Transparency Myanmar

transparency.myanmar@gmail.com

AFP 14 Oct 2009
ဗြိတိန်နိုင်ငံသည် ၎င်း၏တပ်ဖွဲ့ဝင် ၅၀၀ ကို အာဖဂန် နစ္စတန်သို့
ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ် Gordon Brown ၏
ကြေငြာချက်မတိုင် Media Reports က ထုတ်ပြန် လိုက်သည်။
နွေရာသီ ၃ လ ရုံးပိတ်ရက်ပြီးဆုံး၍ လွှတ်တော်အမတ်များ တနင်္လာနေ့က
ရုံးပြန်တက်ပြီး နောက် ပထမဆုံးအကြိမ်အဖြစ်
တပ်ဖွဲ့များထပ်မံစေလွှတ်မှုအစီရင်ခံစာကို အောက်လွှတ်တော် တွင် ကြေငြာရန်
'Brown' ကစီစဉ်ထားခြင်းဖြစ်သည်။
နေ့တိုးအဖွဲ့ဝင်နိုင်ငံအသီးသီးကလည်း ၎င်းတို့၏တပ်များကို
အင်အားဖြည့်တင်းမည့် အာမခံချက်အပါအ၀င် အခြားအခြေအနေကိစ္စရပ်များနှင့်
ယခုတပ်ဖွဲ့စေလွှတ်မှုတို့ ဆက်စပ် ပတ်သက်နေသည်ဟုဆိုသည်။
လက်ရှိအာဖဂန်နစ္စတန်တွင် ဗြိတိသျှတပ်ဖွဲ့ဝင် ၉၀၀၀ ခန့်ရှိပြီး၊
အမေရိကန် ပြည်ထောင်စုပြီးလျှင် ဒုတိယအင်အားအကြီးဆုံးတပ်ဖွဲ့ဖြစ်သည်။ ၂၀၀၁
ခုနှစ် အာဖဂန်စစ်ပွဲစတင် ချိန်မှစ၍ ယခုအချိန်အထိ ဗြိတိသျှတပ်ဖွဲ့၏ ၂၂၁
ဦး ကျဆုံးခဲ့ပြီး ဖြစ်သည်။
ယခု ဗြိတိသျှတပ်ဖွဲ့များ စေလွှတ်မည့်သတင်းကို အမေရိကန်ပြည်ထောင်စုက
ဝမ်းမြောက် စွာကြိုဆိုပါလိမ့်မည်။ အကြမ်းဖက်မှုများတိုးပွားလာခြင်းနှင့်
လူထုထောက်ခံမှုကျဆင်းနေခြင်းတို့ ကြားမှပင် ၀ါရှင်တန်၏ရင်းနှီးသော
မဟာမိတ်များအား တပ်ဖွဲ့များပိုမိုစေလွှတ်ပေးရန် သမ္မတ အိုဘားမား
အထူးကြိုးစားစည်းရုံးနေရသောကြောင့်ဖြစ်ပါသည်။
အာဖဂန်နစ္စတန်ရှိ အမေရိကန်နှင့်နေတိုးတပ်ဖွဲ့များ၏
တပ်မှူးဗိုလ်ချုပ်ကြီး Stanley Mc Chrystal ၏ အာဖဂန်စစ်ပွဲအပေါ်
အနှုတ်လက္ခဏာပြသော သုံးသပ်မှုနှင့်ပတ်သက်၍ အိုဘားမားနှင့် ၎င်း၏စစ်ကောင်စီတို့
အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ယခုရလဒ်ထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့၏စွမ်းဆောင်မှုကို အားဖြည့်ရန်
တပ်ဖွဲ့ဝင် ၆၀၀၀၀ အထိ ဖြည့်တင်းပေးရန် Mc Chrystal ၏ တောင်းဆိုချက်အား
လာမည့်ရက်သတ္တပတ်များအတွင်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု အိုဘားမားက
အင်္ဂါနေ့က မှတ်ချက်ပြုခဲ့သည်။
တပ်ဖွဲ့များစေလွှတ်မည့်ဆုံးဖြတ်ချက်ကို မကြေငြာမှီက Brown သည်
ညီလာခံ၏ သဘောထားကို လိုက်နာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြပုံရပြီး၊
ဂျူလိုင်လ လွှတ်တော်တွင် နောက်ဆုံး မိန့်ခွန်းပြောခဲ့စဉ်ကပင်
ကျဆုံးခဲ့ကြသော ဗြိတိသျှတပ်သား ၃၇ ဦး၏ အမည်များကို
ဖတ်ကြားနေခြင်းကြောင့် ဖြစ်ပါသည်။
မဲလိမ်လည်မှုများကြောင့် အစွပ်စွဲခံနေရသည့်
သမ္မတရွေးကောက်ပွဲကျင်းပခဲ့သော သြဂုတ်လအတောအတွင်း နေတိုးတပ်ဖွဲ့ဝင်များစွာ
ကျဆုံးခဲ့ပြီး၊ ကနဦး မဲရေတွက်မှုများအရ ဟာမစ်ကာဇိုင်းက မဲအသာရလျက်ရှိသည်။
အာဖဂန်နစ္စတန်ရှိ ဗြိတိသျှတပ်ဖွဲ့များ၏ ရည်ရွယ်ချက်၊ အနေအထား၊
စွမ်းဆောင်မှုများနှင့် ပတ်သက်၍ 'Brown' အပေါ်တွင်
နိုင်ငံရေးဖိအားပေးမှုများ ကြီးထွားလာလျက်ရှိပါသည်။
ယခင်စစ်တပ်အကြီးအကဲဟောင်း Richard Dannatt အား
အတိုက်အခံကွန်ဆာဗေးတစ် ပါတီ၏
ကာကွယ်ရေးအကြံပေးအဖြစ်အမည်တင်သွင်းခဲ့ခြင်းသည် အကြီးအကျယ်အငြင်းပွားဖွယ်
ဖြစ်နေပြီး၊ အကယ်၍ လာမည့်ဇွန်လတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်
၎င်းတို့အနိုင် ရရှိပါက ကာကွယ်ရေးဝန်ကြီးဖြစ်လာနိုင်ပါသည်။
ဗြိတိသျှတာဝန်ရှိ ပုဂ္ဂိုလ်များ ယခုလောလောဆယ် ခေါင်းခဲနေရသောကိစ္စမှာ
၎င်းတို့၏ တပ်ဖွဲ့များအားသင့်တော်သော လက်နက်ကရိယာများတပ်ဆင်ပေးရန်
လိုအပ်နေခြင်းနှင့် အာဖဂန် စစ်တပ်နှင့် ရဲတပ်ဖွဲ့အား
ခိုင်မာတောင့်တင်းအောင်ဖွဲ့စည်းပေးရေး (Afghanisation) ပင် ဖြစ်ပါသည်။
Brown ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က
"တကယ်လို့တပ်ဖွဲ့ဝင်အင်အားအရေအတွက်သာ များလာမယ်ဆိုရင် သူတို့ (တာလီဘန်)
ဘက်ကတခုခုပြောင်းလဲလာပါလိမ့်မယ်။ ဥပမာ-စေ့စပ် ဆွေးနွေးတာမျိုးပေါ့ဗျာ"
ဟုပြောကြားခဲ့သည်။
လူထုဆန္ဒခံယူထားသည့် လူကြိုက်များသော အာဘော်တခုကို ဗုဒ္ဓဟူးနေ့ထုတ်
Times သတင်းစာက ဖေါ်ပြရာတွင် 'ထိခိုက်ကျဆုံးမှုနှုန်းမြင့်တင်လာသောကြောင့်
အာဖဂန်နစ္စတန်မှ ဗြိတိသျှတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန်
လူထု၏တောင်းဆိုချက်များ သိသာစွာ တိုးပွားလာသည်' ဟုဆိုပါသည်။
လူထုစစ်တမ်း၏ ၃၆ ရာခိုင်နှုန်းကမူ ဗြိတိသျှတပ်ဖွဲ့များအားလုံးကို
ရုပ်သိမ်းသင့်သည်ဟု ယုံကြည်ကြပြီး၊ ယင်းကဲ့သို့ ယုံကြည်သူအရေအတွက်မှာ
စက်တင်ဘာလလယ်က ၂၉ ရာခိုင်နှုန်း သာရှိခဲ့ရာ ထပ်မံရုပ်သိမ်းစေလိုသော
ဆန္ဒရှိသူများ ပိုမိုတိုးပွားလာလျက်ရှိပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment