Transparency Myanmar

transparency.myanmar@gmail.com

အိုဘားမားအပေါ်တွင် ကျရောက်နေသော ၀န်ထုပ်ဝန်ပိုးများ

(From Editorial of The Hindu)

10 - Oct - 2009 

      အမေရိကန်ပြည်ထောင်စုသမ္မတ Barack Obama အား ဂုဏ်သိက္ခာ ကြီးကျယ် သော ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံးကို အံ့သြသွားစေရုံမျှမက Mr. Obama ကိုပါ တမူထူးခြားသော အပြုအမူများနှင့် တွေ့နေ ရပါသည်။

နိုဘယ်ဆု၏ အကျိုးဆက်အနေဖြင့် Mr. Obama သည် ကမ္ဘာကြီး၏ ကြီးမားသော မျှော်လင့်ချက်များကို ဖော်ဆောင်ပေးရမည့် တာဝန်များ ယူရတော့မည့် ကမ္ဘာကြီး၏ ပြယုဂ်တစ်ခု ဖြစ်လာရခြင်းဖြစ်သည်။      

ယခုငြိမ်းချမ်းရေးဆုသည် အောင်မြင်မှုများကိုကြည့်၍ ရွေးချယ်သောဆုမဟုတ်ပါ။ အကောင်းဘက်သို့ ဦးတည်သော ပြောင်းလဲမှုများအတွက် အဓိကကျသောနေရာမှ ပါဝင်မှုအတွက် ရည်ရွယ်၍ ရွေးချယ်ပေးခြင်းဖြစ်သည်။

Obama ၏ အကောင်းဘက်သို့ ဦးတည်စေရန် ရည်ရွယ်၍  စတင်လုပ်ဆောင် ခဲ့မှုများကို တစ်ကမ္ဘာလုံးကသိရှိကြသည်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အမေရိကန်အဖွဲ့အစည်းများ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြားမှ လုပ်ဆောင်ခြင်း၊ အီရန်၊ မြောက်ကိုရီးယား၊ မြန်မာတို့နှင့်စကားပြောရန် စတင်လုပ်ဆောင်လာခြင်း၊ အစ္စရေးနှင့် ပါလက်စတိုင်း အငြင်းပွားမှုကိစ္စတွင် နှစ်နိုင်ငံအချင်းချင်းအပြန်အလှန်အသိအမှတ်ပြုရေး၊ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးနှင့် အချုပ်အချာအာဏာကို အသိပြုရေးတို့အတွက် ဆုံးဖြတ်ချက်တစ်ခု လိုအပ်၍ အလေးအနက်ထားလုပ်ဆောင်နေမှုတို့ကို တစ်ကမ္ဘာလုံးက သိရှိကြပါသည်။

အကယ်၍သာ Obama အနေဖြင့် အထက်ပါ ရည်မှန်းချက်များအတွက် လုပ်ဆောင် မှုခြေလှမ်း လေးစရုံ (Baby Steps) သာရှိသေးသည်ဆိုလျှင် အမေရိကန်ရှိ အယူအဆ တစ်ခုကို စွဲမြဲစွာ ကိုင်စွဲထားသော အုပ်စုများ၏ဆန့်ကျင်မှုကို ရင်ဆိုင်ရနိုင်ပါသည်။      

ယခုကဲ့သို့ ငယ်ရွယ်သော၊ စမ်းသပ်ခြင်းမပြုရသေးသော ခေါင်းဆောင်တစ်ဦးကို နိုဘယ်ဆု ပေးအပ်လိုက်ခြင်းမှာ ဝေဖန်မှုများကို ထွက်ပေါ်စေပါသည်။ ယခုနှစ် ဆုရွေးချယ် ရန် ဆုံးဖြတ်ချက်သည် ယခင်အစဉ်အလာများအရ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များမှ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သော သိက္ခာရှိသောဆုဖြစ်ရာ ထိုအစဉ်အလာကို ဆန့်ကျင်၍ အချိန်မတိုင်မီပေးသည့်သဘော သက်ရောက်နေပါသည်။

ကမ္ဘာ့နိုင်ငံရေးနှင့် ပါဝါကို ခံစားတတ်သည့် အခြားနိုင်ငံရေးသမားများကဲ့သို့ပင်၊ Mr. Obama သည်လည်း ယခုကဲ့သို့အသိအမှတ်ပြုချီးမြှင့်ခံရမှု ရည်ရွယ်ချက်ကို ကာလ ရှည်ကြာစွာကပင် ပြုစုပျိုးထောင်လာခဲ့လိမ့်မည်ဟု ယူဆရပါသည်။

သို့သော သူ့အနေဖြင့် သူ၏သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် အသီးအပွင့်များ မြင်သာထင်သာရှိလာမှသာ ဤဆုကို ရရှိရန် ပိုမိုလိုလားလိမ့်မည် ဖြစ်သည်။

အနောက်အာရှတွင် ငြိမ်းချမ်းရေးမွေးဖွားလာရန်အတွက် သန္ဓေတည်ရမည့်အချိန်မှာ Mr. Obama အိမ်ဖြူတော်မှာ ယခုထိကြာမြင့်သော ကိုးလအချိန်ထက် ပိုမိုလိုအပ်လိမ့်မည် ဖြစ်သည်။

ကတိပြုထားသော နျူကလီးယားလက်နက် ဖျက်ဆီးရေးသည် သူ၏သက်တမ်း အတွင်း ဖြစ်လိမ့်မည်မဟုတ်ကြောင်း Obama က ယခုနှစ်အစောပိုင်းက ချက်နိုင်ငံ Prague မြို့တွင် လူသိရှင်ကြားပြောကြားခဲ့ပါသည်။

သို့သော် အလယ်အလတ်လက်နက် ထိန်းချုပ်ရေးကိစ္စမှာမူ အချိန်တိုအတွင်း ပြီးမြောက်နိုင်ပြီး၊ ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့် ၂၀၁၀ ခုနှစ်အထိစောင့်ရုံမျှဖြင့် အချိန်မ တိုင်မီဆုရွေးချယ်ခြင်း၊ အစဉ်အလာကိုသွေဖည်၍ ရွေးချယ်ရေး ကော်မတီအနေဖြင့် နိုဘယ်ဆုကြောင့် Mr. Obama သည် အမေရိကန်ပြည်ထောင်စုအတွင်း ပါဝါညှိနှိုင်းမှုများ ပိုမိုပြုလုပ်လာရနိုင်ပြီး၊ တချိန်တည်းမှာပင် Obama သည် သူချမှတ်ထားသော လမ်းစဉ် များကို နိုင်ငံရေးဖိအားများကြောင့် မခံနိုင်ဖြစ်ပြီး၊ စွန့်လွှတ်ရန်ခက်ခဲသွားမည်ဖြစ်ကြောင်း မျှော်လင့်ထားပြီး ဖြစ်သည်။

      Mr. Obama ၏ ရိုးသားမှုနှင့် စွမ်းဆောင်နိုင်စွမ်းရည်တို့ကို ယုံကြည်မှုအပြည့်ဖြင့် ဆုရွေးချယ်ခြင်းဖြစ်ရာ၊ ထိုအချက်များကပင် Mr. Obama ကို သူ၏အနောက်အာရှတွင် သံတမန်ရေးဆိုင်ရာလုပ်ဆောင်မှုများနှင့် လက်နက်ဖျက်သိမ်းရေးမျက်နှာစာတို့တွင် ပိုမို လွယ်ကူစွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ရပေသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment