Transparency Myanmar

transparency.myanmar@gmail.com

DBC,2 Dec 2009     

မြန်မာ့ရေးရာ ကျွမ်းကျင်သူများ အဖွဲ့တစ်ဖွဲ့သည် ယနေ့ညတွင် အငြင်းပွားဖွယ် အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများ၏ ထိရောက်မှုကို ဆွေးနွေးသုံးသပ်မည်ဖြစ်ပြီး အသစ်စတင် လိုက်သော နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာအစိုးရ၏ ဆက်ဆံညှိနှိုင်းမှုကိုလည်း ဆက်လက်သုံး သပ်မည်ဖြစ်သည်။

          ပါဝင်ဆွေးနွေးကြမည့်သူများမှာ သန့်မြင့်ဦး(ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာ မူဝါဒရေးဆွဲရေး ဌာနမှုးဟောင်း)၊ Mark Farmaner (Burma Campaign UK ညွှန်ကြားရေးမှုး)၊ Derek Tonkin (ထိုင်း နှင့် ဗီယက်နမ်ဆိုင်ရာ ဗြိတိသျှသံအမတ်ဟောင်းနှင့် လက်ရှိ Network Myanmar ဥက္ကဌ)နှင့် Brad Adams (လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အာရှဆိုင်ရာ အမှုဆောင် ဒါရိုက်တာ) တို့ ဖြစ်ပါသည်။

          မြန်မာနိုင်ငံအပေါ် တရုတ်၏ စီးပွားရေး ထောက်ပံ့ ကူညီမှုများကြောင့် ထိရောက်မှုအားနည်း ရသည်ဟု စွပ်စွဲမှုများရှိနေသော မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ၏ ရလဒ်နှင့် ပတ်သက်၍ အသေးစိတ် ပြန်လည် စစ်ဆေးနေသည့် အချိန်တွင် ယခုကဲ့သို့ သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

          နှစ်ပေါင်းများစွာ ပစ်ပယ်၊ ပိတ်ဆို့ထားခဲ့သော မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် စတင် ဆွေးနွေးမည်ဟု ဝါရှင်တန်က အောက်တိုဘာလတွင် ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အီးယူ၏ ပိတ်ဆို့မှုများ၏ အနာဂတ်နှင့် ပတ်သက်၍ မှန်းဆချက်များ စတင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

          အထက်ပါ ဆွေးနွေးသုံးသပ်မှုကို ဂရင်းနစ် စံတော်ချိန် ၁၈း၄၅ မှ စတင်၍ အင်တာနက် ပေါ်တွင် တိုက်ရိုက် လွှင့်တင်ထားမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment