Transparency Myanmar

transparency.myanmar@gmail.com

By Charles Hutzler, Associated Press

November 16, 2009

အာရှ ပစိဖိတ် ထိပ်သီးဆွေးနွေးပွဲ (APEC) ကောင်းသော အပိတ်ရလဒ်အဖြစ် ယခုနှစ်ကုန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သော အမေရိကနှင့် ရုရှားတို့၏ နျူကလီးယား လက်နက် လျော့ချရေးဆိုင်ရာ သဘောတူညီချက်ကို အသစ် ထပ်မံ စာချုပ်ချုပ်ရန် နှစ်နိုင်ငံစလုံးက အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။

APEC (အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု့) ထိပ်သီးဆွေးနွေးပွဲသို့ အမေရိကန် သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ မက်ဗီဒက် တို့ တက်ရောက်ခဲ့ကြပါသည်။ ၎င်းတို့နှစ်ဦး၏ သီးသန့် ဆွေးနွေးခဲ့ကြပြီး လာမည့် ဒီဇင်ဘာလ ()ရက်နေ့တွင် သက်တမ်း ကုန်ဆုံးတော့မည့် မဟာဗျူဟာမြောက် နျူကလီးယားလက်နက် လျော့ချရေးစာချုပ်နှင့် ပတ်သက်၍ ထပ်မံ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်ကိစ္စ ဆွေးနွေးရာ တိုးတက်မှုများ ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မိမိတို့ နှစ်ဦးသည် ၁၉၉၁ ခုနှစ်က ချုပ်ဆိုခဲ့ကြသော START စာချုပ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှုကောင်းများ ရရှိခဲ့ကြောင်း၊ ယခုချိန်တွင် အသေးစိတ် နည်းပညာဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသေးသော်လည်း၊ အမှန်တကယ် ကြိုးစားသွားပါက သဘောတူညီမှုရမည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ဆိုသည်။

အဆိုပါ နျူကလီးယားလက်နက် လျော့ချရေးဆိုင်ရာ သဘောတူစာချုပ်ကို လာမည့်ဒီဇင်ဘာလ မတိုင်မီ အပြီးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရုရှားသမ္မတ မက်ဗီဒက်က ပြောကြားသည်။

စင်္ကာပူတွင် ကျင်းပသော အေပက် ထိပ်သီးဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ အိုဘားမားနှင့် အခြားနိုင်ငံမှ ခေါင်းဆောင်များသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု့နှင့် ပတ်သက်၍ သိသာ မြင်သာသော လုပ်ဆောင်ချက်များ ပြုလုပ်ကြရန် သဘောတူညီခဲ့ကြသည်။

ယင်းထိပ်သီးဆွေးနွေးပွဲ၌ ကမ္ဘာ့ခေါင်းဆောင်များသည် လာမည့်လ ကိုပင်ဟေဂင်တွင် ကျင်းပမည့် နိုင်ငံပေါင်း (၁၉၂) နိုင်ငံ ပါဝင်မည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ၌ နိုင်ငံအားလုံး သဘောတူညီနိုင်မည့် သဘောတူညီချက်များ ချမှတ်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။ ယခု ဆွေးနွေးပွဲကို အထောက်ရှုခြင်းအားဖြင့် လာမည့် ကိုပင်ဟေဂင် ဆွေးနွေးပွဲ၌ ကမ္ဘာကြီးပူနွေးမှုကို အဓိကဖြစ်စေသော ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးအတွက် တစ်ကမ္ဘာလုံး သဘောတူညီနိုင်သော စာချုပ်သစ် ချုပ်ဆိုရန် ဖြစ်နိုင်ချေ နည်းပါးဖွယ်ရှိသည်။

ထို့ပြင် အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာအပါအဝင် အာဆီယံ (၁၀) နိုင်ငံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ရာ မြန်မာတပ်မတော် အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်၍ အထီးကျန်စေသည့် အမေရိကန်နှင့် ယခင် နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် အာဆီယံခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံရာ၌ မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားနိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက ပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ရောဘတ်ဂစ်ဘ က ပြောကြားသည်။

သို့သော် အမေရိကန်နှင့် အာဆီယံခေါင်းဆောင်များ၏ ပူးတွဲသတင်း ထုတ်ပြန်ချက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ နာမည် ပါဝင်ခြင်း မရှိပေ။ မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံများစာရင်းတွင် ပါဝင်သည်။

အမေရိကန်သမ္မတ အိုဘားမား၏ အာဆီယံဒေသသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်သော အေပက် ထိပ်သီးဆွေးနွေးပွဲတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ နျူကလီးယား လက်နက်ဖျက်သိမ်းမှု စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကိစ္စ ဆွေးနွေးရာတွင် တရုတ်ကဲ့သို့သော ထွန်းသစ်စ ကမ္ဘာ့အင်အားကြီးနိုင်ငံများ အနေဖြင့် အမေရိကန်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေသော ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်ချက်များကို မျှဝေ ဖြေရှင်း ပေးရန် အမေရိကန်သမ္မတ အိုဘားမားက ဆွဲဆောင်ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ အိုဘားမားသည် ၎င်း၏ပထမဆုံး တရုတ်ပြည်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ ရောက်ရှိခဲ့သည်။ အမေရိကန်အတွက် အရေးပါသော မိတ်ဖက်နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံတွင် အမေရိကန်သမ္မတ အိုဘားမားသည် ()ရက် ကြာ အလည်အပတ်ခရီး နေထိုင်မည် ဖြစ်ပြီး၊ တရုတ်သမ္မတ ဟူဂျင်းတောင်နှင့် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment