Transparency Myanmar

transparency.myanmar@gmail.com

4th Nov 2009

By Saw Yan Naing / Irrawaddy

          အလည်အပတ်ရောက်ရှိသော အမေရိကန်ကိုယ်စားလှယ်အဖွဲ့က မြန်မာအစိုးရ တိုင်းရင်းသားလူမျိုးစုပါတီများ၊ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးသော သတင်းနှင့် ရခိုင်ပြည်နယ် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လတ်တလော စတင်နေသည့် သတင်းတို့သည် ယခုအပတ်ထဲတွင် ထူးခြားစွာတိုက် ဆိုင်နေပါသည်။

          အဆိုပါ မတော်တဆတိုက်ဆိုင်နေသော ကိစ္စများနှင့်ပတ်သက်၍ကျွမ်းကျင်သူ များက မေးခွန်းထုတ်ခဲ့သည်မှာ "ဖြစ်ရပ် ခုကို မြန်မာဗိုလ်ချုပ်ကြီးများက အချိန်ကိုက် စီစဉ်ခဲ့သလား(သို့မဟုတ်) အမှန်တကယ်ပင်အမေရိကန်နှင့် တရုတ်သည် မြန်မာအစိုးရ အပေါ်လွှမ်းမိုးနိုင်ရန် အပြန်အလှန်ယှဉ်ပြိုင်ခဲ့ကြခြင်းပေလား"ဟူသော မေးခွန်း ခုပင် ဖြစ်သည်။

          စည်းအပြင်က မြန်မာနိုင်ငံသည် တချိန်ထဲတွင် ငါးနှစ်ကောင်ဖမ်းနိုင်ပါသလားဟု မေးစရာရှိပါသည်။ အကယ်၍သာ တရုတ်နိုင်ငံ၏ ရေနံပိုက်လိုင်းစီမံကိန်းသဘောတူညီ ချက်နှင့် အမေရိကန်၏ အရေးယူမှုများရုတ်သိမ်းပေးရန် လက်ခံကျေနပ်မှုတို့ကို တပြိုင် တည်း စုစည်းနိုင်ခဲ့လျှင် ရေပေါ်ဆီ တပ်မတော်ခေါင်းဆောင်များ၏ ဘဏ်စာရင်းများ သည် ရွှေရောင်လွှမ်းသွားမည်မှာသေချာပါသည်။

          အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို အိန္ဒိယသမုဒ္ဒရာရေလမ်းကြောင်း မှသယ်ယူလာကာ ရခိုင်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံကိုဖြတ်သန်း၍တရုတ်အနောက် တောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ပို့လွှတ်ပေးမည့် ရေနံပိုက်လိုင်း တည် ဆောက်ရေးလုပ်ငန်းများ ယခုစတင်နေပြီဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် National Petrol eum Corporation က အင်္ဂါနေ့က ထုတ်ပြန်ကြေငြာပါသည်။ ဒေါ်လာသန်းပေါင်းများ စွာ တန်သော အဆိုပါ ပိုက်လိုင်းစီမံကိန်းသည် ဘင်္ဂလားပင်လယ်အော် ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကိုလည်း တရုတ်နိုင်ငံသို့ သွယ်ယူမည်ဖြစ်သည်။

          အကယ်၍ ကီဂျင်းသာ ပြီးခဲ့သော နဂိုအဆင့်သို့ ပြန်သွားကာ နေပြည်တော်နှင့် ဆွေးနွေးရမည်ဆိုပါက မလက္ကာရေလက်ကြားကို အသွားအပြန်လုပ်ရန် ငွေစုဆောင်းရ သော စွမ်းအင်လိုအပ်မှုအပေါ်စိုးရိမ်မှုများကို တင်ပြပါလိမ့်မည်။ ပိုက်လိုင်းဆောင်လုပ် ပြီးစီးရန် အချိန်သတ်မှတ်ပါမည်။ တရုတ်သွေးနှောသည့်  ကိုးကန့်တပ်ဖွဲ့များကို တိုက် ခိုက်မည့် မြန်မာအစိုးရ၏ မူဝါဒအပေါ်အငြင်းပွားနေမှုကို ဘရိတ်အုပ်ထိန်းချုပ်ပါလိမ့် မည်။ ကိုးကန့်တပ်နှင့် မြန်မာတပ်များတိုက်ပွဲဖြစ်ပွားစဉ်က ဆုံးရှုံးခဲ့ရသော တရုတ်နိုင်ငံ အကျိုးစီးပွားများအတွက် လျော်ကြေးတောင်းမှုကို ပြန်လည်တန်ဘိုးဖြတ်ပါလိမ့်မည်။ တရုတ်ပြည်တွင်းသို့ ပြေးဝင်လာသော ဒုက္ခသည်များ ကိစ္စကိုလည်း လျစ်လျူရှုပါလိမ့် မည်။

          ယခုနှစ်ဆန်းပိုင်း အိုဘားမားအစိုးရ အာဏာရလာကတည်းကပင် မြန်မာအစိုးရ အပေါ်အရေးယူပိတ်ဆို့ထားသည့် ဘွတ်ရှ်၏ မူဝါဒများကို ပြောင်းလဲပစ်ရန် လျှင်မြန်စွာ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာအစိုးရနှင့် စေစပ်ဆွေးနွေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အရိပ်အယောင်ပြသခဲ့ပြီးနောက်တွင် ဆီနိတ်တာ Jim Webb ကို နေပြည်တော်သို့ စေလွှတ်ခြင်းဖြင့် အမေရိကန်က လျင်မြန်စွာလှုပ်ရှားဆောင်ရွက်ခဲ့ ပါသည်။ Jim Webb သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် လူ ခြင်းတွေ့ဆုံကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းထက်ပိုမိုထိ ရောက်သောခြေလှမ်းကို လှမ်းနိုင်ခဲ့ပါသည်။

          ပြီးခဲ့သော စက်တင်ဘာလက မြန်မာဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်သည် နယူး ယောက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်ခဲ့ပြီး တချိန် တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဥာဏ်ဝင်းကလည်း ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် Jim Webb နှင့် တွေ့ဆုံကာ အေးစက်ခဲ့သော ဆက်ဆံရေးကို တိုးတက်ရန်ကြိုးစားခဲ့ပါ သည်။

          မြန်မာနိုင်ငံရေးလေ့လာသူအများစုကမူ မြန်မာအစိုးရသည် ၎င်း၏ ဟန်ချက်ကို ထိန်းသိမ်းရန် ကြိုးစားနေသည်ဟုဆိုပါသည်။ အမေရိကန်အစိုးရသစ်နှင့်ကောင်းမွန် သော ဆက်ဆံရေး ထူထောင်ရန် ကြိုးစားနေချိန်တွင် တရုတ်နှင့်ခိုင်မာနေသော ဆက် ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလိုခြင်းဖြစ်ပါသည်။

          လတ်တလောမြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ခေါင်းဆောင်သော အမေရိကန်ကိုယ်စားလှယ် အဖွဲ့ကို အတိုက်အခံအဖွဲ့အစည်းများဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစုပါတီကိုယ်စားလှယ်အချို့နှင့်တွေ့ဆုံရန် မြန်မာ အစိုးရက ဗုဒ္ဓဟူးနေ့တွင်ခွင့်ပြုခဲ့ပါသည်။

          နိုင်ငံရေးလေ့လာသူများက အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်မှ ထွက် ပေါ်လာသော ရလဒ်များနှင့် ပတ်သက်၍ အကောင်းမြင်မှတ်ချက်ပေးရန် စောလွန်း သည်ဟု ဆိုပါသည်။

          အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် အချက်အလက်ရှာဖွေရေးတာဝန်ဖြင့်လာ ရောက်ခြင်းဖြစ်သဖြင့် ယခုခရီးစဉ်အပေါ်တွင်များစွာမျှော်လင့်မထားသင့်ပါဟု ချင်းမိုင်မှ မြန်မာ့အရေးလေ့လာသူဦးဝင်းမင်းက မှတ်ချက်ပေးပါသည်။

          အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အတိုက်အခံအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် ပေးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရသည် ၎င်းအပေါ်ချမှတ်ထားသော အရေး ယူပိတ်ပင်မှုများကို အမေရိကန်က ရုတ်သိမ်းစေလိုသော ဆန္ဒကြောင့် သဘောထားကွဲ လွဲဆန့်ကျင်သူ အတိုက်အခံများအပေါ်တင်းကြပ်ထားမှုများကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ် လိမ့်မည်ဟု ဝင်းမင်းက ဆက်လက်ပြောကြားပါသည်။

          မြန်မာ့နိုင်ငံရေးပြဿနာများကို အစဉ်တစိုက်ရေးသားခဲ့သူ ဗြိတိသျှစာနယ်ဇင်း သမား Lany Jagan က မိမိအထင်ကို ပြောရလျှင် ဤသည်မှာ ဗိုလ်ချုပ်မှူးကြီး၏ နိုင်ငံ တကာ ဆက်ဆံရေးနယ်ပယ်ကို ချဉ်းကပ်နေကြပုံစံတခုဖြစ်ကြောင်းကောက်ချက်ချပါ သည်။

          မြန်မာအစိုးရသည် ၎င်းတို့အနေနှင့် တရုတ်နိုင်ငံအပေါ်အပြည့်အဝမှီခိုနေခြင်း မဟုတ်ကြောင်း ပြသရန် ကြိုးစားနေသည်ဟု ထင်မြင်မိကြောင်း အမေရိကန်နှင့် တွေ့ဆုံ ဆွေးနွေးရန် တံခါးဖွင့်ခဲ့ခြင်းသည် အထက်ပါကိစ္စကို နိုင်ငံတကာက သိရှိရန် တင်ပြသည့် နည်းလမ်းတခုဖြစ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သူမှာ Burma Economic Watch export ကို ထုတ်ဝေခဲ့သူ သြစတြေးလျား Macquarie University မှ စီးပွားရေး ပညာရှင် Sean Turnell ဖြစ်သည်။

          သို့ရာတွင် မြန်မာနိုင်ငံတွင် အစစ်အမှန်ပြုပြင်ပြောင်းလဲမှုများမရှိသေးသရွေ့ အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းပေးလိမ့်မည်မဟုတ်ပါ။ ယခုအချိန်ထိလည်းမည် သည့်ပြောင်းလဲမှုမှ မတွေ့ရသေးပါ။ လက်ရှိအချိန်တွင် တစုံတရာဖြစ်ပေါ်ရန် ခဲယဉ်း သော်လည်း သံသယရှိစရာဖြစ်နေပါသည်။ ဤလမ်းကြောင်းသည် ယခင်က လျှောက် ဖူးပြီးသားဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။

          နောက်ထပ်မြန်မာ့အရေးစောင့်ကြည်သူ Temple University Japan Campus မှ အာရှလေ့လာရေးဆိုင်ရာညွှန်ကြားရေးမှူး Teff Kinggton က မြန်မာခေါင်းဆောင် များသည် အမေရိကန်နှင့်ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားခြင်းဖြင့် တရုတ်နိုင်ငံ အား မှီခိုနေရခြင်းကို ဟန်ချက်ထိန်းနေပုံရပြီး အမေရိကန်ကို လိုအပ်သလောက်သာ ဆက်ဆံလိမ့်မည်ဟု ဆိုပါသည်။

          ဤသည်မှာ ၎င်းတို့၏ စစ်အာဏာကို အမြစ်တွယ်ခိုင်မာနေမည့် မဟာဗျူဟာ တခုဖြစ်ပါသည်။

          မြန်မာနိုင်ငံတွင်းရှိ ငြိမ်းချမ်းရေး အခြေအနေသည် ကျိုးပျက်အက်ကွဲလွယ်ပြီး အဆိုပါငြိမ်းချမ်းရေး အခြေအနေကို မြန်မာ့တပ်မတော်က အကြီးအကျယ်ခြိမ်းခြောက် နေသည့် အချက်ကို သြဂုတ်လကဖြစ်ပွားခဲ့သော ကိုးကန့်ဒေသတိုက်ပွဲများက သတိ ပေးတပ်လှန့်နေပါသည်။

          တောင်တန်းဒေသများတွင် အနှစ် ၂၀ ကြာငြိမ်းချမ်းခဲ့ပြီးနောက်ဆုံးတွင် အပစ်အ ခတ်ရပ်စဲရေး ကျိုးပေါက်သွားတော့မည်ဖြစ်ကြောင်း ကိုးကန့်ဒေသထိုးစစ်က ညွှန်ပြနေ ပါသည်။

          တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံတမန်ဟောင်း ဦးချစ်ထွန်းက မြန်မာ့ တပ်မတော် ဗိုလ်ချုပ်ကြီးများသည် နိုင်ငံခြားသားများကို မုန်းတီးသူများဖြစ်ပြီး မည်သူ့ကိုမျှ ဂရုစိုက် သူများမဟုတ်ဟုဆိုပါသည်။

          "သူတို့က အရင်ဦးဆုံးလုပ်ထည့်လိုက်တယ်။ နောက်မှကြည့်ရှင်းတယ်"ဟုဆိုပါ သည်။ ၁၉၆၇ အဓိကရုဏ်းတွင် မြန်မာအစိုးရက တရုတ်လူမျိုးများကို နှိမ်နင်းဖြိုခွဲခဲ့ခြင်း ကို ထောက်ပြ၍ ၎င်း၏အမြင်ကို ပြောပြခဲ့ခြင်းဖြစ်ပါသည်။

          မကြာမီထွက်မည့် "Than Shwe:Unmasking Burma's Tyrant" စာအုပ်ကို ပူး တွဲရေးသားသူ Bencdict Roqers က "မြန်မာ့တပ်မတော်ခေါင်းဆောင်တွေရဲ့မူဝါဒက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကိုရှာဖွေဖို့ပါပဲ၊ အမေရိကန်နဲ့တွေ့ဆုံဆွေးနွေးမှ သူတို့ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမယ်လို့ ယုံကြည်ရင် ဟုတ်ကဲဆွေးနွေးပါမယ်လို့ ပြောမဲ့သူတွေပါ ဟုပြောကြားခဲ့ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment