Transparency Myanmar

transparency.myanmar@gmail.com

6 Nov 2009

Marwaan Macan - Marcar / IPS

        စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံအတွင်းသို့ အမေရိကန်ပြည်ထောင်စုအစိုးရ၏ သံတမန် ဆိုင်ရာ ထိုးဖောက်ဝင်ရောက်မှုသည် လတ်တလောနှစ်များအတွင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် အဖွဲ့များကိုပင် တားမြစ်ထားခဲ့သော နယ်မြေသို့ တဖြည်းဖြည်းဝင်ရောက်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီး နိုင်ငံတွင်း ဖိနှိပ်ခံနေရသော တိုင်းရင်းသား လူမျိုးစုများနှင့် တွေ့ဆုံခဲ့ပါသည်။

          တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ် ဦး၊ ဦးနှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့ပါသည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Scot Marcial က ကြာသပတေးနေ့တွင် ဘန်ကောက် ချူလာ လောင်ကွန်းတက္ကသိုလ်တွင် သံတမန်များ၊ ပညာရှင်များ စာနယ်ဇင်းသတင်းထောက်များနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့ပါသည်။ "၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ပူပန်မှုတွေ၊ အစိုးရက စစ်တပ်ကို အသုံးပြုခြိမ်းခြောက်တာတွေကို ရင်ဖွင့်ပြောပြခဲ့ကြတယ်" ဟု ၎င်းကဆိုသည်။

          အစိုးရအဖွဲ့၊ မြန်မာအတိုက်အခံပါတီများ၊ လူမျိုးစုအဖွဲ့အစည်းများအကြားတွေ့ဆုံဆွေးနွေး မှုစတင်ရန် မိမိတို့အခိုင်အမာတောင်းဆိုခဲ့သည်ဟု Marcial က ၎င်းနှင့် Kurt Campbell နှစ်ရက် ကြာ မြန်မာခရီးစဉ်အပြီးတွင် ပြောကြားပါသည်။ တွေ့ဆုံဆွေးမှုရဲ့ရည်ရွယ်ချက်ကတော့ အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် ပေါ့ဗျာ ဟုဆိုပါသည်။

          မြန်မာနိုင်ငံအပေါ်အမေရိကန်ပြည်ထောင်စု၏ ချဉ်းကပ်လာမှုသည် သမ္မတအိုဘားမားအစိုးရ လက်ထက် ဝါရှင်တန်တွင် ပေါ်ထွက်လာသော အသံသစ်၊ အယူအဆသစ် အပေါ်စည်းဝါးကိုက်ညီစွာ ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာအစိုးရနှင့် ဆွေးနွေးညှိနိုင်းခြင်းဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် တိုက်တွန်းအားပေးခြင်းသည် အရေးကြီးသော အခြေခံအယူအဆဖြစ်သည်။ ဤသည် မှာ တင်းမာစွာပြုမူလေ့ရှိသော သမ္မတဘွတ်ရှ်လက်ထက်က မူဝါဒများနှင့် ခြားနားသော အချက်ပင်ဖြစ် သည်။       

          သို့ရာတွင် ၁၉၉၀ ခုနှစ်များ၏ အလယ်ပိုင်းလောက်မှစ၍ မြန်မာနိုင်ငံအပေါ်ပြင်းထန်သော စီး ပွားရေး ပိတ်ပင်မှုများချမှတ်ခဲ့သည့် သမ္မတဘွတ်ရှ်၏ လမ်းကြောင်းအတိုင်း ယခုအိုဘားမားအစိုးရက ဆက်လက်လိုက်ပါဦးမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုပေါ်တွင် မူတည်နေသော အရေးယူပိတ်ပင်မှု များကို ဆက်လက်ထားရှိမည်ဟု Marcial ကပြောပါသည်။

          ယခုခရီးစဉ်တွင် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် တွေ့ဆုံမှုရလဒ်ပေါ်အခြေခံ၍ Marcial က "ယခုကဲ့သို့ အချက်အလက်ရှာဖွေရေးအ ဆင့်တွင် ပြုပြင်ပြောင်းလဲမှုများကို မျှော်လင့်ရန် စောလွန်းပါသည်" ဟု လျော့လျော့ပေါ့ပေါ့ သုံးသပ်ခဲ့ ပါသည်။

          ကျွန်တော်တို့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီးမှ လာခဲ့တာပါ။ ထင်ယောင်ထင်မှားဖြစ်စရာ မရှိပါဘူး ဟု ပြောကြားခဲ့သော Marcial တို့ကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံ၏ အရေးကြီးပုဂ္ဂိုလ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ခြင်းမရှိပါ။ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မမျှော်မှန်းခဲ့ပါ ဟုလည်း ၎င်းကပြောကြားပါသည်။

          သို့ရာတွင် မြန်မာနိုင်ငံ လူဦးရေ ၅၆ သန်း၏ ၄၀ % ရှိပြီး မြန်မာနိုင်ငံ အကျယ်အဝန်း၏ ၅၂ % ကို ထိန်းသိမ်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် မမျှော်လင့်ဘဲ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းကို မျှော်လင့်ခြင်း သင်္ကေတအဖြစ် ဂုဏ်ပြုရပါမည်။ မြန်မာနိုင်ငံမြို့တော်ဟောင်း ရန် ကုန်တွင် ပြုလုပ်သော နာရီကြာတွေ့ဆုံမှုတွင် ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်၊ ကချင်၊ လူမျိုးစုကိုယ်စားလှယ် များပါဝင်ခဲ့ပါသည်။

          တိုင်းရင်းသားလူမျိုးစုပါတီ ၁၂ ခုပေါင်းစည်းထားသော United Nationalities Alliance ပြောရေးဆိုခွင့်ရှိသူ ချင်း စိုင်းသန်း က ကျွန်တော်တို့အတွက် အရေးကြီးတဲ့ တွေ့ဆုံမှုပါ။ ကျွန်တော်တို့ အများကြီးမျှော်လင့်ထားပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုမျိုးလုံးဝမရှိခဲ့ဘူးပါဟုပြောကြားပါသည်။

          လွန်ခဲ့သော နှစ်က ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည့်အစီအစဉ်ကို တားမြစ်ခံခဲ့ရသည်ဟု ချင်းတိုင်းရင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက တယ်လီဖုန်းဖြင့် ရန်ကုန်သို့ ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့ပါသည်။ အမျိုးသားပြန်လည်ပေါင်းစည်းရေးလုပ်ငန်းမှာ ကျွန် တော်တို့အဖွဲ့အစည်းပါဝင်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာတာပါ ဟုလည်း ၎င်းကဆိုပါသည်။

          မြန်မာအစိုးရ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ပေးခဲ့သော ကုလသမဂ­­­­္ဂအထူး ကိုယ်စားလှယ်မှာ ရာဇာလီအစ်စမေးလ်ဖြစ်ပြီး ၎င်းမှာ မလေးရှားသံတမန်ဟောင်းတစ်ဦးဖြစ်သည်။ သို့ ရာတွင် ၂၀၀၆ က တာဝန်လွှဲပြောင်းယူခဲ့သော နိုက်ဂျီးရီးယား သံတမန် အီဘရာဟင်ဂမ်ဘာရီ ကုလ အထူးကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ရာတွင် အဆိုပါတွေ့ဆုံမှုမျိုးကို အစိုးရက တားမြစ်ခဲ့ပါသည်။

          အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့်ဆွေးနွေးခဲ့သော တိုင်းရင်းသားများ၏ နစ်နာမှုများမှာ အပြစ်အနာမကင်းသော ဆန္ဒခံယူပွဲဖြင့်အတည်ပြုခဲ့သော ၂၀၀၈ အခြေခံဥပဒေအပါအဝင်ကြိုတင်အ ကွက်ချ ၂၀၁၀ ရွေးကောက်ပွဲများမှသည် လက်နက်ကိုင်လူမျိုးစုစစ်တမ်းများကို မြန်မာစစ်တပ်လက် အောက်ခံနယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်  အစိုးရ၏ ဖိအားပေးမှုများအထိပါဝင်ပါသည်။

          ၂၀၀၈ အခြေခံဥပဒေကို ကျွန်တော်တို့သဘောမူပါ။ ဆန္ဒခံယူပွဲမှာလည်း အတုအယောင် သာဖြစ်ပါသည်။ အခြေခံဥပဒေသစ်တွင် တိုင်းရင်းသားလူမျိုးစုများကို ကာကွယ်ပေးရန် ဖော်ပြထား ခြင်းမရှိပါဟု ချင်းစိုင်းသန်းက ထုတ်ဖော်ပြောကြားပါသည်။

          လာမည့်နှစ်ရွေးကောက်ပွဲသို့ ဦးတည်သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်ပေါင်းစည်းမှုတွင် တိုင်းရင်းသားလူမျိုးစုအဖွဲ့များပါဝင်ရမည်ဟု Forum for Democray in Burma မှ ပြောခွင့်ရှိသူ စိုးအောင်က ပြောပါသည်။ ယခုကိစ္စကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံခြားအဖွဲ့အစည်းများသို့ တင်ပြ ထားသည်ဟုဆိုပါသည်။

          ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူမျိုးစုအဖွဲ့များအား ပိတ်ပင်ထားခြင်းသည် ဥပဒေ အရတရားဝင်ရန်ကြိုးစားနေသော အစိုးရ၏ လိုအပ်ချက်ကိုအားနည်းသွားစေမည်ဖြစ်သည်ဟု စိုး အောင်က ဆက်လက်ပြောကြားပါသည်။ အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သော ၁၉၉၀ ရွေး ကောက်ပွဲတွင် တိုင်းရင်းသားပါတီများက လွှတ်တော်ကိုယ်စားလှယ် ၆၇ နေရာ အနိုင်ရရှိခဲ့သည်ဟု သိရပါသည်။

          မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းများ ၏စုပေါင်းအဖွဲ့က ဝါရှင်တန်၏ သံတမန် ခရီးကြမ်းကို တုန်လှုပ်သွားအောင် စိန်ခေါ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၀ ကျော်ရှိသည့် အနက် အင်အားကြီးအုပ်စုများမှာ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းတို့ဖြစ်ကြပြီး မြန်မာ့တပ်မတော်က ကျူးလွန်နေသော လူအခွင့်အရေးချိုးဖောက်မှုများကို အကြီးအကျယ်ခံစားရ သော သားကောင်များလည်းဖြစ်ပါသည်။

          ၁၉၄၈ ခုနှစ် ဗြိတိသျှကိုလိုနီဘဝမှ လွတ်မြောက်ချိန်ကစ၍ အဆိုပါ တိုင်းရင်းသားလူမျိုးစု သူ ပုန်အဖွဲ့များကို မြန်မာ့တပ်မတော်က စစ်ပွဲများ ဆင်နွှဲခဲ့ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် စုခန့်က မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ကရင်အဖွဲ့အစည်း (KNU/KNLA) ကမူ မြန်မာတပ်မတော်အစိုးရ၏ တိုင်းပြည်ကို ပြည့်အဝလက်ဝါးကြီးအုပ်ရန် ကျုံးသွင်းခြင်းကို ငြင်းဆန်ပယ်ချခဲ့ပါသည်။

          တိုင်းရင်းသားတွေနဲ့ဆက်ဆံရေး ကိစ္စက အံ့သြစရာကောင်းလောက်အောင် ရှုပ်ထွေးတဲ့ ကိစ္စ တစ်ခုပါဟုပြောကြားသူမှာ ကျယ်ပြန့်စွာချီးကျူးခြင်းခံရသော The River of Lost Footsteps စာအုပ် ကို ရေးသားသူမြန်မာ့သမိုင်းပညာရှင် သန့်မြင့်ဦးဖြစ်ပါသည်။ တိုင်းရင်းသားများ၏ ကိစ္စသည် ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်၏ အဓိကဗဟိုချက်ပင်ဖြစ်သည်ဟု ၎င်းကဆိုပါသည်။

          တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အမေရိကန် မစ်ရှင်တို့၏ တွေ့ဆုံဆွေးနွေးမှုက "အမေရိ ကန်အစိုးရသည် ယခုကိစ္စကို အလေးအနက်သတိပြုရမည်"ဆိုသော အချက်ကို ဖော်ထုတ်နိုင်ခဲ့သည် ဟု သန့်မြင့်ဦးက IPS သို့ပြောကြားခဲ့ပါသည်။ တိုင်းရင်းသားများ၏ နစ်နာမှုကို ဆွေးနွေးဖြေးရှင်းရေး နှင့် လက်နက်ကိုင်အကျပ်အတည်းကို အဆုံးသတ်ရေးသည် အဓိကစိန်ခေါ်မှုများဖြစ်လာလိမ့်မည်ဟု ၎င်းက သုံးသပ်ခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment