Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းသည် ပင်လယ်ကွေ့ဒေသရှိ  အာရပ် စော်ဘွားနိုင်ငံများ ပြည်ထောင်စု(UAE) သို့ ရိုက်ခတ် လာပြီဖြစ်ရာ ဒူဘိုင်းတွင် အလုပ် လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသား လုပ်သားများ ထိခိုက် နစ်နာမှုများနှင့် ရင်ဆိုင်လာရကြောင်း သိရသည်။

သတင်းများအရ ဒူဘိုင်းတွင် အလုပ်လုပ်သူ နိုင်ငံခြားသား အလုပ်သမား အများစုသည် အိန္ဒိယတိုက်မှ ဖြစ်ပြီး တိုက်တာ အဆောက်အုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိကြောင်း၊ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အဆိုပါ လုပ်သားများသည် အလုပ်ထုတ်ခံရခြင်း (သို့မဟုတ်) တရားမဝင် လုပ်သားအဖြစ် လုပ်ကိုင်ရခြင်းတို့ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စာရင်းဇယားအရ UAE ၏ လူဦးရေ ၈၅ ရာခိုင်နှုန်းမှာ နိုင်ငံတကာမှ လာရောက်သော ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည်။ UAE နိုင်ငံများ ဖြစ်ကြသော အဘူဒါဘီ၊ ဒူဘိုင်း၊ ဘူဂျီဒူဘိုင်း၊ စကီဒူဘိုင်း၊ ဘူဘိုင်းလန်း စသည် တို့တွင် ဆောက်လုပ်ရေး လုပ်ငန်းများ လွန်စွာ ကြီးထွားလျက် ရှိသည်။ ရွှေ့ပြောင်း လုပ်သားများသည် အဆိုပါ UAE နိုင်ငံများတွင် CEO၊ အင်ဂျင်နီယာ၊ ဘိလပ်မြေ ဖျော်သမား၊ ယာဉ်မောင်း၊ စာရင်းကိုင် အစရှိသည့် လုပ်ငန်းမျိုးစုံကို လုပ်ကိုင်ကြသည်။ အနောက် နိုင်ငံများမှ အလုပ်သမား အများစုသည် အရည်အချင်း ပြည့်ဝပြီး ပညာတတ်သူများ ဖြစ်ကာ အရှေ့အလယ်ပိုင်း ဒေသသို့ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိရေး၊ လုပ်အားခ တိုးမြင့်ရေး အစရှိသော ဦးတည်ချက်များဖြင့် လာရောက်ကြသည်။ ရွှေ့ပြောင်း လုပ်သား အများစုသည် ကျပန်းအလုပ်များကို ပို၍ အာရုံစိုက်လေ့ ရှိကြသည်ဟု ဆိုသည်။

ဒူဘိုင်းတွင် ကျပန်း အလုပ်လုပ်ကိုင်သူ ဦးရေ စုစုပေါင်း သုံးသိန်းကျော်ခန့် ရှိသည်။ သို့သော်လည်း အဆိုပါ ကျပန်းလုပ်သား အများစု၏ လုပ်အားခ ခံစားခွင့်မှာ အနောက်နိုင်ငံများက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် နှိုင်းယှဉ်ပါက လွန်စွာ နိမ့်ကျနေကြောင်း သိရသည်။

ဆော်ဒီအာရေဗျ၊ အိုမင်၊ကာတာ၊ ဘာရိန်း၊ ကူဝိတ်အစရှိသည့် ရေနံထွက်သော သူဌေးနိုင်ငံကြီး များတွင်လည်း ရွှေ့ပြောင်းလုပ်သား ဦးရေ အမြောက်အမြားရှိပြီး အများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို အဓိက မှီခိုအားထား ကြသည်။ ပညာ အရည်အချင်း ပြည့်ဝသော အလုပ်သမား အများစုမှာ ဗြိတိန်၊ အိုင်ယာလန်၊ အမေရိကန် ပြည်ထောင်စု အစရှိသော နိုင်ငံများမှ ဖြစ်ပြီး ကျပန်း လုပ်သားများမှာ မြန်မာ၊အိန္ဒိယ၊ ပါကစ္စတန်၊ ဆိုမာလီယာ အစရှိသော နိုင်ငံများမှဖြစ်သည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့တွင်လည်း အရည်အချင်း ပြည့်ဝပြီး လုပ်အားခ အများအပြား ရရှိသည့် ရွှေ့ပြောင်း လုပ်သားများ ရှိသည်။

Financial crisis hurts Dubai's foreign labour forces ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment