Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယ၏ မြန်မာစစ်အစိုးရ ဆန္ဒကို ဖြည့်ဆည်းပေးနေမှုများမှာ
ရှက်ဖွယ်လိလိ


Posted by Libhom
12th Oct, 2009
(by godlessliberalhomo.blogspot.com
မှ ယူသည်) 


        
အိန္ဒိယအစိုးရအနေဖြင့် မိမိတို့နယ်စပ်ခြင်း ထိစပ်နေသော မြန်မာနိုင်ငံရှိ စစ်အာဏာရှင်အစိုးရကို ပွင့်ပွင့်လင်းလင်းထောက်ခံ ဖြည့်ဆည်းပေးနေခြင်းသည် မိမိနိုင်ငံတွင်း ဒီမိုကရေစီကိုထိခိုက်စေပြီး လူ့အခွင့်အရေး ကိစ္စများကိုလည်း ချိုးဖောက်နေသည်။

Times of India Oct 10th, 2009 နေ့တွင်"အိန္ဒိယနိုင်ငံ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Deepak Kapoor သည်တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။

 တရုတ်နိုင်ငံ၏မြန်မာနိုင်ငံတွင်းသို့ မဟာဗျူဟာကျကျ ကျူးကျော်ဝင်ရောက်နေမှုကို ချိန်ခွင်ညှာညှိရေးအတွက် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးသာမက စစ်ရေးဆိုင်ရာ ဆက်ဆံရေးပါ ထူထောင်ထားသည်။

စစ်ဦးစီးချုပ်များ ကော်မတီတွင် ဥက္ကဋ္ဌလည်း ဖြစ်သော ဗိုလ်ချုပ်ကြီး Kapoorသည် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။

ဒေသတွင်းတွင်တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံအပေါ် ဘေးမှဝိုင်းရံကာ ကျူးကျော် လာမည့် ကြိုးပမ်းမှုကို ကာကွယ်သွားရန် ဖြစ်သည်။အကယ်၍ အိန္ဒိယနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှု ဖြစ်ပွားခဲ့မည်ဆိုလျှင် ကွန်ဂရက်ပါတီကိုသာ အပြစ်တင်ရလိမ့်မည် ဖြစ်သည်။

စိုးရိမ်စရာအချက်တစ်ခုမှာ ဖိနှိပ်ခံနေရသော မြန်မာပြည်သူများမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် ဘောလုံးဖြစ်နေရခြင်း ဖြစ်သည်။ အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ချဉ်းကပ်မှုမှာလည်း ရိုးသားမှုမရှိဟု ယူဆရသည်။

အမေရိကန်နှင့် မြန်မာတို့ ဆက်ဆံရေးမှာအမေရိကန်နှင့် အတိုက်အခံတို့အကြား ဆက်ဆံရေးကို ပိုမိုအားကောင်းလာအောင်ပြုလုပ်ရမည့်အစား လူသတ်သမားအစိုးရကို တရားဝင် အသိအမှတ်ပြုပေးနေသလိုဖြစ်နေသည်။

 သို့သော် Obama အနေဖြင့် သွေးဆာနေသော မြန်မာစစ်အစိုးရနှင့်မည်သည့် ပူးပေါင်းဆောင်ရွက်မှု ကိုမှမလုပ်ဆောင်ရသေးခြင်းမှာ တော်သေးသည်ဟု ဆိုရမည်။

(မှတ်ချက်- မီဒီယာတော်တော်များများမှာ စစ်အစိုးရ အမည်ပြောင်းထားသော Myanmar ဟု သုံးနှုန်းကြ သော်လည်း အတိုက်အခံများကမူ Burma ဟု သုံးနေကြဆဲ ဖြစ်သည်)

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment