKBA သည် ၁၉၉၅ က အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပါသည်။

DKBA နိုင်ငံရေးဌာနခွဲ ဖြစ်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာအဖွဲ့(DKBO) ကမူ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်မည့်ကိစ္စကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

DKBA အစိုးရနှင့် ငြိမ်းချမ်းရေးယူစဉ်က ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ၎င်းတို့ကို နိုင်ငံရေးနှင့် မပတ်သက်ရန်နှင့် နိုင်ငံရေးမှာ ရှုပ်ထွေးကြောင်း ပြောသည်ဟု DKBA စီးပွားရေးသမားတစ်ဦးက ပြောသွားပါသည်။ ၎င်းအနေနှင့် DKBA သည် နယ်ခြားစောင့်တပ်တာဝန် ထမ်းဆောင်ရင်း လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် စီးပွားရေး လုပ်ငန်းများကိုသာ အာရုံစိုက်လိမ့်မည် ထင်ကြောင်း ပြောပါသည်။ DKBA စစ်သားများအားလုံး KNU သို့ ထွက်ပြေးလိမ့်မည် မဟုတ်ကြောင်း၊ သို့သော် ထွက်ပြေးမည့် အရိပ်အယောင်တော့ ရှိကြောင်း၊ အဆိုပါ DKBA စီးပွားရေးသမားက ပြောပါသည်။

KNU တပ်မဟာ တပ်စွဲထားရာ ဖာပွန်နယ်တွင် DKBA မှ စစ်သားများ စုဆောင်းလျက် ရှိနေပါသည်။ ကရင် ကယ်ဆယ်ရေးအဖွဲ့၏ ပြောကြားချက်အရ တိုက်ပွဲငယ်လေးများ နေ့စဉ် ဖြစ်ပွားလျက် ရှိကြောင်း သိရှိရပါသည်။

ကရင် ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး (KORD) က ခန့်မှန်းရာတွင် ဖာပွန်နယ်မှ ရွာ ရွာရှိ လူ ၂ဝဝဝ ခန့်သည် Thapepan တောစခန်းသို့ ထွက်ပြေးပြောင်းရွှေ့လာကြောင်း သိရှိရပါသည်။

DKBA သည် စစ်သားများ ဆက်လက်စုဆောင်းနေကြကြောင်း၊ ရွာသားများကို စခန်းမှ ထွက်ခွာခွင့်မပေးပါ။ စခန်းမှ ထွက်၍ KNU နှင့် ဆက်သွယ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

စခန်းမှ ရွာသားအများစုသည် ထွက်ပြေးလိုကြကြောင်း KORD မှ ဝန်ထမ်း Maw Law က ပြောပါသည်။

 

 

 



--
Posted By icypress to Sensible Rumour at 10/29/2009 07:37:00 PM

0 comments:

Post a Comment