Transparency Myanmar

transparency.myanmar@gmail.com

(From Alexander's Gas and Oil Research Store)
26 - Aug - 2009

တောင်ကိုရီးယားနှင့်အိန္ဒိယတို့မှကုမ္ပဏီများ စုပေါင်းထားသော စီးပွားရေးအဖွဲ့အစည်း (Consortium) သည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ ၅.၆ ဘီလီယံ (ပေါင်စတာလင် ၃.၄ ဘီလီယံ) ရင်းနှီးမြှပ်နှံထားပါသည်။ အဆိုပါ ဓာတ်ငွေ့ များကို ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ပါသည်။
တောင်ကိုရီးယားနိုင်ငံမှ Daewoo International ဦးဆောင်သော အဆိုပါစီးပွားရေးအဖွဲ့ အစည်းသည် တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC) သို့ မြန်မာနိုင်ငံ ၏ သဘာဝဓာတ်ငွေ့သိုက်ကြီးမှ ထုတ်ယူရရှိသော ဓာတ်ငွေ့များကို နှစ် ၃၀ ရောင်းချရန် သဘော တူခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံ၏စီးပွားရေးအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် အရေးပါမှုကို ပိုမိုတိုးတက်လာစေမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ၏ အနောက်တောင်ဘက်၌ တည်ရှိသော အထီးကျန်ပြီး ဆင်းရဲသောနိုင်ငံတစ်ခုဖြစ်ပါသည်။
အထက်ပါစီးပွားရေးအဖွဲ့အစည်း (Consortium) တွင် ဒေ၀ူးသည် ၅၁% ပိုင်ဆိုင်ပြီး၊ အခြားပါဝင်သောအဖွဲ့များမှ အိန္ဒိယနိုင်ငံပိုင်ရေနံကုမ္ပဏီ ONGC ၊ အိန္ဒိယနိုင်ငံပိုင် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ GAIL ၊ Korea Gas နှင့် မြန်မာအစိုးရပိုင် MOGE တို့ပါဝင်ကြပါသည်။
အဆိုပါ သဘာဝဓာတ်ငွေ့မှာ မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်ရှိ အလွန်တရာကြီးမားသော ရွှေသဘာဝဓာတ်ငွေ့နယ်မြေမှ ထွက်ရှိပါ သည်။ ၂၀၀၃ ခုနှစ်တွင် တွေ့ရှိသော ရွှေသဘာဝဓာတ်ငွေ့နယ်မြေနှင့် ရွှေဖြူသဘာဝဓာတ်ငွေ့ နယ်မြေများသည် အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်မည်ဟု ခန့်မှန်းရပါသည်။ ဒေ၀ူး၏ ကိန်း ဂဏန်းများအရ သဘာဝဓာတ်ငွေ့ 3 tn မှ 6 tcf အတွင်းရှိမည်ဟု ဆိုပါသည်။
အဆိုပါ သဘာဝအရင်းအမြစ်သည် မြန်မာစစ်အစိုးရအတွက် အလွန်တရာတန်ဖိုးကြီးမား ပြီး၊ သဘာဝဓာတ်ငွေ့ရောင်းရငွေသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရ ပါသည်။
တရုတ်နိုင်ငံအနေဖြင့်မူ စွမ်းအင်အရင်းအမြစ်များပိုင်ဆိုင်သော ၎င်း၏အိမ်နီးချင်းအပေါ် မျက်စိကျလျက် ရှိနေပေသည်။ တရုတ်နိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက်ကလည်း တိုးတက်လာနေပြီး၊ ၎င်း၏မြောက်များလှစွာသော စွမ်းအင်ပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေ သည့် အချိန်ဖြစ်သည်။ ပြည်တွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ထွက်ရှိမှုကလည်း လျော့နည်းလာနေပြီ ဖြစ်သည်။ ကျောက်မီးသွေးဖြင့်လည်ပတ်သော လျှပ်စစ်ဓာတ်အားပေးစနစ်ကြောင့် ကာဗွန်ထုတ် လွှင့်မှုနှင့် လေထုညစ်ညမ်းမှု လျော့ချရေးကလည်း လိုအပ်လျက်ရှိနေသည်။
ဓာတ်ငွေ့ထုတ်လုပ်သည့် ပိုင်ရှင်စီးပွားရေးအဖွဲ့သည် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက် ရှိနေပါသည်။ အဆိုပါ စီးပွားရေးအဖွဲ့တွင် ပါဝင်သော MOGE သည် အစိုးရပိုင်ဖြစ်ပြီး ရှယ်ယာ 15% သာ ပိုင်ဆိုင်ပါသည်။ အဆိုပါစီမံကိန်းကို လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်လျက်ရှိသည်။ ထို့အပြင် သဘာဝဓာတ်ငွေ့စီမံကိန်းသည် စစ်အစိုးရကို အထောက်အပံ့ ဖြစ်စေရုံမျှမက၊ ရခိုင်ပြည်နယ်တွင် နေထိုင်သူ တိုင်းရင်းသားများကို လူ့အခွင့်အရေးများ ကန့်သတ်ဖိနှိပ်မှုများ ပြုလုပ်မည်ကို စိုးရိမ်သူ အခြားအဖွဲ့များကလည်း ကန့်ကွက်ဆန့်ကျင်လျက်ရှိပါသည်။
မြန်မာ့နိုင်ငံ၏ သဘာဝဓာတ်ငွေ့ အရင်းအမြစ်အကြောင်းအရာသည် စစ်အစိုးရအား ဆန့်ကျင်သည့် အတိုက်အခံများကြားတွင် ငြင်းခုန်စရာ အကြောင်းတစ်ခုဖြစ်ခဲ့ပါသည်။ နိုင်ငံရေး လှုပ်ရှားသူများသည် ယခင်က Andaman ပင်လယ်ပြင်ရှိ ပြင်သစ် Total နှင့် ဗြိတိသျှ Premier Oil တို့တူးဖော်သော ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ကို ပူးပေါင်းကန့်ကွက်ခဲ့ကြပါသည်။
ရတနာနှင့်ရဲတံခွန်တို့မှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ရောင်းချခဲ့ပြီး ထိုင်းနိုင်ငံ သို့ ပိုက်လိုင်းသွယ်တန်းရာတွင် သဘာဝသစ်တောကြီးများနှင့် တိုင်းရင်းသားများနှင့် အငြင်းပွား နေသောနယ်မြေများကို ဖြတ်သန်းသွားရာ မကျေလည်မှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။ ကန့်ကွက်သူများ၏ အသံများငြိမ်သက်သွားစေရန်အတွက် Premier Oil သည် ၎င်း၏ရှယ်ယာများကို မလေးရှား နိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်သော Petronas သို့ ရောင်းချခဲ့လေသည်။
ပြီးခဲ့သော ဇူလိုင်လက CNPC က ဘင်္ဂလားပင်လယ်အော်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း မှ တရုတ်ပြည်သို့သွယ်တန်းမည့် ပိုက်လိုင်းစီမံကိန်းတွင် ရှယ်ယာ 49.9% ပါဝင်ရန် ဒေ၀ူးသို့ ကမ်းလှမ်းခဲ့ပါသည်။ အဆိုပါ ပိုက်လိုင်းသည် ယူနန်သို့ 870 ကီလိုမီတာရှည်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် စွမ်းအင်ရရှိမှုအတွက် မနားတမ်း ကြိုးပမ်းလျက်ရှိရာ ၎င်း၏အိမ်နီးချင်း နိုင်ငံများနှင့် ညှိနှိုင်းရရှိရုံမက အာရှအလယ်ပိုင်းမှ စွမ်းအင်အရင်းအမြစ် ကြီးမားစွာပိုင်ဆိုင်သော တာခ့်မင်နစ္စတန်နှင့် ကာဇက်ကစ္စတန်တို့ကိုပါ စည်းရုံးညှိနှိုင်းနိုင်ခဲ့ပါသည်။ ထို့အပြင် သြစတေးလျမှ Liquefied Natural Gas (LNG) တင်ပို့မှုကိုလည်း ၀ယ်ယူရန် ညှိနှိုင်းနိုင်ခဲ့ပါသည်။ အစောပိုင်းကပင် တရုတ်နိုင်ငံ၏ Petro China သည် သြစတေးလျအနောက်မြောက်ဘက်မှ LNG တင်ပို့မှု စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ 41 ဘီလီယံကိုဝယ်ယူရန် Exxon Mobil နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။

--
Posted By icypress to Sensible Rumour at 10/21/2009 10:55:00 PM

0 comments:

Post a Comment