Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားဆွေးနွေးပွဲကို စောလျင်စွာပြုလုပ်ရန် နိုင်ငံတကာက တိုက်တွန်း

(BBC News : 10 - 10 - 2009)

တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများမှ ခေါင်းလောင်းများက မြောက်ကိုရီး ယား၏ နျူကလီးယားအစီအစဉ် ဆွေးနွေးပွဲကို ပြန်လည်ပြုလုပ်ရန် တိုက်တွန်းလိုက် ပါသည်။

ခေါင်းဆောင် ()ဦးသည် ပီကင်းမြို့တွင်တွေ့ဆုံစဉ် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်အောင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ တိုကျိုနှင့်ဆိုးလ်တို့က မြောက်ကိုရီးယားမှ ၎င်း၏နျူကလီးယား လက်နက်တပ်ဆင်မှုကို မရပ်မချင်း အကူအညီပေးမှုများကို ရပ်ဆိုင်းထားမည်ဟု မှာကြားခဲ့သည်။      

သို့သော် ပြုံယမ်း၏ အဓိကမဟာမိတ် တရုတ်၏ထောက်ခံမှုကို ရရှိရန်မှာ လွယ်ကူမည် မဟုတ်ကြောင်း သတင်းထောက်များကပြောကြားပါသည်။ မြောက်ကိုရီးယား က နျူကလီးယားကိစ္စအတွက် နိုင်ငံတကာပါဝင်သော ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင် ရန် အသိပေးထားသော်လည်း အမေရိကန်နိုင်ငံနှင့် ပထမဆုံးစေ့စပ်ညှိနှိုင်းလိုကြောင်း ပြောကြားထားပါသည်။      

ပီကင်းတွင် ကျင်းပသော အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များက ကျွန်တော်တို့ဆွေးနွေးမှု၊ တိုင်ပင်မှုများကို ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ကင်းစင်အောင် ရည်ရွယ်၍ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တခြားသော နိုင်ငံများနှင့်လည်း အာရှအရှေ့ မြောက်ပိုင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ရန် ခြောက်နိုင်ငံ နျူကလီးယားဆွေးနွေးပွဲကို စောလျင်စွာ ပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါ ခြောက်နိုင်ငံတွင် ကိုရီးယား ()နိုင်ငံ၊ တရုတ်၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်ပါသည်။ ပီကင်းတွင်ရှိစဉ် ခေါင်းဆောင် ()ဦးမှ ဒိန်းမတ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲ အောင်မြင်ရန်အတွက်လည်း အနီးကပ်ပူးတွဲ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

တိုးတက်လာသောဆက်ဆံရေး

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ခဲ့စဉ် က မြောက်ကိုရီးယားသည် ဆွေးနွေးပွဲကို ပြန်စရန်ဆန္ဒရှိကြောင်း၊ ယခုအချိန်သည် အခွင့်အလမ်း အကောင်းဆုံးဖြစ်ကြောင်းပြောပါသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် ဆက်ဆံရေးကို တိုးတက်စေရန် လိုလားရုံ သာမက တောင်ကိုရီးယားနှင့် ဂျပန်တို့နှင့်လည်း ဆက်ဆံရေး တိုးတက်စေရန် လိုလား ကြောင်းလည်း ပြောပါသည်။ ဤသည်မှာ ကျွန်ုပ်၏ခရီးစဉ်မှရရှိခဲ့သော နက်နဲသည့် အမြင်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသွားသည်။      

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-il က သူ့အနေဖြင့် ()နိုင်ငံပါဝင်သော နိုင်ငံပေါင်းစုံ ဆွေးနွေးပွဲသို့ ကိုယ်တိုင်တက်ရောက်ရန် ဆန္ဒရှိကြောင်း တရုတ်ဝန်ကြီးချုပ် အား တနင်္လာနေ့ကပြောခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

သို့သော် မစ္စတာကင်က အဆိုပါကိစ္စသည် မြောက်ကိုရီးယားနှင့်အမေရိကန်တို့၏ ပထမဆုံးအကြိမ် နှစ်နိုင်ငံဆွေးနွေးမှုပေါ်တွင် မူတည်ကြောင်းပြောပါသည်။ ၀ါရှင်တန်မှ အဆိုပါကိစ္စကို အတည်ပြုပြန်ကြားခြင်းမရှိသေးပါ။      

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအနေဖြင့် ()နိုင်ငံဆွေးနွေးပွဲတွင် ပြနလည် ပါဝင်နိုင်ရန် ရည်ရွယ်၍ မြောက်ကိုရီးယားနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၀ါရှင်တန်သည် မြောက်ကိုရီးယားကို နျူကလီးယားလုံးဝစွန့်လွှတ်ရန် ဆန္ဒရှိနေပါသည်။

ဝမ်ကြားပေါင်က သူ့အနေဖြင့် အမေရိကန်-မြောက်ကိုရီးယား တိုက်ရိုက်ဆွေးနွေးမှု ကို ထောက်ခံပါကြောင်း ပြောကြားပါသည်။တောင်ကိုရီးယားသမ္မတ Lee Myung-bak က ၎င်းအနေဖြင့် အဆိုပါကိစ္စကို ကြိုဆိုပါကြောင်း၊ သို့သော် တောင်နှင့်မြောက် ကိုရီးယား တို့၏ ဆွေးနွေးပွဲ နောက်ဆုံးရလဒ်မှာ မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရန်သာဖြစ်ကြောင်းပြောကြားပါသည်။ 

သတ်မှတ်ချက်များ

တောင်ကိုရီးယားသမ္မတ Lee နှင့် ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama တို့ သောကြာနေ့က တွေ့ဆုံရာတွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုကို ၎င်း၏ နျူကလီးယား အစီအစဉ်စွန့်လွှတ်မှုကို မလုပ်သေးသ၍ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

နှစ်နိုင်ငံအနေဖြင့် နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အခြေခံကျ၍ ပြီးပြည့်စုံသော အဖြေတစ်ရပ်ကို သဘောတူကြကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ခြင်း ပြုလုပ်ပါက အကူအညီများကို တစ်လုံးတစ်ခဲတည်းပေးရန် သဘော တူညီကြောင်း ပြောကြားခဲ့သည်။      

တရုတ်သည် မြောက်ကိုရီးယား၏အကြီးဆုံးသော ကုန်သွယ်ဘက်အနေဖြင့် လျှို့ဝှက်သော ပြုံယမ်းအစိုးရအပေါ် လွှမ်းမိုးမှုများရှိပါသည်။ တောင်ကိုရီးယားနှင့် ဂျပန်တို့ အနေဖြင့် မြောက်ကိုရီးယား၏ အနီးကပ်ဆုံးသော မဟာမိတ်တရုတ်နိုင်ငံ၏ လူသိရှင်ကြား ထောက်ခံမှုကို ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ဘီဘီစီမှ Michael Bristow က ပြောကြားခဲ့သည်။      

စနေနေ့က ကျင်းပခဲ့သောအစည်းအဝေးတွင် အပြုသဘောကို ဆောင်သော သဘောများ တွေ့ရကြောင်းပြောသည်။ ယခု အစည်းအဝေးတွင် ဒေသတွင်းရှိ အင်အားကြီး ()နိုင်ငံ၏ ဖြစ်တောင့်ဖြစ်ခဲ စည်းလုံးမှုကို တွေ့ရှိရကြောင်း သတင်းထောက်မှ ဆက်လက်ပြောကြား သွားပါသည်။

ပြုံယမ်းသည် ()နိုင်ငံဆွေးနွေးပွဲမှ ယခုနှစ်ဧပြီလတွင် နုတ်ထွက်ခဲ့ပြီး၊ ဒုးကျည်များ စမ်းသပ်မှုနှင့် မြေအောက်နျူကလီးယား စမ်းသပ်ပေါက်ခွဲမှုများ ပြုလုပ်ခဲ့၍ ဒေသအတွင်း တင်းမာမှုများကို ဖြစ်စေခဲ့ပါသည်။ ကုလသမ္ဂ၏ပိတ်ဆို့မှုအပေါ် တုန့်ပြန်၍ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

      မြောက်ကိုရီးယားက ၎င်းတို့အနေဖြင့် နိုင်ငံစုံဆွေးနွေးပွဲသို့ မည်သည့်အခါမှ ပြန်လည် လာရောက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ဘူးပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment