Transparency Myanmar
transparency.myanmar@gmail.com
မြောက်ကိုရီးယားနှင့်ဆွေးနွေးရန်အသင့်ဖြစ်နေပြီဟု အမေရိကန်ပြော
(AFP : 20 - 10 - 2009)
          မြောက်ကိုရီးယားသည် ()နိုင်ငံပါဝင်သော နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစည်းအဝေးတွင် အမေရိကန်နှင့် တစ်ဦးချင်းဆွေးနွေးမှုပြုလုပ်ပြီးပြီးချင်း၊ အမြန်ဆုံးပါဝင် လာရန် ဆန္ဒရှိမှသာ အမေရိကန်က ဆွေးနွေးမှုကို ပြုလုပ်ရန်ရှိကြောင်း၊ အမေရိကန်အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။
          အရှေ့အာရှဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားဝန်ကြီး Kurt Campbell အိမ်နီးချင်း ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့်လည်း နှစ်ဦးနှစ်ဘက်ဆွေးနွေးမှုများ ပြုလုပ် ရန်လိုကြောင်း ပြောကြားခဲ့သည်။
          ဧပြီလအတွင်းက ထွက်ခဲ့သော ()နိုင်ငံဆွေးနွေးပွဲသို့ မြောက်ကိုရီးယားက ပြန်လည် ပါဝင်ရန်ဆန္ဒရှိခဲ့ကြောင်း၊ သို့သော် အမေရိကန်နှင့် မပြေမလည်တင်းမာနေသော အခြေအနေများ ကို ပြန်လည်ပြုပြင်ရန်အတွက် အရင်ဆုံးတိုက်ရိုက်ဆွေးနွေးလိုကြောင်း ခေါင်းဆောင် Kim Jong-IL က တရုတ်အထူးကိုယ်စားလှယ်များကို အောက်တိုဘာလ ()ရက်နေ့က ပြောကြားခဲ့ပါသည်။
          Campbell က လွန်ခဲ့သည့်အပတ်က ပီကင်းမြို့တွင် ပြောကြားရာတွင် မိမိတို့သည် မှန်ကန်သော အနေအထားတစ်ခုတွင် ()နိုင်ငံ ပူးတွဲဆွေးနွေးမှုကို အမြန်ဆုံးဦးတည်စေမည့် အပြန်အလှန်တုန့်ပြန်မှုရှိသော လုပ်ဆောင်ညှိနှိုင်းမှုကို ပြင်ဆင်ထားကြောင်းပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် အဆိုပါသဘောထားကိုဆက်လက်၍ အကြောင်းကြားပြီးဖြစ်သည်ဟု ယူဆ ကြောင်း၊ ရှေ့ဆက်လုပ်ဆောင်ရန်သာရှိကြောင်း၊ မြောက်ကိုရီးယားကလည်း ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့် အလားတူနှစ်ဦးသဘောတူ အပြန်အလှန်ဆက်ဆံမှုများပြုလုပ်ရန်လို ကြောင်း Campbell က နိုင်ငံခြားဆက်ဆံရေးကောင်စီတွင် ပြောကြားခဲ့ပါသည်။
          မြောက်ကိုရီးယားသည် (၁၉၉၈) ခုနှစ်မှစတင်၍ တာဝေးပစ်ဒုံးကျည် ()စင်းပစ်ခတ် စမ်းသပ်မှုကြောင့် ဂျပန်နှင့်ဆက်ဆံရေးတင်းမာလျက်ရှိကြောင်း၊ တောင်ကိုရီးယားသမ္မတ Lee Myung-Bak ကလည်း ကွန်မြူနစ်အိမ်နီးနားချင်းအပေါ် မာရေကျောရေဖြင့် ဆက်ဆံမှုအပေါ်တွင် လည်း မြောက်ကိုရီးယားက မကျေမလည်ဖြစ်နေပါသည်။ Campbell က မြောက်ကိုရီးယားအနေ ဖြင့် (၂၀၀၅)ခုနှစ်နှင့် (၂၀၀၇) ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော ()နိုင်ငံ ကြေညာချက်ကို အလေးထားရန် ပြောကြားခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မြောက်ကိုရီးယားကို အပြည်ပြည် ဆိုင်ရာ အထောက်အပံ့ရရှိရေးများနှင့် လုံခြုံရေးအတွက် နျူကလီးယားလက်နက်တပ်ဆင်မှုကို စွန့်လွှတ်ရန်အခြေခံများကို ပြဋ္ဌာန်းထားပါသည်။
          ()နိုင်ငံဆွေးနွေးပွဲတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား ()နိုင်ငံ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ပါသည်။ မြောက်ကိုရီးယားသည် ၎င်းကိုနျူကလီးယားလက်နက်ပိုင်ဆိုင်သူအဖြစ် သတ်မှတ် ရန်ကိစ္စအတွက် အမေရိကန်နှင့် သီးခြားတွေ့ဆုံရန် တောင်းဆိုခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
          သမ္မတအိုဘားမား၏လာမည့်လ တရုတ်နိုင်ငံခရီးစဉ်အတွက် ပြင်ဆင်ရန် ပီကင်းတွင် ရောက်ရှိနေသည့် Cambell က တရုတ်ဝန်ကြီးချုပ် Wen Jiabao ပြုံယမ်းခရီးနှင့် ပတ်သက်၍ ၎င်းအထူးသိရှိထားကြောင်းပြောခဲ့သည်။
          Kim ကျန်းမာရေးအခြေအနေသည် ပြည်ပလေ့လာသူများက အထူးအလေးထား၍ တွက်ဆနေသည့်ကိစ္စတစ်ခုဖြစ်ပြီး၊ Kim သားဖြစ်သူက သီးခြားဖြစ်နေသော ကွန်မြူနစ် မင်းဆက်ကို ဆက်ခံမည်လောဟု မှန်းဆတွက်ချက်နေကြပါသည်။ Kim သည် အသက်(၆၇)နှစ် ရှိပြီး၊ (၂၀၀၈) ခုနှစ်၊ သြဂုတ်လတွင် လေဖြတ်ခဲ့ပါသည်။ ဇူလိုင်လတွင် တောင်ကိုရီးယားနှင့် ဂျပန် ရုပ်မြင်သံကြားအစီအစဉ်များက Kim သည် ပန်ကရိယကင်ဆာဖြစ်ပွားနေကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
          သို့သော် အမေရိကန်သတင်းထောက် ()ဦးကို လွှတ်ပေးရန်ကိစ္စအတွက် ပြုံယမ်းသို့ သြဂုတ်လတွင် သွားရောက်ခဲ့သော အမေရိကန်သမ္မတဟောင်း Bill Clinton က Kim သည် မျှော်လင့်ထားသည်ထက် တက်ကြွလျက်ရှိကြောင်း ပြောကြားပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
0 comments:
Post a Comment