Transparency Myanmar

transparency.myanmar@gmail.com

အာဖဂန်နစ္စတန်အရေး ဆုံးဖြတ်ချက်ချရန် အိုဘားမားအခက်တွေ့

 (၀ါရှင်တန် : 9 - 10 - 2009)

သမ္မတအိုဘားမားသည် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ လွှမ်းမိုးမှုကို ပြန် ပြောင်းပစ်ရန်နှင့် တည်ငြိမ်သော ဒီမိုကရေစီစနစ် ဖွဲ့စည်းတည်ထောင်ရန် အာဖဂန်သို့   အမေရိကန်စစ်တပ် စေလွှတ်မည့် ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ရန် အခက်တွေ့ နေပါသည်။

ကာကွယ်ရေးဝန်ကြီး Robert Gastes က သမ္မတ အိုဘားမားအတွက် အရေးကြီး ဆုံးသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောပါသည်။ ဤဆုံးဖြတ်ချက်သည် သမိုင်းတွင် အမေရိကန်သမ္မတများ နှင့် အခြားသော ခေါင်းဆောင်များ ကြုံတွေ့ရသည့် မဖြစ်သာ၍ ချမှတ်ရသော ဆုံးဖြတ်ချက် ဖြစ်သည်။      

သမ္မတ အိုဘားမားအတွက် အကြံပြုချက် မြောက်များစွာ ရှိပါသည်။ သူ၏ ဗိုလ်ချုပ်ကြီးများက သူတို့တပ်အင်အား ပိုမိုလိုအပ်ကြောင်း တင်ပြထားပြီးဖြစ်သည်။ သူ၏ အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့ တပ်မှူးလည်း အပါအ၀င်ဖြစ်သည်။

တပ်မှူးဗိုလ်ချုပ် Stanley  Mc Chrystal က "အခြေအနေက သိပ်အရေးကြီးပါတယ်၊ ကျွန်တော် ဒီစကားလုံးကို အထူးသတိထားပြီး ပြောခဲ့တာပါ" ဟု ပြောကြားသည်။      

Mc Chrystal ၏ အရေးပါသော ယူဆချက်က သမ္မတအိုဘားမား၏ လွန်ခဲ့သည့် ()လက ပြုလုပ်ခဲ့သော မဟာဗျူဟာကို အမြန်ပြန်လည် စိစစ်စေခဲ့သည်။      

အဆိုပါ ပြန်လည်စိစစ်မှုတွင် အိုဘားမားသည် ဘက်ပေါင်းစုံမှ အကြံပြုချက်များ ရရှိခဲ့သည်။ ၎င်း၏သမ္မတရွေးကောက်ပွဲပြိုင်ဘက် ရီပတ်ပလိတ်ကင်ဆီနိုက်တာ John Mc Cain  ထံမှလည်း စစ်ဦးစီးချုပ်များ ဥက္ကဌက ထောက်ခံပေးသော အကြံပြုချက်ကို ပိုမို၍ အလေးထားရမည် ဟုဆိုသည်။

သူတို့သည် အီရတ်တွင် အောင်မြင်မှန်ကန်သော မဟာဗျူဟာကို ချမှတ်ထားနိုင်ရန် ဖြစ်ကြောင်း Mc Crain က ပြောကြားသည်။ ဆီနိတ်တာ Mc Cain က သမ္မတကို အမြန်ဆုံး အကောင်အထည် ဖော်ရန်နှင့် တ၀က်တပျက် အကောင်အထည်ဖော်မှု မပြုလုပ်ရန်  တိုက်တွန်းထားပါသည်။ 

ပြဿနာ၏ဖိအားပေးမှု      

သတိထားရန် အကြံပြုသူများလည်း ရှိသေးသည်။ သမ္မတ၏ပါတီမှ အဖွဲ့ဝင်များနှင့် ဒုတိယသမ္မတ Joe Biden (၂၀၀၄)ခုနှစ် သမ္မတရွေးချယ်ပွဲ ကိုယ်စားလှယ် ဘီနိုက်တာ John Kerry လည်း အပါအ၀င်ဖြစ်သည်။

၎င်းက တာလီဘန်တို့၏ အင်အား၊ ရည်ရွယ်ချက်နှင့် ဒေသအတွင်း ပါကစ္စတန်၏ ပါဝင်ပတ်သက်မှုကို မေးခဲ့သည်။ အဆိုပါ မေးခွန်းများအတွက် ကျေနပ်လောက်သော အဖြေရှိမှသာ လူအများကို ထိခိုက်စေမည့် နည်းလမ်းကို ရွေးချယ်ခဲ့လျှင်လည်း မိမိတို့မှာ တာဝန်မရှိနိုင် ဟု Kerry ကပြောခဲ့သည်။

ပြဿနာ၏ ဖိအားပေးမှုသည် မည်သည့် သမ္မတကိုမဆို ခက်ခဲသော ဆုံးဖြတ်ချက်ကို မလွဲမသွေ ချမှတ်စေနိုင်ပါသည်။ အလွန်ဝေးကွာသော အရပ်တွင် မသေချာသော အဖြေတစ်ခုအတွက် ထောင်ပေါင်းများစွာသော အမေရိကန်တို့၏ အသက်ကို ရင်းရသော ဆုံးဖြတ်ချက်မျိုးဖြစ်သည်။

"သူ့ရဲ့ သမ္မတသက်တမ်းဟာ ဒီပြဿနာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေပေါ်မှာ  များစွာတည်နေတယ်" ဟု သမိုင်းပညာရှင် Robert Dallek က ပြောကြား ခဲ့သည်။

၎င်းမှာ "20th Century U.S presidents and  the decisions they have faced" အပါအဝင် စာအုပ်ပေါင်း (၁၂)အုပ် ရေးသားခဲ့သည့် စာရေးဆရာ ဖြစ်သည်။ စစ်နှင့် ငြိမ်းချမ်းရေး အတွက် ချမှတ်ရသော ဆုံးဖြတ်ချက်များသည် သမ္မတတစ်ယောက်အတွက် အကျပ်အတည်းများ ဖြစ်သည်ဟုလည်း ၎င်းကပြောထားသည်။

ဤဆုံးဖြတ်ချက်များသည် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော စစ်သားများ၏ သေရေးရှင်ရေး သာမက သမ္မတ၏ အစိုးရ အတွက်လည်း နိုင်ငံရေး သေရေးရှင်ရေး ဖြစ်သည် ဟု ဆက်လက်ပြောကြား သွားပါသည်။      

Dallek က အမေရိကန်၏ စစ်ပွဲတွင် ပါဝင်ပတ်သက်မှုကို လုပ်ဆောင်ခဲ့ရသော ယခင် သမ္မတများ လက်ထက်တွင် သူတို့၏ ပြည်တွင်းစီမံချက်များ အခက်အခဲများစွာ တွေ့ကြုံခဲ့ကြောင်း ပြောသည်။

သမ္မတအိုဘားမားသည် ပိုမိုကျယ်ပြန့်ပြီး၊ အသုံးစရိတ် များသော ပြည်တွင်း အစီအစဉ်များကို ကွန်ရက်သို့ ခွင့်ပြုချက် ရယူရေးအတွက် တင်ပြရန် ရှိနေပါသည်။

သမ္မတများအပေါ် ဤသို့ဖိအားပေးမှုများသည် အမှန်ပင်ရှိနေပါသည်။ Harry Truman သည် အဆိုပါကိစ္စမျိုးအတွက် စတေးခံခဲ့ရသည်။ Lyndon Johnson လည်း ကြီးမားသော နိုင်ငံရေး အလျော်အစားကို ပေးခဲ့ရသည်။ သမ္မတအိုဘားမားလည်း မည်သို့ ဖြစ်လာမည်ကို မည်သူမျှ ပြောမပြနိုင်ပါ။      

အငြင်းပွားမှု ပြဿနာကို ဆက်လက်မဖြစ်စေရန် စစ်တပ်၏ အကြံပြုမှုကို လိုက်နာခဲ့ခြင်း မရှိသူမှာ အမေရိကန် John F. Kennedy တစ်ဦးသာ ရှိခဲ့ဖူးသည်။

(၁၉၆၂)ခုနှစ် ကျူဘားဒုံးကျည် ပြဿနာတွင် ကျူးဘားကို ကျူးကျော် တိုက်ခိုက်ရန် တောင်းဆိုချက်ကို ပယ်ချပြီး၊ အင်အားဖြင့် ခြိမ်းခြောက်မှုထက် တင်းကျပ်သော သံတမန် လုပ်ထုံးလုပ်နည်းများ သုံးခဲ့ရာ အောင်မြင်ခဲ့ပါသည်။

ဘားရက် အိုဘားမားကဲ့သို့ သမိုင်းနှင့်အသိပညာ ကြွယ်ဝသူ သမ္မတမျိုးသည် စစ်တပ်က ပြောကြားချက်ကို ဘ၀င်ကျမည် မဟုတ်သော်လည်း သူတို့၏ အကြံပြုချက်ကို ငြင်းပယ်မည် မဟုတ်ပါ။

"ကျွန်တော့် တပ်မှူးတွေ ပြောတာကို ကျွန်တော် လက်မခံဘူး" ဟုလည်း ပြောမည် မဟုတ်ပါ။ သူတို့၏ ပြောကြားချက်ကို လက်ခံမည်။ သို့သော် သူတို့ကို လုံးဝလွတ်လပ်စွာ စီမံရန် ခွင့်ပြုချက် မပေးဟုလည်း ပြောမည်မဟုတ်ပါ။

သူရရှိသည့် အကြံပြုချက်နှင့် ပတ်သက်၍ သတိထား ကိုင်တွယ်မည်သာ ဖြစ်မည်ဟု Dallek က ဆက်လက်ပြောကြားခဲ့သည်။      

ထိပ်တန်းစစ်တပ် အရာရှိကြီးများထံမှ သမ္မတအိုဘားမားရရှိသော အကြံပြုချက်မှာ အာဖဂန်သို့တပ်များ ထပ်မံစေလွှတ်ပြီး၊ လွန်ခဲ့သည့် ()လက သူကြေညာထားသော ရည်မှန်းချက်နှင့် မဟာဗျူဟာများကို ရအောင် ပြန်လည်လုပ်ဆောင်ရန် ဖြစ်သည်။

"ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားတဲ့ အလေးထားရမယ့် ရည်မှန်းချက်တွေ ရှိတယ်၊ ယ်လကိုင်ဒါကို ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ ဟန့်တားပြီး အပြတ်တိုက်ဖို့ ဖြစ်တယ်၊ နောင်လဲ အဲဒီတိုင်းပြည်တွေကို ပြန်မလာအောင် တားရမှာဖြစ်တယ်"လို့ သမ္မတက ပြောခဲ့ပါသည်။ 

သမ္မတမှရွေးချယ်ရန်နည်းလမ်းလေ့လာခြင်း      

ဘယ်လိုလုပ်မလဲဟုမေးရန်သာရှိသည်။      

ပထမ လုပ်ဆောင်မှုအဖြစ် သမ္မတက ကနဦးကြေညာခဲ့သလို တပ်ဖွဲ့ဝင်များထပ်မံ စေလွှတ်ပြီး ကျယ်ပြန့်သော သူပုန်နှိမ်နင်းမှု မဟာဗျူဟာကိုသုံး၍ အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်အောင် ပြုလုပ်ရန်ဖြစ်သည်။ သူက အမေရိကန်တပ်သား ၂၁၀၀၀ ကို စေလွှတ်ပြီး အောင်မြင်မှု ရရှိအောင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။      

နောက်တစ်ချက်မှာ အာဏာပိုင်အချို့နှင့် ကျွမ်းကျင်သူများက အကြံပြုသကဲ့သို့၊ အမေရိကန် စစ်မြေပြင်တပ်များကို ကန့်သတ်ပြီး၊ အကြမ်းက်သမားများ ပုန်းခိုရာ ဒေသများကို လေတပ်မှ ချေမှုန်းရန်နှင့် အာဖဂန်နစ္စတန် ဒေသများ တည်ငြိမ်မှုကို ပူပန်ခြင်း မပြုရန်ဖြစ်သည်။      

General Mc Chrystal က ကန့်သတ် လုပ်ဆောင်ခြင်းသည် ရေတို အင်ြသာ ဖြစ်သည်ဟု ဆိုသည်။ "ပထမဆုံး ကျွန်တော်တို့လုပ်ရမှာက အယ်ကိုင်ဒါကို အရေးပါတဲ့ နေရာတွေကို ပြန်မ၀င်လာအောင် တားဆီးဖို့နဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုကို တားဆီးဖို့ဖြစ်တယ်ဟု ပြောကြားခဲ့သည်။

စစ်တပ်အင်အား ပိုမိုချထားရန် လိုအားသောအဖွဲ့က အစ္စလာမ် စစ်သွေးကြွများ ကမ္ဘာတ၀ှမ်းလုံးတွင် အင်အား ပိုကောင်းလာလိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။

အမေရိကန်နှင့် နေတိုးတို့၏ အာဖဂန်နစ္စတန်တွင် ကြိုးပမ်းမှု မအောင်မြင်လျှင် အကြမ်းဖက်မှု၏ အန္တရယ်သည် ဒေသအတွင်းနှင့် အခြားနေရာတ၀ှမ်းတွင် ပိုမိုများပြား လာမည်ဖြစ်သည်။      

သမ္မတအိုဘားမားမှ အဆိုပါအမြင်နှင့် ပတ်သက်၍ သဘောပေါက်ပြီး ဖြစ်ကြောင်း မတ်လက ပြောဆိုခဲ့သည်။ "အာဖဂန်သာ တာလီဘန်တွေရဲ့ လက်ထဲ ရောက်သွားရင်၊ အဲဒီတိုင်းပြည်ဟာ လူများကို သတ်နိုင်သ၍ သတ်မယ့် အကြမ်းဖက်သမားတွေရဲ့ အခြေစိုက်စခန်း ဖြစ်လာလိမ့်မယ်" ဟုလည်းပြောခဲ့သည်။      

သို့သော် သမိုင်းပညာရှင် Dallek က "အလားတူ အရေးကြီးသော မျှော်မှန်းချက်မျိုး ယခင်ကလည်း ရှိခဲ့ဖူးကြောင်း၊ ဗီယက်နမ်အရေးက ၀င်ရောက်တိုက်ခိုက်မှု မပြုလုပ်ခဲ့လျှင် အရှေ့တောင် အာရှနိုင်ငံများ ကျဆုံးပြီး၊ ကျွန်တော်တို့ရဲ့ သိက္ခာလည်း ကျမည် ဖြစ်ကြောင်း၊ တရုတ်နှင့် ဆိုဗီယက်တို့သည် ပိုမိုထင်ရှားလာမည်ဖြစ်ပြီး၊ တတိယ ကမ္ဘာစစ်ကြီးကို ဖြစ်ပေါ်စေနိုင် သည့်အတွက် စိတ်ပူခဲ့ကြကြောင်း" ပြောသည်။

သို့သော် အဆိုပါ ကိစ္စအားလုံးမှာ အဓိပ္ပာယ်မရှိသော လုပ်ရပ်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခြားသော သမ္မတများကဲ့သို့ပင်၊ သမ္မတဘားရက် အိုဘားမား သည်လည်း သူ၏ စစ်ဦးစီးချုပ်များကို လျစ်လျူရှု၍ မရကြောင်း၊ ၎င်းတို့၏ အကြံပြုချက်များမှာ မှန်နိုင်ကြောင်း ပြောပါသည်။      

အာဏာပိုင်များ၏ ပြောဆိုချက်အရ သမ္မတအိုဘားမားသည် အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားများ ထိခိုက်မှု ပိုမိုများလာခြင်းအတွက် အထူးစိုးရိမ်နေကြောင်း၊ တပ်အင်အား တိုးချဲ့၍ တိုက်ခိုက်မှု ပိုလုပ်လိုက်ပါက ထိခိုက်မှုအင်အား ပိုမိုများ လာနိုင်သည် ဟု ယူဆထားကြောင်း ပြောပါသည်။

အကောင်းဆုံးသော လုပ်ဆောင်ရမည့်အချက်မှာ မှန်ကန်သော မဟာဗျူဟာ ချမှတ်ပေးရန် ဖြစ်ကြောင်း ပြောသည်။ သမ္မတ အိုဘားမားက သူ၏ဆုံးဖြတ်ချက်ကို မကြာမီ ကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment