Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်တပ်ခေါင်းဆောင်၏ ပြည်ပခရီးစဉ်

(SUNDAY TIMES : 25 - 10 - 2009) Columbo

          နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သီရိလင်္ကာနိုင်ငံသို့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ()ရက်ကြာ အလည်အပတ်ခရီးသွားရောက်မည် ဖြစ်ပါသည်။

          ယခုနှစ် ဇွန်လအတွင်းက သီရိလင်္ကာသမ္မတ (Mahinda Rajapaksa) မဟင်ဒါရာဂျာပတ်ခ် ဆာ မြန်မာနိုင်ငံသို့လည်ပတ်ခဲ့သော ခရီးစဉ်အတွင်း ဖိတ်ခေါ်မှုကို တုံ့ပြန်သောအားဖြင့် သွားရောက်ခြင်းဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်သည် မြန်မာ-သီရိလင်္ကာအနှစ်(၆၀)မြောက် သံတမန် ဆက်သွယ်မှုအထိမ်းအမှတ်လည်း ဖြစ်ပါသည်။ သီရိလင်္ကာသည် မြန်မာနိုင်ငံနှင့် (၁၉၄၉)ခုနှစ် ဇွန်လ ()ရက်နေ့တွင် သံတမန်အဆက်အသွယ်စတင်တည်ထောင်ခဲ့သည်။

          သီရိလင်္ကာသံအမတ်ကြီး Newton Gunaratne သည် ခရီးစဉ်အတွက် မြန်မာအာဏာပိုင် များနှင့် အစီအစဉ်အသေးစိတ်ကို ညှိနှိုင်းလျက်ရှိပါသည်။ ၎င်းသည် Independent Television Network (ITN) မှ ဥက္ကဌအဟောင်းဖြစ်ပါသည်။

          မြန်မာစစ်အစိုးရအဖွဲ့ဝင်များသည် ပြည်ပသို့ခရီးသွားရောက်မှု အလွန်နည်းသော်လည်း၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် လွန်ခဲ့သည့်လကမိန့်ခွန်းပြောကြားမှုရှိခဲ့ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ၁၅ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံး

(www.chinaview.cn : 25 - 10 - 2009)

          (၁၅)ကြိမ်မြောက် အာဆီယံထိပ်တန်းအစည်းအဝေးသည် တနင်္ဂနွေနေ့က တက်ရောက် ခဲ့ကြသောခေါင်းဆောင်များ၏ထောက်ခံဆုံးဖြတ်မှုဖြင့် ကြေညာချက်၊ သဘောတူညီချက်များစွာကို ထုတ်ပြန်လျက်ပြီးဆုံးခဲ့ပါသည်။

အာဆီယံထိပ်တန်း အစည်းအဝေးနှင့်အတူ အာဆီယံ-တရုတ် (၁၂)ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံ-တောင်ကိုရီးယား (၁၂)ကြိမ်မြောက်အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ ()ကြိမ်မြောက်အစည်းအဝေး၊ အာဆီယံအပေါင်း ()နိုင်ငံ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးနှင့် အရှေ့အာရှ()ကြိမ်မြောက်အစည်းအဝေးတို့ကို အောက်တိုဘာလ(၂၃)ရက် နေ့မှ (၂၅)ရက်အထိ ကျင်းပခဲ့ပါသည်။

          အဓိကသဘောတူညီချက်စာတမ်းဖြစ်သည့် ASEAN Intergovernmental Commission on Human Rights (AICHR) လူ့အခွင့်အရေးနှင့်ပတ်သက်၍ အာဆီယံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၊ Cha-am Hua Hin ကြေညာချက်စာတမ်း၊ (Hua Hin Declaration on Strengthening Cooperation on Education to Achieve an ASEAN Caring and Sharing Community) အာဆီယံနိုင်ငံများအတွင်း ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အာဆီယံ၏အလေးထားဂရုစိုက်၍ မျှဝေခံစားသည့်အသိုင်းအ၀န်းတစ်ခုကို ရရှိအောင် ဆောင်ရွက်ရန် Cha-am Hua Hin ကြေညာချက်စာတမ်း၊ အာဆီယံခေါင်းဆောင်များ၏ အာဆီယံ နိုင်ငံအချင်းချင်းဆက်ဆံရေးကြေညာချက်၊ (ASEAN Leader's Statement on ASEAN Connectivity) ရာသီဥတုပြောင်းလဲခြင်းအတွက် အာဆီယံနိုင်ငံများ၏ပူးတွဲထုတ်ပြန်ကြေညာ စာတမ်း (မူကြမ်း)တို့ကို အတည်ပြုခဲ့ကြသည်။

          လက်ရှိအာဆီယံအဖွဲ့၏ဥက္ကဌ ထိုင်းနိုင်ငံ၏၀န်ကြီးချုပ် Abhisit Vejjajiva အား ထိုင်းနိုင်ငံ သည် အာဆီယံ ဥက္ကဋ္ဌနေရာကို ရယူခဲ့စဉ်က ရည်မှန်းချက် ()ခုကို ချမှတ်ထားခဲ့ကြောင်း၊ အာဆီယံချာတာကို သဘောတူညီလက်ခံခြင်း၊ ပိုမိုရင်းနှီးစွာဆက်ဆံလုပ်ဆောင်သော အာဆီယံ ဖြစ်လာရေးနှင့် လူ့အဖွဲ့အစည်းအတွက် အာမခံချက်ပေးနိုင်သောအဖွဲ့အစည်းဖြစ်လာစေရန် ထောက်ပံ့ပေးရန်တို့ ဖြစ်ပါသည်။

          ၎င်းက တက်ရောက်လာသော အာဆီယံခေါင်းဆောင်များကို အာဆီယံ၏ပူးပေါင်းဆောင် ရွက်မှုကဏ္ဍသစ်တစ်ရပ်ကိုဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ အာဆီယံသည် ဒေသတွင်း အကောင်အထည်ဖေါ်လုပ်ဆောင်မှုအဆင့်ဆင့်ကို လုပ်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ခြင်းဖြင့် ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် အရေးပါသောကဏ္ဍတစ်ခုတွင် ရပ်တည်စေနိုင် မည်ဖြစ်ကြောင်းပြောခဲ့သည်။

          (၂၀၁၅) တွင် ဖွဲ့စည်းရန်မျှော်မှန်းထားသည့် အာဆီယံလူအဖွဲ့အစည်း (ASEAN COMMUNITY) ဖြစ်ပေါ်လာရန်မှာ ()နှစ်သာလိုတော့ကြောင်း၊ အာဆီယံကို အနာဂတ်တွင် ကျွန်ုပ်တို့၏လူထု၊ ကျွန်ုပ်တို့၏ဒေသနှင့် ကမ္ဘာကြီးအတွက် အကျိုးပြုနိုင်သောအဖွဲ့အစည်းအဖြစ် တည်ထောင်သွားရန်ပြောကြားခဲ့သည်။

          လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ၎င်းနှင့်ပတ်သက်သော အစည်းအဝေးများကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပရန် သတ်မှတ်ထားပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

အောက်တိုဘာ၂၆

ရန်ကုန်မြို့၊ ပြည်လမ်းမ၊ နာနတ်တောမီးပွိုင့်အနီးရှိ အကြီးစားတည်ဆောက်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် ပြည်တာဝါ တည်ဆောက်ခွင့်ကို ဇေကမ္ဘာဦးခင်ရွှေထံမှ ဦးဇော်ဇော်ပိုင် Max Cement ကုမ္ပဏီမှ လွှဲပြောင်းရယူသွားနိုင်ကြောင်း ရန်ကုန်မြို့ အခြေစိုက် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ကနဦး ပြည်တာဝါ တည်ဆောက်ခွင့်ကို ဇေကမ္ဘာဦးခင်ရွှေ ဦးဆောင်သည့် National Development Company Group Co.Ltd မှ တည်ဆောက်နေခဲ့ပြီး ၁၁ ထပ်ကျော်အထိ တည်ဆောက်နိုင်ခဲ့ကြောင်း တည်ဆောက်နေဆဲကာလတွင် NDCG ကုမ္ပဏီနှင့် ညီနောင်ကုမ္ပဏီတစ်ခုဖြစ်သည့် NIHL ကုမ္ပဏီ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် အင်းစိန်ဖော့ကန်ရှိ သံမဏိစက်ရုံ လုပ်ပိုင်ခွင့်စာချုပ်အား စစ်ကောင်စီမှ တစ်ဖက်သတ်ဖျက်သိမ်းခဲ့ကြောင်း ဦးခင်ရွှေအပါအဝင် NDCG တွင် ရှယ်ယာထည့်ဝင်ထားသူ အများစုသည် NIHL တွင် ရင်းနှီးမြှုပ်နှံထားကြသူများ ဖြစ်သဖြင့် ပြည်တာဝါတည်ဆောက်ရေးအား သတ်မှတ်ကာလအတိုင်း အပြီးမသတ်နိုင်ဖြစ်နေစဉ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးဇော်ဇော်ပိုင် Max Cement ကုမ္ပဏီက တည်ဆောက်ခွင့်ရရှိလာကြောင်း ၎င်းက ဆိုသည်။
"အရှင်မွေး နေ့ချင်းကြီးဆိုသလို လူတစ်ယောက်စန်းဟာ အံ့ဩဖို့လည်း ကောင်းတယ်။ တရားကျဖို့လည်းကောင်းတယ်" ဟု ယခုနှစ်ပိုင်း ဦးဇော်ဇော် အရေးပါလာခြင်းနှင့် စီးပွားရေးလုပ်ပိုင်ခွင့် တော်တော်များများ ရလာခြင်းနှင့် ပတ်သက်၍ ၎င်းက သုံးသပ်ပြောကြားသည်။
ဧရာဝတီတိုင်း ရေကြည်မြို့ဇာတိ ဦးဇော်ဇော်သည် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၁၅ နှစ် ၎င်းမင်္ဂလာဆောင် ဖိတ်စာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏ သားတပည့်ဟု ထည့်သွင်းဖော်ပြခဲ့ကြောင်း ယခုနှစ်ပိုင်းတွင် အစိုးရစီမံကိန်း အများစုကို အဓိက ဦးဆောင်လုပ်ကိုင်နေသူ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနှင့် အထူးရင်းနှီးလာပြီး ပါမစ်နှင့် စီမံကိန်း အများအပြားတည်ဆောက်ခွင့်ကို ရရှိနေကြောင်း၊ အစိုးရထိပ်ပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
မြန်မာပြည်သူလူထု၏ အစိုးရအပေါ် မကျေနပ်မှုနှင့် နိုင်ငံရေးနိုးကြားမှုများကို MNL ဘောလုံးပြိုင်ပွဲများ ကျင်းပပြီး အာရုံလွှဲပြောင်းနိုင်အောင် ဦးဇော်ဇော် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထူးအခွင့်အရေးများ ရရှိလာခြင်း ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးက သုံးသပ်ပြောကြားသည်။





--
Posted By icypress to Sensible Rumour at 10/26/2009 03:26:00 AM

မြန်မာက နယ်ခြားတည်ငြိမရေးကို ထိန်းသိမ်းနိုင်မည်ဟု တရုတ်မျှော်လင့်

24 - Oct - 2009

Xinhua News

          တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်က မြန်မာနိုင်ငံသည် ပြဿနာအရပ်ရပ်ကို တိကျမှန်ကန် စွာကိုင်တွယ်နိုင်ပြီး၊ တရုတ်မြန်မာနယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့် ရှောက်နိုင်လိမ့်မည်ဟု ၎င်းအနေနှင့်ယုံကြည်မိကြောင်း စနေနေ့ကပြောကြားသည်။

          တရုတ်-မြန်မာ အိမ်နီးချင်းကောင်းဆက်ဆံရေးကို တိုးတက်စေရန်ရည်ရွယ်သည့် နှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ပူးပေါင်ဆောင်ရွက်မှုများသည် နှစ်နိုင်ငံလုံးအတွက် မရှိမဖြစ်လိုအပ်ချက်များနှင့် ကိုက်ညီ၍ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကိုဖြစ်ပေါ်စေလိမ့် မည်ဟု ၀မ်ကျားပေါင်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား အာဆီယံထိပ်သီးညီလာခံ အ၀န်းအ၀ိုင်းတွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

          အေးချမ်းတည်ငြိမ်ခြင်း၊ ပေါင်းစည်းညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းများကို မြန်မာနိုင်ငံက နားလည်သဘောပေါက်လိမ့်မည်ဟု တရုတ်က မျှော်လင့်ကြောင်း "၀မ်"က ပြောကြားခဲ့ပြီး၊ အရှေ့တောင်အာရှနိုင်ငံများကို တတ်စွမ်းသမျှ အကူအညီများပေးသွားမည်ဖြစ်ကြောင်း ကတိပြု ခဲ့သည်။

          မြန်မာဝန်ကြီးချုပ်ကလည်း တရုတ်နိုင်ငံ၏ ရေရှည်ကူညီထောက်ပံ့မှုများကို အသိအမှတ်ပြု သည့်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်မိတ်ဆွေဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး များကို ပိုမိုခိုင်မာအောင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ပြီးခဲ့သော သြဂုတ်လက တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်းသို့ ထွက်ပြေးခဲ့သော မြန်မာနယ်စပ်ဒေသခံ တစ်သောင်းကျော်မှာ ယခုအခါ တိုက်ပွဲများပြီးဆုံးသွား သော မြန်မာနိုင်ငံမြောက်ပိုင်း၊ ၎င်းတို့၏ ဇာတိမြေသို့ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံပိုင်သတင်းဌာနများက ဖော်ပြခဲ့ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

သိက္ခာရှိသောအာရှအခွင့်အရေးဆိုင်ရာအဖွဲ့ဖြစ်စေရန်

ကုလသမဂ္ဂကတိုက်တွန်းခြင်း

(Bangkok Post : 22 - 10 - 2009)

          ကုလသမဂ္ဂက အရှေ့တောင်အာရှဒေသများသည် ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ အသစ်ကို ဖွဲ့စည်းရာတွင် သိက္ခာရှိသောအဖွဲ့အဖြစ်၊ ဖွဲ့စည်းရန် တိုက်တွန်းလိုက်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)က အဖွဲ့သစ်၏တရားဝင်ဖွဲ့စည်းမှုအတွက် ပြင်ဆင် နေချိန်တွင် ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

          အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံက ဆက်တိုက် ထပ်ခါ ထပ်ခါကျူးလွန်နေသောလူ့အခွင့်အရေးဖောက်ဖျက်မှုများသည် အာဆီယံအပေါ်လူထုအမြင်ကို တိမ်းစောင်းစေခဲ့ပါသည်။ (AICHR) The Asean Intergovernmental Commission on Human Rights (လူ့အခွင့်အရေးနှင့်ပတ်သက်သော အာဆီယံအစိုးရများဆိုင်ရာအဖွဲ့) သည် အာရှနှင့် ပစိဖိတ်ဒေသ၏ပထမဦးဆုံးသောအဖွဲ့ဖြစ်သည်။ အာဆီယံခေါင်းဆောင်များ သောကြာနေ့တွင် ထိုင်းနိုင်ငံအပန်းဖြေစခန်း Hua Hin တွင် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်စဉ် အဆိုပါအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

          AICHR သည် သိက္ခာရှိသောဒေသဆိုင်ရာအဖွဲ့တစ်ခုအနေဖြင့် ရပ်တည်နိုင်ရန် အထူး ကြိုးစားရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်ရာတွင် ပြောဆိုခြင်းနှင့် အမှန်တကယ်ဖြစ်ပွားနေမှုအကြားတွင် ကွာဟချက်ကိုလည်း ညှိပေးရန်လိုကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ဒေသဆိုင်ရာကိုယ်စားလှယ် Homayoun Alizadeh က ပြောကြားခဲ့ သည်။ ယခုအချိန်ခါတွင် မှန်းဆချက်များနှင့်မျှော်လင့်ချက်များရှိနေကြောင်း၊ နိုင်ငံများက ဒေသဆိုင်ရာကိစ္စရပ်များအတွက် အပြောသက်သက်မဟုတ်ဘဲ ပိုမို၍ ပါဝင်ပတ်သက်မှုများကို ပြုလုပ်ရန်ရှိနေသောကြောင့် ဖြစ်ပါသည်။ အာဆီယံအပေါ်လူထုအမြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုပြုလုပ်သောအဖွဲ့ဝင်နိုင်ငံများကြောင့် မကောင်းတော့ကြောင်းတွေ့ရှိရပါသည်။

          ယခုနှစ်ဦးပိုင်းတွင်လည်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှထွက်ပြေးလွတ်မြောက်လာသော လူမျိုးစုရိုဟင်ဂျာလက်နက်ကိုင်များအပေါ် ဖိနှိပ်ဆက်ဆံမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု မြင်ကွင်းကို စောင့်ကြည့်ခံနေရကြောင်းလည်း သိရသည်။

          နိုင်ငံရေးလှုပ်ရှားသူများက အာဆီယံကို လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံနေရ သော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများကို အထူးသတိပြုဆက်ဆံရန် တွန်းအားပေးလျက်ရှိပါ သည်။ အာဆီယံလူထုအခြေခံဆွေးနွေးပွဲကိုလည်း အာဆီယံအစည်းအဝေးနှင့် တိုက်ဆိုင်၍ ပြုလုပ်ရန်ရှိပါသည်။

          သံတမန်များက အင်္ဂါနေ့တွင်ပြောကြားရာ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အာဆီယံလူထု၏ တောင်းဆိုချက်ကို အာဆီယံထိပ်တန်းအစည်းအဝေးအတွင်း ထုတ်ပြန်မှုကို မြန်မာနိုင်ငံက နှစ်မြို့ ခြင်းမရှိခဲ့ဟု သိရှိရပါသည်။

          အသက် (၆၄) နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်(၂၀)တာကာလအတွင်း (၁၄)နှစ်ခန့်မှာ ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပြီး၊ သြဂုတ်လကလည်း သူမ၏ရေစပ်နေအိမ်သို့ အမေရိကန်လူမျိုးတစ်ဦးဖိတ်ခေါ်ခြင်းမရှိဘဲ ရောက်ရှိလာမှုကိစ္စကြောင့် နေအိမ်အကျယ်ချုပ် (၁၈) ထပ်မံအကျခံခဲ့ရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---