Transparency Myanmar

transparency.myanmar@gmail.com

9th  Nov 2009

Lilian Budianto / Jakatar Post

          စင်ကာပူတွင် နိုဝင်ဘာ ၁၅ ရက်နေ့၌ အမေရိကန်နှင့် အာဆီယံခေါင်းဆောင်များ ပထမအကြိမ် တွေ့ဆုံရာတွင် ဆွေးနွေးကြမည့် ကိစ္စများအနက် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စလည်း ပါဝင်ပါသည်။

          ဇူလိုင်လက "ဝါရှင်တန်" က ရေးထိုးခဲ့သည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်၏ နောက်ဆက်တွဲအဖြစ် ယခု အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်များ၏ အစည်းအဝေးကို ကျင်းပခြင်းဖြစ်သည် ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ပါသည်။

          ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အမေရိကန်က ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ ပြည်တွင်းရေးရာ ကိစ္စများတွင် မစွက်ဖက်ရေး စသည့် အချက်များ ပါဝင်ပါသည်။

          အာဆီယံနှင့် အမေရိကန် လက်မှတ် ရေးထိုးထားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးကိုလည်း ယခု အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment