Transparency Myanmar

transparency.myanmar@gmail.com

Financial Times

By Tim Johnston

          မြန်မာနိုင်ငံသို့ အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်များ အလည်အပတ် ရောက်ရှိခဲ့သော်လည်း၊ အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံခြင်း မူဝါဒနှင့်ပတ်သက်၍ မည်သည့်ရလဒ်များ ရရှိခဲ့သည် ဆိုသည်ကိုမူ နှစ်နိုင်ငံစလုံးက အတိအလင်း ထုတ်ပြန်ကြေညာမှု မပြုခဲ့ပေ။

          အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ်တို့၏ မြန်မာနိုင်ငံသို့ ရက်အကြာ အလည်အပတ်ခရီးလာရောက်စဉ် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်းကိုသာ မြန်မာနိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

          အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်နှစ်ဦး၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာအစိုးရနှင့် မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ပြီး မည်သည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်းကိုမူ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့မာဆီယယ်က ပြောကြားခြင်း မရှိပေ။

          မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်တွင် ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ မြန်မာအစိုးရ အပါအဝင် အတိုက်အခံများ၊ လူမျိုးစု နိုင်ငံရေးပါတီများကို အမေရိက၏ မူဝါဒအပြောင်းအလဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် ၎င်းတို့ထံမှ ၎င်းတို့၏ အမြင်များ အယူအဆများကို နားထောင်ရန်ပင် ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ထွက်ခွာအပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်သော ဟောပြောပွဲတွင် မာဆီယယ် က ပြောကြားသည်။

          အမေရိကသည် ယခင်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုစသော မူဝါဒများချမှတ်ထားခဲ့ သော်လည်း ယခုအခါ မူဝါဒအစား ဒီမိုကရေစီအခြေခံမှုများတိုးတက်ဖြစ်ထွန်းစေမည့် ထိတွေ့ဆက်ဆံ သည့် မူဝါဒကို ကျင့်သုံးလျက်ရှိသည်။

          သို့သော် ယင်းမူဝါဒသည် စွန့်စားမှုကြီးမားပြီး အမေရိကအနေဖြင့် ယခင်က ကမ္ဘာ့အလယ်တွင် အထီးကျန်နေခဲ့သော အီရန်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု ကျင့်သုံးခဲ့သည့် မူဝါဒအပေါ် အသေချာဆုံး သုံးသပ်လျက်ရှိသည်။

          အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် လက်တွေ့မပါသော နှုတ်ကတိများသာ ပေးအပ်မည်ဆို ပါက အမေရိကန်အစိုးရအနေဖြင့် အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ယခင် အမေရိကန်သမ္မတ ဟောင်း ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်က အမျိုးသားလုံခြုံရေးကောင်စီတွင် လုပ်ကိုင်ခဲ့သူ မိုက်ကယ်ဂရင်းက ပြောကြားသည်။

          မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံခြင်းသည် အရေးကြီးကြောင်း သို့သော် ဒီမိုကရေတစ်လုပ်ငန်းစဉ်များတွင် တိုးတက်မှုမရှိပါက မြန်မာစစ်အစိုးရအနေဖြင့် တန်ဖိုးကြီးကြီး ပေးဆပ်ရမည် ဆိုသည်ကိုမူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ရှင်းရှင်းလင်းလင်း အသိပေးထားသင့်ကြောင်း ၎င်းက ဆိုသည်။ မြန်မာစစ်အစိုးရသည် ပြည်ပမှ ဖိအားများကို ယခင် အတိတ်ကာလကတည်းက အံတုနိုင်သော အစိုးရတစ်ရပ် ဖြစ်သည်။

          အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်များ၏ ယခုတစ်ပတ် ခရီးစဉ်သည် မြန်မာစစ်ဗိုလ်ချုပ်များကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုးရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းပြောကြားရန် ဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်စုကြည် သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အာဏာရရှိခဲ့ခြင်း မရှိပေ။

          မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ပိတ်ဆို့အရေးယူမှု အကြောင်း၊ မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် အားလုံးပါဝင်မှု နည်းပါးခြင်းဟူသော အဓိကပြဿနာများအကြောင်း ဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံ၏ အဓိကနိုင်ငံရေး အင်အားစုများအကြားတွင် တိုးတက်မှုရရှိနိုင်သော နည်းလမ်းများက တွေ့ဆုံဆွေးနွေးရေးဟု မိမိယူဆကြောင်း အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မာဆီယယ်က ပြောကြားသည်။        


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment