Transparency Myanmar

transparency.myanmar@gmail.com

By Stephanie Griffith,From AFP : 17 - Nov - 2009

အမေရိကန်သမ္မတ Barack Obama သည် လွန်ခဲ့သော () ရက်က ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် သတင်းဓာတ်ပုံများတွင် ဂျပန်ဧကရာဇ်အား ခါးကိုင်း၍ နှုတ်ဆက်သည့်ပုံ ပါဝင်ရာ ဝေဖန်သူများက အမေရိကန်ကို ကိုယ်စားပြုသည့်အနေဖြင့် မတ်မတ်ရပ်ပြီး နှုတ်ဆက်သင့်ကြောင်း ဆိုပါသည်။

အိုဘားမားသည် တနင်္လာနေ့က တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး၊ ဂျပန်သို့ ရောက်ရှိစဉ်က ဂျပန်ဧကရာဇ်အား ခါးကိုင်း၍ နှုတ်ဆက်ခြင်းသည် အမေရိကန်ပြည်ထောင်စု သမ္မတအနေဖြင့် တိုင်းပြည်ကို သိက္ခာကျ၍ မှေးမှိန်အောင် လုပ်လေသလားဟု ဝါရှင်တန်မှ တတ်သိပုဂ္ဂိုလ်များက လေးနက်စွာ ဝေဖန်နေကြပါသည်။

ဤသို့ပြုလုပ်ရန် သင့်တော်ကြောင်း Obama က အဘယ်ကြောင့် တွေးရသနည်း။ ဤသို့ နှုတ်ဆက်ခြင်းဖြင့် ဂျပန်တွင် အားလုံး အဆင်ပြေလိမ့်မည်ဟု တွေးထင်ထားပုံ ရကြောင်း၊ သို့သော် အမေရိကန် သမ္မတတစ်ဦးအနေဖြင့် နိုင်ငံခြားသားတစ်ဦးကို ဤသို့ ခေါင်းမငုံ့သင့်ကြောင်း၊ ခေတ်ဟောင်း အယူအဆရှိသူ ပညာရှင် William Kristol က တနင်္ဂနွေနေ့က Fox News သို့ ပြောပါသည်။ ဤအပြုအမူသည် Obama လက်ထက်တွင် အမေရိကန်ပြည်ထောင်စုကို သေးသိမ်အောင် ပြုလုပ်သည်နှင့် အတူတူဖြစ်ကြောင်း ထပ်လောင်း ပြောကြားသွားပါသည်။

အခြား ခေတ်နောက်ပြန်ဆွဲသူတစ်ဦးဖြစ်သူ Bill Bennett က CNN သို့ ပြောကြားရာတွင် ရုပ်ဆိုးလွန်းကြောင်း၊ ၎င်းအနေဖြင့် ကြည့်ပင် ကြည့်လိုစိတ် မရှိကြောင်း ပြောပါသည်။

မိမိတို့အနေဖြင့် ဘုရင်များ၊ ဧကရာဇ်များကို လေးစားကြောင်း၊ ပြသရန် မလိုကြောင်း၊ ယခု ကိစ္စသည် အမေရိကန်သမ္မတက တောင်းပန်နေသလို ဖြစ်ကြောင်း Bennett က ဆိုပါသည်။

အခြားဝေဖန်သူများက Obama ကို ဒုတိယသမ္မတဟောင်း Dick Cheney နှင့် နှိုင်းယှဉ်ခဲ့ရာ၊ ၂၀၀၇ ခုနှစ်က Cheney သည် ဂျပန်ဘုရင်ကို နှုတ်ဆက်ရာတွင် လူအနေအထားကို မတ်မတ်ရပ်၍ နှုတ်ဆက်ကြောင်း ဆိုပါသည်။

လွန်ခဲ့သော အနှစ် (၂၀)အတွင်း မည်သည့် ကမ္ဘာ့ခေါင်းဆောင်ကမျှ ဂျပန်ဘုရင်ကို ခါးညွှတ်၍ မနှုတ်ဆက်ကြောင်းကို မိမိအလောင်းအစား ပြုလုပ်ဝံ့ကြောင်း၊ Kristol က ပြောပါသည်။

ယခု အပြုအမူသည် ဧပြီလက (G-20) အစည်းအဝေးတွင် ဆော်ဒီအာရေဗျဘုရင် Abdullah ကို Obama က ခါးညွှတ်၍ နှုတ်ဆက်ပြီးနောက်၊ နောက်ထပ် စိတ်အနှောင့်အယှက် ဖြစ်စရာ အပြုအမူဖြစ်ကြောင်း ပြောပါသည်။

အမေရိကန်သမ္မတ၏ အာရှခရီးစဉ်သည် Obama ရွေးကောက်ပွဲ အနိုင်ရပြီး၊ တစ်နှစ်အကြာတွင် ထွက်ပေါ်လာရာ အာရှတွင် တရုတ်ကြီး၏ လွှမ်းမိုးလာမှုကို ချိန်ညှိမည့် အမေရိကန်ပါဝါကို ပြသရန် ဖြစ်ပါသည်။

သို့ရာတွင် အမေရိကန် ပြည်တွင်းတွင် Obama ဂျပန်တွင် ခါးကိုင်း နှုတ်ဆက်မှုကိုသာ အာရုံစိုက်မှု ရရှိခဲ့ပါသည်။

ယခု အမူအရာသည် Obama ကို ဝေဖန်သူများကြားတွင် ဖြစ်ပေါ်လာသော စိတ်တိုင်းမကျစရာ ကိစ္စရပ် ဖြစ်စေပါသည်။ ၎င်းတို့က သမ္မတ Obama သည် ကမ္ဘာ့ စူပါ ပါဝါအနေဖြင့် အခြားခေါင်းဆောင်များနှင့် ဆက်ဆံရာတွင် အောက်စည်းသို့ ရောက်စေသော အမူအရာဖြစ်ကြောင်း ဝေဖန်ခဲ့ပါသည်။

  အားလုံးက သမ္မတ၏ အမူအရာကို အဆိုးဘက်မှ ပြစ်တင်ဝေဖန်နေချိန်တွင် ဒီမိုကရက်တစ် လှုပ်ရှားသူ Donna Brazile က သမ္မတဖက်မှ ကာကွယ်၍ ပြောကြားသွားပါသည်။ ကြင်နာမှုကို ပြသသော အမူအရာဟု ထင်ကြောင်း၊ တစ်ဦးကို တစ်ဦး လေးစားမှုကို ပြ၍ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပြုလုပ်ရန် ရည်ရွယ်ပုံ ရသည်ဟု သူမက ဆိုပါသည်။

တစ်ချိန်တည်းတွင် အမည်မဖော်လိုသူ Obama အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက Politico.com သတင်းသို့ ပြောကြားရာတွင် သမ္မတသည် ခေါင်းဆောင်အချင်းချင်း ရိုးရိုးသားသား နှုတ်ဆက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။ အဆိုပါကိစ္စကို နိုင်ငံရေးအရ ဆွဲ၍ ပြောဆိုခြင်းများသည် အခြေခံအကြောင်းများနှင့် ညီညွတ်မှုမရှိကြောင်း ၎င်းက ဆိုပါသည်။

Obama ဂျပန်တွင် မိန့်ခွန်းပြောကြားသည်ကို တွေ့သူများနှင့် နှစ်နိုင်ငံ အစည်းအဝေးပွဲ တွင် တုန့်ပြန်မှုများကို တွေ့ရှိသူများက မည်သို့မျှ ပြောလိမ့်မည် မထင်ကြောင်း၊ အမေရိကန်၏ နေရာနှင့် အဆင့်အတန်းကို တိုးတက်အောင် ပြုလုပ်ပေးခဲ့သည်ကို အားလုံးအသိ ဖြစ်ကြောင်း Politico တွင် ရေးသားထားပါသည်။

ယခု ဂျပန်ခရီးစဉ်သည် အရေးကြီးသောအချိန်တွင် အပေါင်းလက္ခဏာဆောင်သော၊ ကောင်းသော ဆောင်ယူခြင်းများ ရှိကြောင်း ရေးသားထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment