Transparency Myanmar

transparency.myanmar@gmail.com

စစ်ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကို သဘောထားပျော့ပျောင်း

(From Irish Sun)

25th Oct, 09

မြန်မာအစိုးရ တာဝန်ရှိသူများသည် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်လျက်ရှိသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးလာနိုင်သည့် အခြေအနေအား အသိပေးပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် စနေနေ့က အရှေ့တောင်အာရှမှ ခေါင်းဆောင်များသည် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်၏ ပြုမူနေထိုင်မှု (Attitude) ပေါ် မူတည်၍ သူမအပေါ် ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုလအစောပိုင်းက သူမအား အမေရိကန်၊ ဗြိတိသျှနှင့် ဩစတြေးလျတို့မှ သံတမန်များနှင့် တွေ့ဆုံရန် အစိုးရက ခွင့်ပြုခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် စစ်အစိုးရအား ဖိအားပေးရန် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ထောက်ခံခဲ့ပါသည်။

မကြာသေးမီက သူမသည် အဆိုပါ အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် အနှစ် ၂ဝ အတွင်း ၁၄ နှစ်ခန့် အကန့်အသတ်ဖြင့် နေထိုင်ခဲ့ရသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

တွေ့ဆုံဆွေးနွေးခြင်းသည် အဓိက သော့ချက်ဟု

အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့ ကဆို

Hindustan Times, 24th Oct, 09

အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့သည် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ထပ်မံပိတ်ဆို့ ဒဏ်ခတ်ခြင်းများကို ဆန့်ကျင်ကြောင်း၊ သို့သော် ကုလသမဂ္ဂက ပြဿနာကြုံတွေ့နေရသော စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းအပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယပြည်ပရေးရာ ဝန်ကြီး Pranab Mukherjee (ပရာနတ် မူကာဂျီ) က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ မြန်မာနိုင်ငံရေးတွင် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများအားလုံးလည်း ပါဝင်ရန် လိုကြောင်း ပြောကြားသည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဘရော့ (Sergei Lavrov) နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ယမ်ယီချီ (Yang Jiechi) တို့နှင့်အတူ ပူးတွဲပြုလုပ်နေသော သတင်းစာ ရှင်းလင်းပွဲတွင် မူကာဂျီ (Mukherjee) က မြန်မာအာဏာပိုင်များကို တွေ့ဆုံဆွေးနွေးမှုပြုရန် တိုက်တွန်းအားပေးသင့်ကြောင်း ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင်ဂန်ဘာရီ (Ibrahim Gambari) ကြိုးပမ်းမှုများကိုလည်း ဖြစ်နိုင်ခြေရှိသော ကောက်ချက် ချမှတ်ဖို့လိုကြောင်း၊ ယခုအဆင့်တွင် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ရန် မသင့်ကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ယီချီ (Jie Chi) ကလည်း မြန်မာနိုင်ငံအခြေအနေသည် ငြိမ်သက်လျက် ရှိပြီး အဆိုပါကိစ္စကို မြန်မာအစိုးရနှင့် ပြည်သူများကသာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံများအနေဖြင့် ပိတ်ဆို့ဒဏ်ခတ်မှုမပြုလုပ်ဘဲ ကူညီကြရမည် ဖြစ်ကြောင်း ပြောခဲ့သည်။ နိုင်ငံများဟု ဆိုရာတွင် အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများကို ဆိုလိုခြင်းဖြစ်ပါသည်။

လာဗ်ဘရော့ကလည်း ပိတ်ဆို့ဒဏ်ခတ်မှု ပိုမိုပြုလုပ်လျှင် အခြေအနေကို ပိုမို ဆိုးလာစေမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကြမ်းဖက်မှုများနှင့် ပတ်သက်၍ () နိုင်ငံစလုံးက "သည်းခံနိုင်ဖွယ်ရာ အခြေအနေသုည" (လုံးဝ သည်းခံနိုင်ခြင်း မရှိခြင်း) ဖြစ်ကြောင်း အဓိကထားပြောခဲ့သည်။ မူကာဂျီ (Mukherjee) က တာလီဘန်များကို အဆိုပါဒေသကို မည်သည့်အကြောင်းကြောင့်မှ ထိန်းချုပ်အုပ်ချုပ်ပိုင်ခွင့်ကို ပေးရန် မသင့်ကြောင်း ပြောသည်။ ၎င်းတို့ () နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းကိုမှ ဦးတည်၍ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ပြောသည်။ လာဗ်ဘရော့က ၎င်းတို့ နိုင်ငံသည် ကာကွယ်ရေးဆိုင်ရာ မဟာမိတ်ဖွဲ့ခြင်းလည်း မဟုတ်ကြောင်း ပြောသည်။

မူကာဂျီက အမေရိကန်ဒုံးကျည် ကာကွယ်ရေးစနစ်တွင် အိန္ဒိယက ပါဝင်မည်မဟုတ်ကြောင်း အဆိုပါကိစ္စမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော နိုင်ငံအစည်းအဝေးတွင် ပါဝင်ခြင်း မရှိခဲ့ကြောင်း ပြောခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးများသည် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် တရားဝင် အသိအမှတ်ပြု အဆင့်ရှိသည့် အကြံပေးဆွေးနွေးမှု ယန္တရားတစ်ခု ဖွဲ့စည်းရန် သဘောတူညီခဲ့ကြပါသည်။ စီးပွားရေးရာ ကိစ္စရပ်များအတွက်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---