Transparency Myanmar

transparency.myanmar@gmail.com

တာလီဘန်များအားတိုက်ခိုက် အာဖဂန်များကို အိုဘားမား ငွေကြေးထောက်ပံ့ရန်စီစဉ်

(Manan Vatsyayana)

Christina Lamb in Washington  (Oct 12,2009)

အာဖဂန်နစ္စတန်တွင်ရှိသော အမေရိကန်တပ်များ၏ တပ်မှူးဗိုလ်ချုပ် Stanley Mc Chrystal က အိုဘားမားအားရွေးချယ်ရန်အချက် ()ချက်တင်ပြခဲ့ပါသည်။

အိုဘားမားအစိုးရသည် အာဖဂန်ရွာသားများ လက်နက်စွန့်လွှတ်ရန်အတွက် တာလီဘန်များပေးသည့် ငွေကြေးထက်ပိုသော ပမာဏပေးရန် ဆွဲဆောင်နေကြောင်း ၀ါရှင်တန်မှ Christina Lamb ကသတင်းပေးပို့ခဲ့သည်။

ဤသည်မှာ လူထု၏ ထောက်ခံမှုနှင့် ကွန်ကရက်၏ ထောက်ပံ့မှုကျဆင်းနေသော အာဖဂန်စစ်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ချက်အသစ်တစ်ခု ဖြစ်ပါသည်။

      စစ်ကောင်စီမှ () ကြိမ်မြောက် အစည်းအဝေးပြုလုပ်ခဲ့သော်လည်း သမ္မတဘားရက် အိုဘားမားအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟာဗျူဟာချမှတ်ခြင်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။

အဆိုပါကိစ္စသည် အိုဘားမား၏ သမ္မတသက်တမ်းကို ထိခိုက်စေမည့် အကြောင်း ကိစ္စတစ်ခု ဖြစ်သည်။ သူ၏ဗိုလ်ချုပ်များနှင့် အကြံပေးတို့အကြားတွင် ပြင်းထန်သော ငြင်းခုံမှုများ ဖြစ်နေကြပါသည်။

အာဖဂန်ရှိအမေရိကန်တပ်များ၏တပ်မှူး General Stanley Mc Chrystal က အိုဘားမားအား ရွေးချယ်ရန်နည်းလမ်း ()ခုတင်ပြခဲ့သည်။

လက်ရှိအမေရိကန် အင်အားကို ၂၀၀၀၀ မှ ၆၀၀၀၀ အထိ တိုးမြှင့်ချထားရန်နှင့် တပ်သား ၄၀၀၀၀ ခန့်ကို တိုးမြှင့်ချထားခြင်း မပြုပါက ၎င်းတို့၏ အစီအစဉ် အောင်မြင် မည်မဟုတ်ကြောင်း ပြောပါသည်။

အိမ်ဖြူတော်မှ လက်ရှိအင်အား (၂၁၀၀၀) အပေါ်တွင် တပ်သားထပ်မံ ဖြည့်တင်းပေးပါက စစ်ပွဲအရှိန်ပိုမိုတက်စေပြီး၊ အသေအပျောက်ပိုမိုလာစေနိုင်မည်ကို စိုးရိမ်လျက်ရှိပါသည်။ ယခုအချိန်ထိ သေဆုံးသော အမေရိကန်တပ်သားဦးရေမှာ (၂၄၁) ဦးရှိသွားပြီဖြစ်သည်။

အိုဘားမားဆုံးဖြတ်ချက်ချမှတ်ရန် နှောင့်နှေးနေခြင်းကြောင့် တာလီဘန်တို့သည် ဖြေရှင်းရန် နည်းလမ်းမရှိဟုယူဆပြီး၊ အခွင့်ကောင်းများပိုမိုယူနိုင်ကြောင်း ဗိုလ်ချုပ်များက သတိပေးထားပါသည်။

ကာဘူးလ်မြို့တွင် လူ (၁၇)ဦးသေဆုံးစေခဲ့သည့် ဗုံးပေါက်ကွဲမှုဖြင့် တာလီဘန်တို့က တိုက်ခိုက်မှုကို မြင့်တင်ခဲ့သည်။ အမေရိကန်စစ်စခန်းတစ်ခုကို ၀င်ရောက် စီးင်း၍ စစ်သား ()ဦးကိုလည်း သတ်ခဲ့သည်။

လေကြောင်းမှတိုက်ခိုက်ခြင်းကို အကြံပြုသည့် အငြိမ်းစားဗိုလ်ချုပ်ကြီး Anthony Zinni က တပ်သားများထပ်မံစေလွှတ်သင့်ကြောင်း ပြောကြားပါသည်။ အချိန်ဆွဲခြင်း အားဖြင့် မိမိတို့သည် ကြောက်ရွံ့နေသည်။

သို့မဟုတ် အဆိုပါကိစ္စအပေါ် အမှန်တကယ် ပတ်သက်မှုမရှိဟု ထင်ယောင် ထင်မှားဖြစ်ဖွယ်ရှိကြောင်းလည်း သတိပေးပြောကြားခဲ့ပါသည်။

သမ္မတသည် မကျေမလည်ဖြစ်နေကြောင်း၊ တပ်အင်အားထပ်ချဲ့လိုသူများနှင့် ၎င်းတို့အား ဝေဖန်သူတို့အကြားတွင် အခြေအတင်ပြောဆိုမှုများမှာ ပိုမိုသိသာလာ ကြောင်း သိရှိရသည်။

နောက်ထပ် ဗီယက်နမ်မျိုးဖြစ်နိုင်ကြောင်းလည်း ပြောဆိုလျက် ရှိပါသည်။ ၎င်းတို့က ဖောင်းသူမဲ့ လေယာဉ်များနှင့် အထူးတပ်ဖွဲ့များအပေါ် ပိုမိုအားကိုးသင့်ကြောင်း ပြောကြား ကြသည်။

နိုင်ငံခြားဆက်ဆံရေးကောင်စီ၊ ဂုဏ်ထူးဆောင် ဥက္ကဌ Leslie Gelb (President Emeritus of the Council on Foreign Relations) က သမ္မတသည် သူ့ကိုယ်သူသာ အပြစ်တင်ရမည် ဖြစ်ကြောင်း၊ အိုဘားမားက မတ်လနှင့် လွန်ခဲ့သည့်လက ဤစစ်ပွဲသည် "တိုက်ရမည့်စစ်ပွဲ" ဖြစ်ကြောင်း၊ အာဖဂန်နိုင်ငံတွင်း ယခုပါဝင်ပတ်သက်နေခြင်းထက်ပို၍ အပြည့်အ၀အကူအညီ ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်တွင် ကျင်းပသော အစည်းအဝေး၏ အဓိကဆွေးနွေးချက်မှာ အမေရိကန် စစ်တပ် အာဖဂန်နစ္စတန်မှ ထွက်ခွာရန်ကိစ္စဖြစ်ကြောင်း အရာရှိတစ်ဦးမှ ပြောကြားပါသည်။

အာဖဂန်တပ်သားများကို လေ့ကျင့်ပေးရေးကိစ္စအပြင်  တဖက်တွင် ၎င်းတို့အင်အား ချည့်နဲ့အောင် လုပ်နေချိန်မှာပင် တာလီဘန်တို့၏ နိုင်ငံရေးနှင့်ပတ်သက်သော အခန်းကဏ္ဍကိုလည်း ပြောင်းလဲ လက်ခံလာအောင် ကြိုးစားရမည်ဖြစ်သည်။

အာဖဂန်တို့သည် စစ်ပွဲကာလတစ်လျှောက်တွင် ဘက်ပြောင်းမှုများ မကြာခဏ လုပ်လေ့ရှိသည်ကို အများအသိဖြစ်ကြောင်း၊ "အာဖဂန်လူမျိုးကို ငှားလို့ရသည်၊ သို့သော်ဝယ်၍ မရ" ဟူသော ရှေးဆိုရိုးစကားပင်ရှိကြောင်း၊ စစ်ပွဲများတွင် တိုက်ခိုက် ခြင်းထက် ထွက်ပြေးခြင်း ပြုလုပ်ကြကြောင်းဖော်ပြထားသည်။

တာလီဘန်တိုက်ခိုက်ရေးသများအား ဘက်ပြောင်းရန် ငွေကြေးထောက်ပံ့ခြင်း၊ အမေရိကန်တို့၏ သေဆုံးမှုကို ကာကွယ်နိုင်ပြီး၊ ဘဏ္ဍာငွေလည်း ချွေတာနိုင်ကြောင်း အကြံပေး များက ပြောသည်။

ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ ပြောကြားချက်အရ လက်ရှိ တာလီဘန် တို့၏ တိုက်ခိုက်ရေးအင်အား (၁၅၀၀၀) တွင် ()ရာခိုင်နှုန်းသည်သာ ခံယူချက်ရှိပြီး၊ (၇၀) ရာခိုင်နှုန်းမှာ ပိုက်ဆံရရှိရေးအတွက် တိုက်ခိုက်နေသူများဖြစ်ကြောင်း၊ တရက် (၁၀) ဒေါ်လာတန် တာလီဘန်ဟု ခေါ်ကြကြောင်းသိရသည်။

၎င်းပမာဏထက် ()ဆပေးခြင်းသည် အမေရိကန် အစိုးရအပေါ် တရက် ဒေါ်လာ ၃၀၀၀၀၀ သာကုန်ကျမည်ဖြစ်ပြီး၊ လက်ရှိအမေရိကန်အစိုးရ၏ တိုက်ခိုက်မှုစရိတ်မှာ တနေ့ ဒေါ်လာ (၁၆၅)သန်းရှိကြောင်း သိရှိရသည်။

အီရတ်နိုင်ငံတွင် အမေရိကန်အစိုးရက ဆွန်နီသေနတ်သမား တစ်သန်းအား တစ်လ ဒေါ်လာ (၃၀၀)ပေးခြင်းဖြင့် ထိရောက်သော နည်းဗျူဟာကို သုံးခဲ့ပါသည်။      

တချို့သော ကျွမ်းကျင်သူများက သဘောမတူခဲ့ပေ။ Carnegie Institute မှ Gilles Dorronsoro က အင်အားကြီးမားသော သူပုန်ထမှုကို ငွေဖြင့်ဖြိုခွဲ၍မရနိုင်ကြောင်း၊ သူတို့သည် ကြေးစားတပ်ဖွဲ့မဟုတ်ကြောင်း၊ ယခုဖြစ်ရပ်မှာ အင်အားရှိသော လှုပ်ရှား မှုဖြစ်ကြောင်း ပြောပါသည်။      

Mc Chrystal လုပ်ဖော်ကိုင်ဘက်များက အင်အားပိုမိုချထားခြင်းဖြင့် အာဏာကို သူပုန်များထံမှရယူနိုင်ပြီး၊ လူထုကို ယုံကြည်မှုပေးပြီး၊ ဘက်ပြောင်းခြင်းများ ပြုလုပ်နိုင် စေကြောင်း ပြောပါသည်။      

Mc Chrystal က အကြံပေးများက အယ်လကိုင်ဒါတို့အပေါ်တိုက်ခိုက်မှုကို အမြင် ကျဉ်းမြောင်းကြောင်း ပြောပါသည်။ သူ့အား အိုဘားမားထံ ၀ါရှင်တန်သို့သွားရန် ခရီးစဉ်ကို ပယ်ဖျက်ရန် တိုက်တွန်းမှုများပင် ရှိနေပါသည်။      

Mc Chrystal နှင့် အနီးကပ် လုပ်ဆောင်ခဲ့ဘူးသူ ဗိုလ်ချုပ်တစ်ဦးက ၎င်းသည် အိမ်ဖြူတော်၏ သဘောထားကို အံ့သြမိကြောင်း Sunday Times သို့ပြောကြားခဲ့သည်။

ပေါ်လစီ ဆုံးဖြတ်ချက်သည် သူပုန်နှိမ်နင်းမှုကို တန်ပြန်ရန်သာ ရည်ရွယ်ထား ခြင်းဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ၎င်းကပင်ဆက်လက်၍ တာလီဘန်တို့ကို မည်သို့မျှလုပ်ဆောင်ခြင်းမရှိပဲ ဆက်ဆံမှုကို ဖြတ်တောက်ခြင်းသည် ရူးသွပ်သော အကြံဥာဏ်တစ်ခုသာဖြစ်ကြောင်း ပြောပါသည်။

လက်ရှိအခြေအနေတွင် Pashtun မျိုးနွယ်စုနှင့် မိသားစုများအတွင်းမှ လူစုဆောင်း ရန်မလွယ်ကြောင်း၊ သူတို့၏လုံခြုံရေးကို အရင်အာမခံပေးရန် လိုကြောင်းလည်း ပြောခဲ့ သည်။      

ပင်တဂွန်က စစ်အင်အားထပ်၍ တိုးချဲ့မှုမပြုခြင်းက အဖြေရှာမတွေ့မှုကို ပြသနေပြီး၊ ရန်သူများအတွက် အခွင့်အလမ်းအသစ်များကို ပိုမိုရရှိစေကြောင်းပြောသည်။      

အိုဘားမားသည် ယခုအပတ်တွင် ဆက်လက်ဆွေးနွေးမှုပြုလုပ်မည်ဖြစ်သည်။ 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment