Transparency Myanmar

transparency.myanmar@gmail.com

(Bill Varner ,Oct 2 ,2009)

တရုတ်အစိုးရသည် ယခုလ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံနှင့်ပတ် သက်၍ ဆွေးနွေးရန် စီစဉ်မှုကို ကာကွယ်ခဲ့သည်။

တရုတ်က မြန်မာ့အရေးအစား အာဖကန်နစ္စတန်တွင် သာမန်အရပ်သားများ သေဆုံးမှုကို လုံခြုံရေးကောင်စီ၌ ဆွေးနွေးရန် ကြိုးပမ်းခဲ့သည်ဟု တရုတ်နှင့် ပြင်သစ်ကုလ ကိုယ်စား လှယ်က ပြောကြားပါသည်။ သို့သော် အကြောင်းအရာ နှစ်ခုစလုံးသည် ဆွေးနွေးမှုအစီအစဉ် တွင် ပါဝင်မှုမရှိဟု ဆိုပါသည်။

တရုတ်၏ အာဖကန်ရှိ အရပ်သား သေဆုံးမှုကိစ္စအပေါ် ဆွေးနွေးရန် တင်ပြချက်အပေါ် ဗြိတိန်နှင့် ပြင်သစ်တို့က ကန့်ကွက်ခဲ့သည်။ ပြင်သစ်သံအမတ် Gerard Arand က သတ်ဖြတ် ခြင်းအတွက် နောက်ဆက်တွဲ ပြင်ဆင်ရန်သာဖြစ်ပြီး၊ အခြေအနေကို ထိန်းသိမ်းနိုင်ရန်နှင့် လက်စားချေရန် ပြုလုပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ်၏ အာဖကန်ရှိ အရပ်သားများ သေဆုံးမှုအရေးကို ဆွေးနွေးပေးရန် တောင်း ဆိုမှုကြောင့် အမေရိကန် ၊ ဗြိတိန်နှင့် ပြင်သစ်တို့ ညှိနှိုင်းဆွေးနွေးကြပြီး၊ အထက်ပါ အကြောင်း အရာနှစ်ခုလုံးကို သဘောတူပြီးသော အစီအစဉ်မှ ချန်လှပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လူထုအကြား အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် ချန်လှပ်ခဲ့ ရသည်ဟု ဆိုပါသည်။ အိုဘားမားအစိုးရအနေဖြင့် အရှေ့တောင် အာရှနိုင်ငံများ အပေါ် ထားရှိသောမူဝါဒကို ပြန်လည်သုံးသပ်ပြီး မြန်မာအစိုးရနှင့် တိုက်ရိုက်စကားပြောခြင်းကို စတင်နေသော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမေရိကန်နှင့် သူ၏ မဟာမိတ်များက မြန်မာနိုင်ငံအရေးကို အလေးပေး ဆွေးနွေးစေလိုပေသည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သည့်နှစ်များက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် မည့်သည့် အောင်မြင်မှုမျှ မရရှိခဲ့သည့်အတွက် မူဝါဒအသစ်ဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် ကြိုးပမ်းလျှက် ရှိသည်။

မြန်မာနိုင်ငံသည် စစ်တပ်၏ အုပ်ချုပ်ရေးကို ၁၉၆၂ ခုနှစ်ကတည်းက ခံစားခဲ့ရပြီး အတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၄ နှစ်ခန့် ထိန်းသိမ်းခဲ့ပါသည်။ သူမ၏ ပါတီဖြစ်သော NLD ပါတီ၏ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုလည်း စစ်အစိုးရက လစ်လျှူရှုခဲ့ပါသည်။

တရုတ် ဒုတိယသံအမတ် Liu Zhenmin က မြန်မာတို့ကိစ္စကို အလေးထား၍ ဆွေးနွေးရန် မလိုသေးကြောင်း ပြောသည်ဟု သိရသည်။ အရပ်သားများ သေဆုံးနေသော အာဖကန်ကိစ္စကသာ ဆွေးနွေးစရာ ကောင်းသော အကြောင်းအရာဖြစ်သည်ဟု တိုက်တွန်းသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ အာဖကန်အရေးသည် အမေရိကန်နှင့် သူ၏ဥရောပ မဟာမိတ်များအတွက် အထိမခံနိုင်သော (sensitive) အကြောင်းအရာ တစ်ခုဖြစ်သည်။ အာဖကန်ရှိခေါင်းဆောင် များကလည်း အရပ်သားများ ဆက်တိုက် သေဆုံးမှုအတွက် ကန့်ကွက် တင်ပြလာသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အာဖကန်ရှိ အမေရိကန်နှင့် မဟာမိတ်တပ်များအနေဖြင့် အာဖကန်ရှိ ရှစ်နှစ်ကြာ တိုက်ပွဲအပြီးတွင် သေဆုံးမှုနှုန်းကို လျှော့ချပေးရန် လိုအပ်ပြီး ယင်းသို့မဟုတ်ပါက အာဖကန်ပြည်သူများ၏ ယုံကြည်မှု လျှော့နည်းလာခြင်းနှင့် ပဋိပက္ခများကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ကန်ဗိုလ်ချုပ် Stanley Mc Chrystal က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် သဘာဝဓါတ်ငွေ့ ၇.၅ ထရီလီယံ ကုဗပေပိုင်ဆိုင်ပြီး အာရှတွင် နံပါတ် ၇ အဆင့်ရှိကြောင်း B P Plc ၏ ခန့်မှန်းချက်အရသိရသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဒေဝူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက သြဂုတ်လ ၂၅ ရက်ကပြောကြားခဲ့ရာတွင် China National Petroleum Corp သို့ရောင်းချမည့် မြန်မာ့သဘာဝဓါတ်ငွေ့စီမံကိန်း အတွက် ဒေဝူးအနေဖြင့် ၂.၁ ထရီလီယံဝမ် (ဒေါ်လာ ၁.၆၈ ဘီလီယံ)ရင်းနှီးမြှပ်နှံရမည်ဟု ဖော်ပြခဲ့သည်။

Dr.P.A Samaraweera , Australia (Oct 3 , 2009)

ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သီရိလင်္ကာနိုင်ငံသည် LTTE တမီးလ်များနှင့် စစ်ပွဲတွင် အောင်မြင်ရေးအတွက် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းကို လက်နက်သဖွယ် ကျင့်သုံးခဲ့သည်ဟု သက်သေပြခြင်းမရှိဘဲ အောက်တိုဘာ ၂ရက်က စွပ်စွဲလိုက်သည်။

ဟီလာရီက ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ အစည်းဝေးတွင် သဘာပတိပြုလုပ်စဉ် ဘော်လကန်နိုင်ငံများ၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ကို ရည်ညွှန်း၍စစ်ပွဲများတွင်အဓမ္မကျင့်မှုများ ကျူးလွန်ခဲ့ပြီး အပြစ်ပေး မခံခဲ့ရဟု ပြောကြားသွားပါသည်။

သူမက အဆိုပါစွပ်စွဲမှုများကို သက်သေနှင့် ထောက်ပြပြောသွားနိုင်ခြင်း မရှိပေ။ သူမအနေဖြင့် အမေရိကန် တပ်ဖွဲ့များအတွင်း ဖြစ်ခဲ့သည့် ပြဿနာများပေါ်တွင် အခြေခံပြီး အဆိုပါ ပေတံဖြင့် တိုင်း၍ သီရိလင်္ကာတပ် အပေါ်တွင် စွပ်စွဲသွားသည်မှာ ထင်သာ မြင်သာပါသည်။

သီရိလင်္ကာကမူ သူတို့တပ်မတော်သည် ကမ္ဘာပေါ်တွင် စည်းစနစ်အကျဆုံး လက်နက်ကိုင် အဖြစ် ဂုဏ်ယူနေဆဲဖြစ်သည်။ ဟီလာရီကိုလည်း မိမိတို့နိုင်ငံသည် သူမပြောသကဲ့သို့ မဟုတ်ကြောင်းကို သက်သေ ပြသနိုင်ကြောင်း စိန်ခေါ်နိုင်သည်ဟု ဆိုပါသည်။

ဟီလာရီမသိသော အချက်တစ်ချက်မှာ ဗြိတိန်နိုင်ငံ အပါအဝင် အချို့သောနိုင်ငံများ က သီရိလင်္ကာတပ်ထံမှ အကြမ်းဖက်မှုများအား နှိမ်နင်းရာတွင် ကျင့်သုံးရမည့် နည်းဗျူဟာများကို လာရောက် သင်ကြားရသည် ဆိုသော အချက်ဖြစ်သည်။

သူမအနေဖြင့် ငြင်းမရနိုင်သော အချက်မှာ သူမသမ္မတရွေးကောက်ပွဲ ဝင်စဉ်က တမီးလ်များ၏ ထောက်ပံ့ငွေနှင့် ထောက်ခံမဲများ ရရှိခဲ့ခြင်းကြောင့် သူတို့ကို ပြန်လည်ကာ ကွယ်ပေးသည့်အနေဖြင့် အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုလုပ်ခြင်း ဖြစ်သည်ဟု သုံး သပ်ပါသည်။

ထို့ကြောင့် သူမအနေဖြင့် သီရိလင်္ကာတပ်တို့ကို လက်ညှိုးထိုးနေမည့်အစား အီရတ်နှင့် အာဖဂန်ရှိ အမေရိကန်တပ်များ၏ လုပ်ဆောင်ချက်များအား ပြန်လည် သုံးသပ်သင့်ကြောင်း၊ အခြား တိုင်းပြည်များ ကလည်း အမေရိကန်၏ မူဝါဒအပေါ်သိရှိကြ၊ သဘောပေါက်ကြပြီး ဖြစ်သည်ဟု ဆိုပါသည်။

အမေရိကန် ပြည်သူများကပါ သူမ၏ စွပ်စွဲချက်များကို အလေးအနက် မထားကြသည့် အတွက် သူမအနေဖြင့် ခံသာသည်ဟု ဆိုရပေမည်။