Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ ၏ ဒုတိယ အကြီးဆုံးရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး ဖြစ်သော Sinopec သည် ပါပူးဝါး နယူးဂီနီ နိုင်ငံမှ နှစ် ၂၀ ခန့် သဘာဝဓာတ်ငွေ့ ဝယ်ယူခွင့် ရရှိ တော့ မည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ တရုတ်ပြည်၏ စီးပွားရေး မောင်းနှင်အားမှာ လွန်စွာ ပြင်းထန် လာသည်နှင့် အမျှ တရုတ်စွမ်းအင် ကုမ္ပဏီကြီးများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူရန် လိုက်လံ ရှာဖွေလျက် ရှိကြသည်။ ယခု ပါပူးဝါး နယူးဂီနီ နိုင်ငံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူရန် နှစ် ၂၀ စာချုပ် ချုပ်ဆိုလိုက်ခြင်းသည် တရုတ်စွမ်းအင် ရှာဖွေရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်အရ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ တန် သန်း ၂၀၀ ခန့် ရရှိမည် ဖြစ်ကြောင်း ဘီဘီစီ သတင်းက ဆို၏။

အဆိုပါ သဘာဝဓတ်ငွေ့ကို ပါပူးဝါး နိုင်ငံတွင်း ရင်းနှီး မြှုပ်နှံထားသော Exxon Mobil အပါအဝင် အခြားသော ရေနံကုမ္ပဏီများ စမ်းသပ် တူးဖော်လျက်ရှိသော စီမံကိန်းများမှ ရရှိမည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် ယခုနှစ် ဆောင်းရာသီသည် ယခင်နှစ်များထက် အချိန် ကာလစော၍ ဝင်ရောက်လာသည့် အတွက် နိုင်ငံနေရာ အတော်များများတွင် ဓာတ်ငွေ့ လိုအပ်ချက်များစွာ ထွက်ပေါ်နေသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခု ၂၀၀၉ ခုနှစ်တွင် ၈ ရာခိုင်နှုန်းခန့် တိုးမြင့်လာမည် ဟု ခန့်မှန်းရသည်။

စီးပွားရေးတိုးတက်မှု ခြေလှမ်းများ စိတ်လာသောကြောင့် စွမ်းအင် လိုအပ်ချက်မှာလည်း တဖြည်းဖြည်းချင်း ကြီးမားလာသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ကို အရည်ဖြစ်အောင် ဦးစွာ အေးခဲစေပြီးနောက် ပါပူးဝါး နယူးဂီနီနိုင်ငံမှ သင်္ဘောဖြင့် တစ်ဆင့် တရုတ်ပြည် ဆိပ်ကမ်းများသို့ တင်ပို့မည် ဖြစ်သည်။

ယခုနှစ် အစောပိုင်းကာလကလည်း တရုတ်စွမ်းအင် ကုမ္ပဏီကြီး ဖြစ်သော PetroChina Limited က သြစတြေးလျနိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၁ သန်း တန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။

တရုတ် စွမ်းအင် ကုမ္ပဏီကြီးများသည် ပင်လယ်ကွေ့ဒေသ နိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ အာရှအလယ်ပိုင်း နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ဝယ်ယူရန် စာချုပ်ပေါင်းများစွာ ချုပ်ဆိုခဲ့ကြသည်။

BBC သတင်းဌာနမှ China secures gas supply from PNG ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment