Transparency Myanmar

transparency.myanmar@gmail.com

From The Straits Times

7 Nov 2009

ပြီးခဲ့သည့် စနေနေ့က ဂျပန်နိုင်ငံဝန်ကြီးချုပ်သည် အမေရိကန်၏ မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံကြိုဆိုလိုက်ပြီး၊ ဂျပန်အနေဖြင့် မြန်မာနိုင်ငံကို အကူအညီများ တဖြည်းဖြည်းတိုးတက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာထောက်ထားသည့် အကူအညီများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် အကူအညီများ တဖြည်းဖြည်း တိုးတက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်များကို ကိုးကား၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ထုတ်ဖော်ပြောကြားပါသည်။

နှစ်နိုင်ငံတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ ဂျပန်ဝန်ကြီးချုပ် Hatoyama သည် အကူအညီပေးမည့် ပမာဏကိုမူ ပြောကြားခြင်းမရှိကြောင်း သိရှိရပါသည်။

အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားရာတွင် အကူအညီများ ပိုမိုပေးရန် ဆုံးဖြတ်ရခြင်း မှာ စစ်အစိုးရက မကြာခင်က နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန် လည်တွေ့ဆုံမှုနှင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးတိုးမြှင့်လာမှုတို့ကြောင့် ဖြစ်ကြောင်း ပြော သွားပါသည်။

Hatoyama က ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ပြောကြားရာတွင် အကယ်၍ လာမည့် နှစ်ရွေး ကောက်ပွဲသည် တရားမျှတမှုရှိခဲ့ပါက အကူအညီများ ထပ်မံတိုးတက်ပေးသွားမည် ဖြစ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်ဟု အဆိုပါတာဝန်ရှိ ပုဂ္ဂိုလ်က ပြောသွားခဲ့ပါသည်။ မည်သည့်အကူအညီမျိုးဖြစ် သည်ကိုမူ အကျယ်တဝင့် ပြောကြားခြင်းမရှိကြောင်း ဆိုပါသည်။

          မြန်မာဝန်ကြီးချုပ်သည် ပထမဆုံးအကြိမ် ကျင်းပသော ဂျပန် - မဲခေါင်ထိပ်သီး အစည်း အဝေးသို့ တက်ရောက်လာရာ ၂၀၀၃ ခုနှစ်အပြီး ပထမဆုံးလာရောက်သော ဝန်ကြီးချုပ်၏ ဂျပန်ခရီးစဉ် ဖြစ်ပါသည်။ အဆိုပါ မဲခေါင် - ဂျပန်အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ်သည် မြန်မာဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပါသည်။ မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံတွင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာ နိုင်ငံတို့ ပါဝင်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment