Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်လာမည်
source : http://icypress.blogspot.com/

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် အဖွဲ့ ရက်ပိုင်း
အတွင်း နေပြည်တော်သို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်သည် Kurt Campbell နှင့် အမေရိကန်များ ကိုကြိုဆိုရန် အကြီး
အကျယ်ပြင်ဆင် နေသော်လည်း ဗိုလ်ချုပ်မှူးကြီး လက်ခံတွေ့ဆုံလိမ့်မည်မဟုတ်
ဟုနေပြည်တော်သတင်းများကဆိုသည်။ဗိုလ်ချုပ်မှူးကြီး က Kurt Campbell သည်
လက်ထောက်ဝန်ကြီးသာ ဖြစ်၍ မတွေ့ခြင်း ဖြစ်ပြီး ဧရာတီတိုင်း သို့ ခရီးထွက်ရန်
ပြင်ဆင်နေကြောင်း နေပြည်တော် သတင်းများဆိုသည်။ အမေရိကန်တို့ကမူတွေ
့ခွင့်ရလိမ့်မည်ဟုဆိုသည်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် မြန်မာစစ်အစိုးရ နှင့်
တွေ့ထိဆက်ဆန်ရန် ၎င်း၏အစိုးရနှင့် ထပ်တူ သဘောထားရှိသူ ဖြစ်သော်လည်း ပိတ်ဆို့မှုများ
ဆက်ထားသွားမည်ဟု ဆိုသည်။ အမေရိကန် တို့သည် စစ်အစိုးရဖက်မှ ထင်ရှားသော
တိုးတက်မှုမပြသဘဲ ရှေ့တိုး နေရခြင်းဖြစ်ရာ မကြာမှီ စိတ်ကုန်သွား ဖွယ်ရှိကြောင်း
မြန်မာ့အရေး ကျွမ်းကျင်သူများက ဆိုသည်။ဗိုလ်ချုပ်မှူးကြီးသည် အမေရိကန် များကို
အကန့်အသတ်ဖြင့်သာ ဆက်ဆံလိုသူဖြစ်ရာ Kurt Campbell အနေဖြင့် ကျေနပ်မည့်
အချေအနေမရှိ နိုင်ဟုဆိုသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် အဖွဲ့သည်
အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံခွင့်ရမည် ဟုမျှော်လင့်ကြောင်း
အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် သို့ အကြောင်းကြားထားသည်။