Transparency Myanmar

transparency.myanmar@gmail.com

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေးလောကသို့ ပြန်လည်ရောက်ရှိလာ

AFP 10th Oct, 2009

 

နိုင်ငံရေးဝေဖန်သူများက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသော်လည်း မြန်မာ့နိုင်ငံရေးတွင် ပြန်လည် ပါဝင်လာပြီ ဖြစ်ကြောင်း
ပြောသည်။

သူမသည် မြန်မာစစ်အစိုးရနှင့်ရော၊ အနောက်နိုင်ငံများနှင့်ပါဆွေးနွေးမှုများကို အဆိုပြုလုပ်ဆောင်လာကြောင်း ပြောသည်။သူမ၏ နေအိမ်အကျယ်ချုပ် ကိစ္စအပေါ် အသနားခံစာကို တရားရုံးမှငြင်းခဲ့ပြီးနောက် () ရက်တာ ကာလအတွင်း သူမသည် နိုင်ငံရေး အကျဉ်းသား အနေအထားမှ အဓိက စေ့စပ်ညှိနှိုင်းသူ အဖြစ်သို့ ပြောင်းသွားကြောင်း သိရှိရသည်။

"သူမဟာ နိုင်ငံရေးအားဖြင့် တက်ကြွပြီး ထင်ရှားပါတယ်။ မြန်မာနိုင်ငံမှာ သူမ၏ လုပ်ဆောင်မှုကဏ္ဍက ရှိနေဆဲပါပဲ" ဟုထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ နိုင်ငံရေးလှုပ်ရှားသူ ဝင်းမင်းက ပြောခဲ့သည်။

စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ရက်သတ္တပတ်အတွင်း ဖြစ်ပွားလာသော အဖြစ်အပျက်များသည် ရပ်တန့်တုံ့နှေးနေရာမှ လျင်မြန်စွာ ပြောင်းလဲမှုများ
ဖြစ်ပေါ်လျက် ရှိပါသည်။

လွန်ခဲ့သည့် အနှစ် (၂၀) ကာလအတွင်းက (၁၄) နှစ်တာမျှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရနှင့် သူမအကြား ဆက်သွယ်မှု ပြုလုပ်ရန် ခန့်ထားသော ဦးအောင်ကြည်နှင့် () ကြိမ် တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါသည်။

(၂၀၀၈) ဇန်နဝါရီလမှ ယခုထိကာလအတွင်း ယခုအကြိမ်မှာ ပထမဆုံး ဖြစ်ပါသည်။ စိတ်ဓာတ်ကျနေသည်ဟု ထင်ရသော အသက် (၆၄) နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျ သံတမန်များနှင့် ရန်ကုန်မြို့တွင်သောကြာနေ့က တွေ့ဆုံခွင့်ကို ဗိုလ်ချုပ်ကြီးများက ခွင့်ပြုခဲ့သည်။

ဘီဘီစီနှင့် ပြုလုပ်သော အင်တာဗျူးတွင် ဗြိတိသျှသံအမတ်ကြီး Andrew Heyn က သူမသည် အဆိုပါကိစ္စရပ်အပေါ် အလွန့်အလွန် စိတ်ဝင်စားစွာ လုပ်ဆောင်နေကြောင်း၊သူမဆွေးနွေးလိုသောကိစ္စအပေါ် အသေးစိတ် စိတ်ဝင်တစားရှိကြောင်း၊ စကားပြောရာ တွင်လည်း ကျွမ်းကျင်လိမ္မာစွာဖြင့် ပြောဆိုနိုင်ကြောင်း ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလကုန်ပိုင်းတွင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းစေရန်အတွက် သူမက ပူးပေါင်းလုပ်ဆောင် ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးခဲ့ပါသည်။

အဆိုပါကိစ္စသည် ဗိုလ်ချုပ်များကို များစွာ ထိခိုက်နစ်နာစေသော ကိစ္စတစ်ခု ဖြစ်ပါသည်။ မျှော်မှန်းချက်နှင့် ဆန့်ကျင်လျက်၊ စစ်အစိုးရခေါင်းဆောင်မှ သူမ၏ အဆိုပြုချက်ကို လောလောဆယ် အနေအထားတွင် လက်ခံခဲ့သည်။

သူမအနေဖြင့် စစ်အစိုးရနှင့် အမေရိကန်အစိုးရတို့၏ ဆက်ဆံရေးကို ပြောင်းသူတစ်ယောက်အဖြစ် သူမကိုသူမ သတ်မှတ်ထားပုံ ရပါသည် ဟု ဗြိတိန်
သံအမတ်ဟောင်း Derek Tonkin က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အပြတ်အသတ် နိုင်ခဲ့သော်လည်း အာဏာလွှဲပြောင်းပေးခြင်း မပြုခဲ့သည့် စစ်အစိုးရက (၂၀၁၀) ခုနှစ်တွင် ရွေးကောက်ပွဲကို ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည်။

 လာမည့်နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် (၁၈) လကျခံထားရသောကြောင့် ရွေးကောက်ပွဲ တွင် ပါဝင်နိုင်ခြင်း ရှိမည်မဟုတ်ပါ။

လေ့လာသူများကမဲဆန္ဒများသည် စစ်အစိုးရအာဏာ ပိုမိုခိုင်မြဲအောင် ပြုလုပ်မည့် အယောင်အဆောင်မဲများသာ ဖြစ်မည်ဟု လေ့လာသူများက ပြောကြားပါသည်။

အထီးကျန်နေသော အစိုးရခေါင်းဆောင်သည် သူ ဘဝင်မကျသော သူ၏ အတိုက်အခံကို အသုံးချ၍ ရွေးကောက်ပွဲတွင် သူ၏ကဏ္ဍကို မြှင့်တင်နိုင်ကြောင်း ဝေဖန်သူ အချို့က ပြောကြားသည်။

 နိုင်ငံရေးလှုပ်ရှားသူ ဝင်းမင်းက ဒေါ်အောင်ဆန်းစုကြည်၏ အသနားခံစာကို ပယ်ချခြင်းနှင့် မကြာမီရက်ပိုင်းအတွင်းက နောက်ဆက်တွဲ အစည်းအဝေးများ ပြုလုပ်ခြင်းကို ရည်ညွှန်းလျက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်သာ ကိစ္စအားလုံးကို ဆုံးဖြတ်သူ ဖြစ်ကြောင်း ပြောကြားသည်။

သူက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် လွတ်လပ်မှု အနည်းငယ်ပေးခြင်းဖြင့် သူသည် ပြောင်းလဲလွယ်သူ ဖြစ်ကြောင်း ပြသခြင်း ဖြစ်သည်ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ဝါရှင်တန်က စစ်အစိုးရနှင့်ပြန်လည်ဆက်ဆံရန်  ဆုံးဖြတ်ချက် ချပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုးတက်မှုများတွင် အရေးပါသော ကဏ္ဍမှ ပါဝင်လာနိုင်မည် ဟု မိမိ ယုံကြည်ထားကြောင်း ပြောပါသည်။

သံတမန်များနှင့် သူမ၏ ဆွေးနွေးမှုသည် သူမ၏ နိုင်ငံရေးကဏ္ဍ စတင်ခြင်းတစ်ခုဖြစ်သည်။ ပိတ်ဆို့မှုသည် နိုင်ငံရေးကိစ္စတစ်ခု ဖြစ်ကြောင်း AFP သို့
ပြောကြားသည်။

သံလက်သီးဖြင့် အုပ်ချုပ်သော အစိုးရသည် ယခင် ပြုလုပ်ခဲ့ဖူးသော ပုံစံမျိုး ထပ်မံပြုလုပ်နိုင်ကြောင်း၊ ဆွေးနွေးမှုများကို ခါးခါးသီးသီး ရပ်ပစ်ခြင်း မပြုမီ အချိုသပ်ခြင်း ဖြစ်နိုင်ကြောင်း ယုံကြည်နိုင်လောက်သည့် အနေအထား မရှိကြောင်းလည်း ထုတ်ဖော် ပြောဆိုမှုများရှိနေပါသည်။

တိုးတက်မှု၏ အခြေခံအချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း၊ အဆိုပါတွေ့ဆုံမှု ဖြစ်နိုင်ရန်အလားအလာ ကိုလည်း ဦးဥာဏ်ဝင်းမှ ထုတ်ဖော်ပြောဆိုသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြားသော NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးမှ ဝန်ကြီးဦးအောင်ကြည်နှင့် ထပ်မံတွေ့ဆုံကာ၊ စစ်အစိုးရခေါင်းဆောင်ကို တွေ့သင့် ကြောင်း၊ သံအမတ်ဟောင်း Tonkin က အကြံပြုခဲ့ပါသည်။

ဤတွေ့ဆုံ ဆွေးနွေးမှုက မည်သည်ကို ဦးတည်မည်ကို ကျွန်တော်တို့ မသိကြောင်း၊သို့သော် လက်ရှိ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း၊ ဤကိစ္စမှာ လက်ရှိကာလတွင် အကောင်း ဆုံးသော ကစားကွက်တစ်ခုဖြစ်ပြီး မည်သည့်ဘက်သို့ ဦးတည်နေသည်ကို စောင့်ကြည့် ရမည် ဖြစ်ကြောင်းလည်း ပြောပါသည်။



--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment