Transparency Myanmar

transparency.myanmar@gmail.com

အနောက်နိုင်ငံများ၏ မဟာဓာတ်အားလိုင်းအပေါ် နျူကလီယာနည်းပညာနှင့် ခြိမ်းခြောက်မှု

BBC News, 13th Oct, 2009

အီရန်နှင့် မြောက်ကိုရီးယားသည် အနောက်နိုင်ငံများ၏ လျှပ်စစ်သွယ်တန်းမှု ကွန်ရက်တစ်ခုလုံးကို လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ရပ်တန့်သွားအောင် ပြုလုပ်နိုင်ကြောင်း၊ သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။ ဒုံးကျည်ဖြင့်ပစ်လွှတ်သော နျူကလီယာဗုံး ကမ္ဘာ့လေထုထဲတွင် ပေါက်ကွဲမှုသည် ကပ်ဆိုးကြီးကို ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

အားပြင်းသော လျှပ်စစ်သံလိုက် တုန်ခါမှုသည် စီးပွားရေးရပ်တန့်မှုကို ဖြစ်စေနိုင်ကြောင်း၊ ၎င်းတို့က ဗြိတိန်အစိုးရကို ပြောကြားလိုက်သည်။ အမေရိကန် လျှပ်စစ်သွယ်တန်းမှု ကွန်ရက်ကို ကာကွယ်ရန်အတွက် လုပ်ဆောင်မှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ အကြံပေးအရာရှိ Avi Schnurr က ပြောကြားခဲ့သည်။ မစ္စတာ Schnurr သည် International EMP Council ဥက္ကဋ္ဌဖြစ်သည်။ IEC သည် အမေရိကန်နိုင်ငံတွင် အခြေစိုက်ပြီး လျှပ်စစ်သံလိုက်စွမ်းအား ကိရိယာများကို အသုံးပြုသော တိုက်ခိုက်မှု အန္တရာယ်များကို ကာကွယ်ရန်အတွက် လှုံ့ဆော်မှုများကို ပြုလုပ်သည့် ပူးပေါင်းအဖွဲ့ ဖြစ်သည်။

အဆိုပါ ကွန်ရက် အဖွဲ့အစည်းတွင် ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၊ ကော်ပိုရေးရှင်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်သည်။


ဆက်သွယ်ရေး ရပ်တန့်ခြင်း


ဗြိတိန်ပါလီမန် ကာကွယ်ရေး အထူးကော်မတီ (The British Parliament Defence Committee)  ကမ္ဘာမြေပြင်မှ မိုင် ၂၀ အထက်တွင် တာလတ်ပစ်ဒုံးကျည်မှ ပေါက်ကွဲသော နျူကလီယာဗုံးသည် တိုင်းပြည်တစ်ခုလုံး၏ လျှပ်စစ်သွယ်တန်းမှုကို မည်ကဲ့သို့ ရပ်တံ့သွားစေနိုင်ကြောင်းကို ကြားနာခဲ့သည်။

အဆိုပါ စနစ်ကို (HEM-High Electro Magnetic Pulse) အင်အားပြင်းထန်သော လျှပ်စစ်သံလိုက်တုန်ခါမှုဟု ခေါ်ကြောင်း ဘီဘီစီ၏ လုံခြုံရေးဆိုင်ရာ သတင်းထောက် Frank Gardner က ပြောကြားခဲ့သည်။ သီအိုရီအရ ဆိုလျှင် HEM သည် နိုင်ငံတစ်ခုကို ဒူးထောက်ရသည့် အနေအထားသို့ ရောက်ရှိစေနိုင်ကြောင်း ပြောကြားသည်။

လန်ဒန်တွင် ပြုလုပ်သော ရှင်းလင်းပွဲတွင် Mr. Schnurr က ဗြိတိန်သည် စဉ်းစား၍ စီမံချက်ချနေသော အနေအထားတွင်သာ ရှိသေးကြောင်း၊ လုပ်စရာများ ကျန်နေသေးကြောင်း ပြောကြားသည်။ အဆိုပါစနစ်ကြောင့် လျှပ်စစ်ဓာတ်အား၊ ရေနှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားနိုင်ကြောင်းလည်း ပြောခဲ့သည်။ ကားများသည် လောင်စာဆီ ခန်းခြောက်ပြီး မြို့များသည် လုပ်ငန်းများ ရပ်တန့်သွားကာ အဆိုပါ သက်ရောက်မှုကြောင့် စီးပွားရေးရပ်တန့်သွားနိုင်ကြောင်း သိရှိရသည်။ ပြန်လည်တည်ဆောက်ရေးအတွက်မူ ၄ နှစ်မှ ၈ နှစ်အထိ ကြာမြင့်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

အမေရိကန်အစိုးရကို အကြံပြုသော သိပ္ပံပညာရှင်များက ကာကွယ်ရေးစနစ် တည်ထောင်သူများအတွက် အကြီးမားဆုံးသော စိုးရိမ်စရာမှာ ပုံမှန်မဟုတ်သော၊ မရိုးသားသော နိုင်ငံများဖြစ်သော အီရန်နှင့် မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှု ဖြစ်ကြောင်း ပြောကြားသည်။ မြောက်ကိုရီးယားသည် နျူလက်နက် စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီးသူ ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအပေါ် ဖြတ်ကျော်၍ ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အီရန်က နျူကလီယာဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို ငြင်းဆိုခဲ့သော်လည်း အီရန်အနေဖြင့် နျူကလီယာနှင့် ပတ်သက်သော အစီအစဉ်ကို လျှို့ဝှက်ထားကြောင်း ဝေဖန်သူများက ပြောကြားပါသည်။



--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment