Transparency Myanmar

transparency.myanmar@gmail.com

Fr, New York Times By CHOE SANG - HUN Oct 13 2009
SEOUL - SOUTH Korea

မြောက်ကိုရီးယားသည် ၃ လအတွင်း ပထမဆုံး ဒုံးကျည်စမ်းသပ်မှုအဖြစ်
တာတိုပစ် ဒုံးကျည် ၅ စင်းဆက်တိုက်စမ်းသပ် ပစ်လွှတ်ခြင်းကို တနင်္လာနေ့က
၎င်း၏အရှေ့ဖက်ကမ်းခြေ တွင် ပြုလုပ်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုအား
နှစ်ဖက်ဆွေးနွေးပွဲများစတင်ပြုလုပ်လာစေရန် တမင်စိတ်ဆွပေးနေခြင်းမှာ
သိသာလှသည်ဟု တောင်ကိုရီးယားသတင်းဌာနက ထုတ်ပြန်လိုက် သည်။
မြောက်ကိုရီးယားစစ်တပ်သည် ၇၅ မိုင် အကွာအဝေးသို့ရောက်ရှိနိုင်သော
KN-02 မြေပြင်မှ မြေပြင်ပစ်ဒုံးကျည် ၂ စင်းကို ရွှေ့ပြောင်းနိုင်သော
ပစ်စင်မှ တနင်္လာနေ့နံနက်ပိုင်းက ပစ်လွှတ်ခဲ့ပြီး၊ နေ့လည်ပိုင်းတွင်
ဒုံးကျည် ၃ စင်း ထပ်မံပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက
အတည်မပြုရသေးသော အစိုးရသတင်းများကို ကိုးကား၍ ထုတ်ပြန်ခဲ့ပြီး
တောင်ကိုရီးယားနေ့စဉ်သတင်းစာ Chosun ကလည်း အလားတူသတင်းကို ဖေါ်ပြခဲ့သည်။
အမည်မဖော်လိုသော တောင်ကိုရီးယား တပ်မတော်အရာရှိတဦးကလည်း
မြောက်ကိုရီးယား၏ တာတိုပစ်ဒုံးကျည်စမ်းသပ်မှုကို အတည်ပြုခဲ့သည်။
မြောက်ကိုရီးယားအစိုးရ ရေရှည်ကျင့်သုံးလာခဲ့သော နည်းဗျူဟာမှာ
"တင်းမာမှုများ ကြီးထွားလာခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုကို
စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းဆီသို့ အသာအယာတွန်းရွှေ့သွားရေး"
ပင်ဖြစ်သည်။
အထက်ပါနည်းဗျူဟာအရ မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားလက်နက်
အစီအစဉ်ကို အပေးအယူဈေးဆစ်ရာတွင် နိုင်ဖဲတချပ်အဖြစ်အသုံးပြု၍
အကူအညီများနှင့် သံတမန်အလျှော့ပေးလိုက်လျောမှုများကို ရယူရန်
ကြိုးစားနေခြင်းဖြစ်ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment