Transparency Myanmar

transparency.myanmar@gmail.com

 

(21 - 10 - 2009)

          ထိုင်းနှင့်ဂျပန်နိုင်ငံတို့သည် ကိုယ်ကျိုးစီးပွားအတွက် ဓာတ်ငွေ့ထုတ်လုပ်ခြင်းကန်ထရိုက် သဘောတူညီချက်ကို အိန္ဒိယနိုင်ငံ Larsen နှင့် Toubo တို့၏လက်ထဲမှ အတင်းလုယူသွားခဲ့ကြ သည်။

          မလေးရှားနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Petronas (ပက်ထရိုနတ်စ်) သည် မြန်မာရဲတံခွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ဒေါ်လာ(၁၉၀)မီလီယံတန်ဖိုးရှိသည့် တွင်းတူးစင်တည် ဆောက်ရန် ကန်ထရိုက်ကို ထိုင်းနိုင်ငံနှင့်ဂျပန်နိုင်ငံတို့၏အကျိုးအတွက်၊ အိန္ဒိယစွမ်းအင်ကုမ္ပဏီ ကြီး၊ Larsen နှင့် Toubro ကိုလုပ်ပိုင်ခွင့်မပေးတော့ဘဲ၊ ဂျပန်သို့ပေးခဲ့ပါသည်။

          ကွာလာလမ်ပူတွင်ရှိသော စက်မှုလုပ်ငန်းသတင်းအသိုင်းအ၀ိုင်းက Asia Sentinel သို့ ပြောကြားချက်အရ မြန်မာရဲတံခွန်ပင်လယ်သဘာဝဓာတ်ငွေ့ထုတ်လုပ်ခွင့်ကိုရရှိသော Petronas (ပက်ထရိုနတ်စ်)၏ကုမ္ပဏီခွဲ ပတ်ထရိုနတ်စ် ချာရီဂါလီ (Petronas Carigali) သည် Thai Nippon Steel ကုမ္ပဏီကို အဆင့်မမှီသောကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် ပယ်ထားပြီးဖြစ်ကြောင်း၊ ဂျပန် Nippon Steel ၏ကုမ္ပဏီခွဲ Thai Nippon Steel ကန်ထရိုက်စာချုပ်တွင် ဆုံးရှုံးမှုများဖြစ်ခဲ့ လျှင် တာဝန်ယူမှုနှင့် ပတ်သက်၍ကန့်သတ်ချက်များရှိနေ၍ဖြစ်ကြောင်း၊ သို့သော် ထိုင်းဘက်မှ ဖိအားပေးမှုကြောင့် ပေးလိုက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ပစ္စည်းကိုနောက်ဆုံးစားသုံးသူက ကန်ထရိုက်လက်ခွဲများပေးခြင်းနှင့်ပတ်သက်၍ မည်သို့ မည်ပုံနှင့်မည်သူ့ကိုပေးရန်ကိစ္စနှင့်ပတ်သက်၍ ထိန်းချုပ်လာခြင်းသည် ပြဿနာဖြစ်ကြောင်း၊ ဈေးပြိုင်စနစ်ဖြင့်ဈေးနှုန်းတင်သွင်းခြင်းကို မျက်ကွယ်ပြုခြင်းကြောင့်၊ ပက်ထရိုနတ်ခ်နှင့် မလေးရှား ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် ထိုင်းတို့စိတ်တိုင်းကျစေရန်အတွက် ငွေစိုက်ထုတ်ရမည့် အနေအထားတွင်ရှိနေပါသည်။

          တာဝန်ယူမှုအပိုဒ်အပြင် အခြားသောကိစ္စရပ်များရှိသေးသည်။ Thai Nippon Steel သည် ရဲတံခွန်ဈေးနှုန်းတင်သွင်းမှုမပြုမှီက သဘာဝဓာတ်ငွေ့ဖိအားပြုလုပ်သည့် စင်ဆောက်ခဲ့ဖူးခြင်း မရှိဘဲ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းအတွက် အခြားသောပစ္စည်းများကိုသာ ထုတ်လုပ် ခဲ့ဖူးပါသည်။ သဘာဝဓာတ်ငွေ့များကို ဖိအားပေးကာ သိုလှောင်ကန်များတွင် သိမ်းဆည်းရသော ကြောင့် လိုအပ်သောပမာဏအတွက် ဖိအားများများသုံးရပါသည်။ Thai Nippon Steel ဈေးနှုန်းတင်သွင်းချက် ဒေါ်လာ သန်း(၁၂၀)မှာ ပက်ထရိုနက်စ်ဌာနတွင်း အကြံပေးများက တွက်ချက်ထားသည့် ခန့်မှန်းခြေထက် (၃၀)ရာခိုင်နှုန်းနည်းနေကြောင်း၊ သံမဏိနှင့် အခြားသော ပစ္စည်းများကုန်ကျစရိတ်ကိုပင် စားရိတ်ကာနိုင်မည့်အခြေအနေမရှိကြောင်းသိရသည်။

          အခြားသော ကန်ထရိုက်များက ဈေးနှုန်းတင်လွှာများတွင် ဒေါ်လာ သန်း(၁၆၀) မှ (၁၉၀) အထိ ဖေါ်ပြတင်သွင်းထားပါသည်။ Larsen နှင့် Toubro အပြင်၊ တောင်ကိုရီးယား၏ Hyundai Heavy Industries စင်္ကာပူ Semba Wang Marine Industries ၏ကုမ္ပဏီခွဲ SOME နှင့် မလေးရှားမှ Sime Darby Bhd နှင့် Kencana Bhd တို့ကလည်း ဈေးနှုန်းတင်သွင်းခဲ့ကြသည်။

          ပက်ထရိုနတ်စ်သည် ပုံမှန်အားဖြင့် အဓိကကျသောဆောက်လုပ်ရေးလုပ်ငန်းများကို ၎င်း၏ ပြည်တွင်းအဖွဲ့များကိုသာ ပေးလေ့ရှိသော်လည်း ယခုကိစ္စတွင် မလေးရှားနိုင်ငံပြင်ပတွင် ဖြစ်နေခြင်းနှင့် မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ပစ္စည်းကိရိယာများ မရှိသောကြောင့် ပြည်ပ ကုမ္ပဏီကိုပေးရခြင်းဖြစ်သည်။

          ပက်ထရိုနတ်စ်သည် Thai Nippon Steel ကုမ္ပဏီကို စာချုပ်တွင် တာဝန်ယူမှုနှင့် ပတ်သက်၍ ကန့်သတ်မှုများပြုလုပ်ထားသည့်စာပိုဒ်ထည့်ခဲ့သောကြောင့် ပယ်ထားပြီးဖြစ်ပြီး၊ ဒေါ်လာ (.)ဘီလီယံ အရင်းအနှီးရှိသည့် Larsen နှင့် Toubo နည်းပညာ၊ အင်ဂျင်နီယာ ကျွမ်းကျင်မှုနှင့် ဆောက်လုပ်ရေးတို့တွင် ရှေ့ဆုံးကဦးဆောင်နေသည့်ကုမ္ပဏီကို ရွေးထားခဲ့ပြီး ဖြစ်ပါသည်။ သို့သော် Thai Nippon Steel က ၎င်းကိုပယ်ခြင်းခံရသည်ကို သိသောအခါ ကန့်သတ်ချက်အားလုံးကို ချက်ချင်းလျော့ချလိုက်ပါသည်။ ဈေးနှုန်းတင်သွင်းမှုလုပ်ထုံးလုပ်နည်း အရ အဆိုပါကဲ့သို့ပြုလုပ်ခြင်းကို ခွင့်ပြုခြင်းမရှိပါ။ နောက်ဆုံးသတ်မှတ်ရက်ကုန်ဆုံးပြီးသွားသည့် အခါမှ ပြောင်းလဲခြင်းမျိုးကို ခွင့်ပြုခြင်းမရှိပါ။

          ထို့နောက် ပတ်ထရိုနတ်စ်သည် Larsen & Toubro ကို မလေးရှားဘဏ္ဍာရေး ၀န်ကြီးဌာန သို့ ထောက်ခံပေးခဲ့သည်။ အဆိုပါကိစ္စကိုလုပ်ဆောင်ရန်အတွက် Thai Nippon သည် ထိုင်းနိုင်ငံ PTT Public Co နှင့် ဂျပန်မှ Nippon Oil တို့ကိုခေါ်ယူခဲ့ပါသည်။ PTT သည် ထွက်လာမည့် သဘာဝဓာတ်ငွေ့ကို သုံးမည့်သူဖြစ်ပြီး၊ ပေးပို့မည့် သဘာဝဓာတ်ငွေ့၏ ၁၉.၃၂ ရာခိုင်နှုန်းကို ရပိုင်ခွင့်ရှိထားပြီး၊ Nippon Oil က ၁၉.၃၂ ရာခိုင်နှုန်းကို ရပိုင်ခွင့်ရှိထားပါသည်။

          Thai Nippon Steel ဈေးနှုန်းတင်သွင်းချက်သည် သုံးစွဲမည့်ပစ္စည်းတန်ဖိုးထက်နည်း နေသည်ကိုသိသော်လည်း ဖိအားပေးမှုကြောင့် ပက်ထရိုနတ်စ်က လျော့ပေးခဲ့ခြင်းဖြစ်ပါသည်။ ပက်ထရိုနတ်စ်အနေဖြင့် ထိုင်းနိုင်ငံပိုင် PPT ကုမ္ပဏီက ဖိအားပေးခြင်းကိစ္စကို မြန်မာဝန်ကြီးဌာန သို့အသိပေးခဲ့ခြင်းမရှိပါ။

          မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ဌာန (MOGE)သည် အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း သိရှိခဲ့ခြင်းမရှိဘဲ သတင်းအမှောင်ချခံခဲ့ရပါသည်ဟု အဆိုပါသတင်းဌာနက ပြောကြားခဲ့သည်။ နိုင်ငံပြည်ပပို့ကုန်၏ (၄၀)ရာခိုင်နှုန်းရှိသော သဘာဝဓာတ်ငွေ့တင်ပို့မှုအပေါ် မြန်မာစစ်အစိုးရ သည် များစွာမှီခိုနေပါသည်။ ရရှိသောငွေအနည်းငယ်သာ အစိုးရသို့ပေးခဲ့ပြီး၊ အများစုမှာ ဗိုလ်ချုပ် များ၏အိတ်ထဲသို့ ရောက်ရှိသွားပါသည်။

          အဆိုပါ ရေအနက်(၁၀၀)မီတာတွင်ရှိသော စီမံကိန်းတွင် (၆၁၅၀) မက်ထရစ်တန်ရှိသော ပလက်ဖောင်း()ခုရှိပြီး၊ ၎င်းကို Thai Nippon Steel က ထိုင်းနိုင်ငံတွင် တည်ဆောက်မည်ဖြစ် သည်။ ၄၆၅၀ တန်ရှိသော သံမဏိပြင်ပမျက်နှာပြင်အဆောက်အဦးများကို Nippon Steel အဖွဲ့ခွဲ Nippon Steel Batam Island က တည်ဆောက်မည်ဖြစ်သည်။

          ရဲတံခွန်လုပ်ကွက်ဘီတွင် အရှည်(၁၀၀)မီတာနှင့် အလေးချိန်(၇၆၀)တန်ရှိသော ဖိအားပေး ပလက်ဖေါင်းကို ဆက်သွယ်ထားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာရေနံနှင့် သဘာဝဓာတ်ငွေ့ စာအုပ်တိုက်၏ Upstream စာအုပ်ကပြောကြားပါသည်။

          မြန်မာနိုင်ငံတောင်ပိုင်းကပ္ပလီပင်လယ်အတွင်း မုတ္တမပင်လယ်ကွေ့တွင်ရှိသော ရဲတံခွန် သဘာဝဓာတ်ငွေ့လုပ်ကွက်သည် တနေ့လျှင် သဘာဝဓာတ်ငွေ့ပျမ်းမျှ ၄၀၀ မီလီယံကုဗပေထွက် ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဖိအားပေးပြီးထားသော ဓာတ်ငွေ့ ၁၀၂၂၀ စည်ထွက်ရှိမည်လည်း ဖြစ်သည်။ (၂၀၀၈) ခုနှစ်အတွက် ပျမ်းမျှဓာတ်ငွေ့ထုတ်လုပ်မှုသည် ၃၉၁ mmcfd နှင့် ရေနံ ၁၀၈၁၇ bpd ရှိသည်ဟု သတင်းစာကဖေါ်ပြထားပါသည်။



--
Posted By icypress to Sensible Rumour at 10/28/2009 09:53:00 AM

0 comments:

Post a Comment