Transparency Myanmar

transparency.myanmar@gmail.com

14th Nov, 09, AP news

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်  တိုက်ရိုက် ဆက်ဆံဆွေးနွေးမည့် ၎င်း၏ မူဝါဒအသစ်သည် မြန်မာ ခေါင်းဆောင်များ၏ အပြုအမူကို ပြောင်းလဲရန် မစွမ်းဆောင်နိုင်သည့် အရေးယူမှုများပေါ်တွင် အခြေပြု ရေးဆွဲထားခြင်း ဖြစ်သည်ဟု တိုကျိုတွင် ပြောဆိုခဲ့ပါသည်။

တိုကျိုတွင် အိုဘားမားက အာရှ - ပစိဖိတ်ဒေသနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် နှစ်သက်တမ်းရှည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို အကန့်အသတ်မရှိ လွှတ်ပေးရန် ကနဦးအဆင့် ဆောင်ရွက်ရမည်ဟု ဆိုပါသည်။

အိုဘားမားက ဆက်လက် ပြောကြားရာတွင် လူ့အခွင့်အရေး အခြေအနေတစ်ခုနှင့် ပတ်သက်၍ တစ်ယောက်မှ မကျန် အားလုံးပြုပြင်ပြောင်းလဲရေးသည် နိုင်ငံ၏ စစ်မှန်သော လုံခြုံမှုနှင့် အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မှတ်ချက်ပေးပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment