Transparency Myanmar

transparency.myanmar@gmail.com

Express buzz ,5 - Dec - 2009

        ဖမ်းဆီး ရမိရန် ခက်ခဲသော ULFA တပ်မှူး ပါရက်ရှ်ဘာရူးသည် တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ပုန်းအောင်းနေပြီး ပါကစ္စတန် ISI အဖွဲ့ကဲ့သို့သော အိန္ဒိယ ဆန့်ကျင်ရေး တပ်ဖွဲ့များကို အပြည့်အဝ ချုပ်ကိုင်ထားဆဲ ဖြစ်သည်ဟု အိန္ဒိယ အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပါသည်။

          အိန္ဒိယ အစိုးရနှင့် မည်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှ မပြုလုပ်ရန် ငြင်းဆန်ထားသော "ဘာရူး" သည် ၎င်းပုန်းအောင်းရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှ မကြာမီက ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်ပါသည်။

          ၎င်းသည် ယခုအခါ မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ရှိနေသည်ဟု အိန္ဒိယ အာဏာပိုင်များက ပြောပါသည်။

          အိန္ဒိယ အရှေ့မြောက်ဒေသမှ စစ်သွေးကြွ အဖွဲ့များစွာ၏ လေ့ကျင့်ရေးစခန်းနှင့် အခြေစိုက် စခန်းများ ကချင်ပြည်နယ်တွင် ရှိနေပြီး၊ အဆိုပါ ယူနန်ပြည်နယ် နယ်ခြားဒေသသို့ "ဘာဂူး" က မှန်မှန် သွားရောက်လေ့ ရှိသည်။

          အစိုးရနှင့် ဆွေးနွေးမည့် "ဘာရူး" ၏ အတိုက်အခံ အဖွဲ့အစည်းနှင့် ပတ်သက်၍ မေးမြန်းမှုကို တာဝန်ရှိပုဂ္ဂိုလ်က ဖြေကြားရာတွင် "ဘာရူး" သည် တရုတ်နိုင်ငံတွင်းရှိ အဖွဲ့အစည်း အချို့နှင့် ပါကစ္စတန် ISI ကဲ့သို့သော အိန္ဒိယနိုင်ငံကို အန္တရာယ်ပြုမည့် တပ်ဖွဲ့များကို အပြည့်အဝ ချုပ်ကိုင်ထားပြီး၊ အဆိုပါ အဆက်အသွယ် လမ်းကြောင်းများမှ တဆင့် အလုပ်လုပ်သည်ဟု ဆိုပါသည်။

          ဘာဂူးသည် ULFA အဖွဲ့ပိုင် ငွေကြေးများကို ထိန်းချုပ်ထားပြီး ၎င်း၏ စီးပွားရေးလုပ်ငန်းတွင် ကြီးမားစွာ မြှုပ်နှံထားသောကြောင့် ယနေ့ လက်နက်ချခဲ့သော ဥက္ကဋ္ဌ အာရာဘင်ဒါ ရပ်ခ်ျဂိုဝါ အပါအဝင် အခြား ခေါင်းဆောင်များအတွင်း ပြင်းထန်စွာ သဘောကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

          ၎င်းသည် အာသံပြည်နယ်တွင် လူထုထောက်ခံမှုကို မရရှိဘဲ ပြည်သူများက ငြိမ်းချမ်းရေးကိုသာ လိုလားကြသည်ဟု တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားပါသည်။

          ဘင်္ဂလားဒေ့ရှ်တွင် ကြာမြင့်စွာ နေထိုင်ခဲ့သည့် ကာလအတွင်း ဘာရူးနှင့် ၎င်း၏ ဇနီးသည် မွတ်ဆလင် တစ်ပိုင်း ကိုးကွယ်ခဲ့ကြသည်။ ၎င်းတို့၏ ကလေးများမှာ အစ္စလာမ် ဘာသာဝင်အဖြစ် ပြောင်းလဲခဲ့ကြပြီး မွတ်ဆလင် နာမည်များ မှည့်ခေါ်ခဲ့ကြသည်ဟု အစိုးရ အရာရှိက ဆက်လက် ပြောကြားပါသည်။

          ဘာရူးသည် ယခုအခါ အာသံပြည်နယ်နှင့် ဆက်နွယ်မှု မရှိတော့ပါဟု တာဝန်ရှိ အရာရှိက မှတ်ချက်ပေးခဲ့ပြီး အစိုးရက ၎င်းအား ပြန်လာစေချင်သော ဆန္ဒရှိသည်ဟု ရည်ညွှန်း ပြောဆိုခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment