Transparency Myanmar

transparency.myanmar@gmail.com

      မြန်မာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေး မူဝါဒသစ်မျိုးဖြင့် ပြောင်းလဲ ကျင့်သုံးခဲ့သော်လည်း မြန်မာစစ်အစိုးရအနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် သဘောထားများ ရုတ်တရက် ပျော့ပျောင်းလာမည်ဟု မမျှော်လင့်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖိလစ်ပိုင်နိုင်ငံတွင် ပြောကြား သည်။

          "ကျွန်မကတော့ အဲဒီလိုပဲ သံသယဖြစ်မိတယ်။ ရုတ်တရက် ပြောင်းလဲလာမယ်လို့ မမျှော်လင့်မိဘူး။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အချိန်တော်တော် ယူရမယ်။ စိတ်လည်း ရှည်ရမယ်" ဟု ဟီလာရီက မနီလာမြို့တွင် ကျင်းပပြုလုပ်သော ပြည်သူ့ရေးရာ ဖိုရမ်တွင် ပြောကြားသည်။ အမေရိကန်နှင့် မြန်မာစစ်ခေါင်းဆောင်များ တွေ့ခွင့်ရမည့် အာရှပစိဖိတ် ထိပ်သီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်နိုင်ခြင်းရှိ၊ မရှိ ကို အေပီသတင်းဌာနက မေးမြန်းမှုအား ဟီလာရီကလင်တန်က ဖြေကြားခြင်း ဖြစ်သည်။

          စင်ကာပူနိုင်ငံတွင် လက်ခံကျင်းပသော အဆိုပါ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံခွင့်ရမည် ဖြစ်သလို အမေရိကန် သမ္မတ အိုဘားမားနှင့်လည်း တွေ့ခွင့်ရမည် ဖြစ်သည်။ အဆိုပါတွေ့ဆုံမှု သည် မြန်မာစစ်အစိုးရခေါင်းဆောင်များ နှင့် အမေရိကန်သမ္မတတို့ နှစ်ပေါင်း ၄၃ နှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်သည်။

          ဤသို့ တွေ့ဆုံခြင်းမှာလည်း အမေရိကန်အစိုးရက မကြာသေးခင် လပိုင်းလောက်က ပြောင်းလဲခဲ့သော မူဝါဒသစ်ကြောင့် ဖြစ်သည်။ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအား ချော့တစ်ခါ ခြောက်တစ်လှည့် ဗျူဟာမျိုးဖြင့် ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည်။ ယခင် သမ္မတဘွတ်ရှ်လက်ထက်က မြန်မာနိုင်ငံအပေါ် တင်းမာသည့် သဘောထားမျိုးဖြင့် ဆက်ဆံပြီး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ယခု သမ္မတ အိုဘားမားက စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ် သွားမည်ဟု ဆိုသည်။ သို့သော် ဥရောပ နိုင်ငံများနှင့် အတူ ချမှတ်ထားသည့် ပိတ်ဆို့မှုမူဝါဒများကိုမူ ဆက်လက်ကျင့်သုံး သွားမည် ဖြစ်သည်။

          မည်သို့ဆိုစေ ဟီလာရီကလင်တန်က သူမ၏ အာရှခရီးစဉ်များအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်ကို ချီးမွမ်း ပြောဆိုခဲ့သည်။

          "မြန်မာစစ်အစိုးရခေါင်းဆောင်ပိုင်း တွေဟာ သမိုင်းရဲ့မှားတဲ့ဘက်အခြမ်းမှာ ရောက်နေတယ်လို့ကျွန်မက ခြွင်းချက် မရှိယုံပါတယ်။ တစ်ခုမေးရမှာက သူတို့ တစ်တွေ အဲဒီမှားနေတဲ့ဘက်မှာ ဘယ်လောက်ကြာကြာ ဆက်နေကြမလဲ ဆိုတာပါပဲ" ဟု ဟီလာရီကဆိုသည်။

အေပီသတင်းဌာန၏ Clinton see no quick change in Myanmar ကိုဘာသာ ပြန်ထားခြင်းဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment