Transparency Myanmar

transparency.myanmar@gmail.com

21 - Oct - 2009 

Arshad Mohammed

          နျူကလီးယားနိုင်ငံ အဖြစ် သတ်မှတ်ဆက်ဆံစေရန် မြောက်ကိုရီးယား၏ မျှော်လင့်ထားမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ငြင်းပယ်လိုက်ပြီး အမေရိကန်ပြည်ထောင်စု အနေနှင့် နျူကလီးယားလက်နက်နိုင်ငံ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ပင်မှုများ ကင်းလွတ်သည့် ပုံမှန်ဆက်ဆံရေး ပြုလုပ်ရန် အစီအစဉ် လုံးဝမရှိဟု ပြောကြားလိုက်သည်။

          အမေရိကန်ပြည်ထောင်စု၏ အင်အားကို အသုံးပြု၍ ပြတ်သားစွာ ဆောင်ရွက်ခြင်း(သို့) မြောက်ကိုရီးယားနှင့် နှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းခြင်း နည်းလမ်း ခုကို Cliton က ချပြခဲ့ပြီး၊ ပြုံယမ်းအား ၎င်း၏နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းရေးနှင့် ပတ်သက်သည့် နိုင်ငံဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်စေမည့် ခြေလှမ်းတစ်ရပ်အဖြစ် မျှော်လင့်ထားသည်ဟု ဆိုပါသည်။

          မြောက်ကိုရီးယားသည် ဒုတိယအကြိမ် နျူစမ်းသပ်မှုကို မေလက ပြုလုပ်ခဲ့ပြီး၊ ၎င်းအား နျူကလီးယား နိုင်ငံအဖြစ် သတ်မှတ် ဆက်ဆံစေလိုသော ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။

          အမေရိကန်က မြောက်ကိုရီးယားနှင့် နှစ်ဖက်ဆွေးနွေးပွဲများ ကျင်းပမည့် အစီအစဉ်ကို ထပ်မံပြောကြားရင်းဖြင့် "၀ါရှင်တန်"သည် ပြုံယမ်းအပေါ် အရေးယူမှုများကို ဖြေလျှော့ပေးဦးမည် မဟုတ်ဟု Clinton က ဆက်လက် ပြောကြားခဲ့ပါသည်။

          ပြုံယမ်းက စစ်မှန်သေချာသော ပြန်လည် လုပ်ကိုင်နိုင်ခြင်း မရှိသော ပြည့်စုံသည့် နျူကလီး ယား ရပ်ဆိုင်းရေးကို မဆောင်ရွက်သေးသ၍ အရေးယူ ပိတ်ပင်မှုများကို ဖြေလျှော့ပေးမည်မဟုတ် ကြောင်း United States Institute for Peace Think Trank က ကျင်းပသော ဟောပြောပွဲတွင် Clinton က ပြောကြားခဲ့သည်။

          နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားအပေါ်တွင် အမေရိကန်က အရေးယူမှုများ ကင်းလွတ်သည့် ပုံမှန်ဆက်ဆံရေး ထားရှိလိမ့်မည်ဟု မျှော်လင့်ချက်မထားရန် သတိပေးလိုက်ပြီး၊ အမေရိကန်က မြောက်ကိုရီးယားနှင့် နှစ်ဖက်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေသော်လည်း ပြုံယမ်း၏ ဆွေးနွေးပွဲစကားဝိုင်းသို့ ပြန်လာမည့် အစီအစဉ်မှာ လုံလောက်မှု မရှိသေးပါဟု Cliton ကပြောကြားခဲ့သည်။

          နှစ်နိုင်ငံ ဆွေးနွေးမှုများမှတဆင့် တရုတ်၊ ဂျပန်၊ ရုရှား၊ အမေရိကန်နှင့် ကိုရီးယား နှစ်နိုင်ငံ တို့ပါဝင်သော ခြောက်နိုင်ငံဆွေးနွေးပွဲသို့ ပြုံယမ်းအား ပြန်လည် တက်ရောက်လာစေရန် အမေရိကန်က မျှော်လင့်ထားသည်။

          လွန်ခဲ့သော ၆လက မြောက်ကိုရီးယားက နှုတ်ထွက်သွားသောကြောင့် ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

          မြောက်ကိုရီးယားက ၀ါရှင်တန်နှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်လိုကြောင်း ဖေါ်ပြသည့်အနေဖြင့် ထောင်ချထားသော အမေရိကန် စာနယ်ဇင်းသမား ယောက်ကို သြဂုတ်လက လွှတ်ပေးခဲ့ပြီး လွန်ခဲ့သောနှစ်ပတ်ကမူ ခြောက်နိုင်ငံဆွေးနွေးပွဲသို့ ပြန်လည်တက်ရောက်မည် ဖြစ်ကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စုနှင့် ရှေးဦးစွာ ဆွေးနွေးလိုကြောင်း ပြုံယမ်းက ထုတ်ဖေါ်ပြောကြားခဲ့သည်။

          အေးစက်နေသော ဆက်ဆံရေးများ ယခုကဲ့သို့ နွေးထွေးလာရန် မည်သည့်အရာများက အစပြုခဲ့ကြောင်းကိုမူ ရှင်းလင်းစွာမသိရသေးပါ။

          ပြုံယမ်း၏ ဒုတိယအကြိမ် နျူစမ်းသပ်မှုအပြီးတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နောက်ထပ် အရေးယူပိတ်ပင်မှုများ ထပ်မံချမှတ်ခဲ့ပြီး ဆင်းရဲသော မြောက်ကိုရီးယား နိုင်ငံအတွက် သေရေးရှင်ရေးဖြစ်သည့် "ငွေမာ" ရရှိနိုင်သော လက်နက်ရောင်းချမှုများကို တားဆီးရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

          အမေရိကန် ပြည်ထောင်စုက နှစ်ပတ်ဆွေးနွေးပွဲများနှင့် ပတ်သက်၍ မဆုံးဖြတ်ရသေး ကြောင်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယားသည် ခြောက်နိုင်ငံဆွေးနွေးပွဲသို့ အမှန်တကယ်ပြန်လာ လိုခြင်းဖြစ်ကြောင်းနှင့် ၎င်း၏နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲ မတိုင်ခင် အာမခံကတိပြုရန် လိုအပ်သည်ဟုဆိုပါသည်။

          နယူးယောက်နှင့် ဆန်ဒီရေဂို မြို့များတွင် ကျင်းပမည့် အစည်းအဝေးများ တက်ရောက်ရန် အတွက် RiGun (ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နံပါတ် အဆင့်ရှိ မြောက်ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်) အား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် ပြည်ထောင်စုအစိုးရဌာနမှ ယခင်အပတ်က ဆုံးဖြတ်ခဲ့ပါသည်။

          ယခုကဲ့သို့ RiGun ခရီးစဉ်ကို ခွင့်ပြုလိုက်ခြင်းသည် အမေရိကန် မြောက်ကိုရီးယားနှစ် နိုင်ငံ ဆွေးနွေးပွဲများမှတဆင့် နျူကလီးယား ရုတ်သိမ်းရေးအစီအစဉ်များကို ကျယ်ပြန့်စွာ ပြန်လည်စတင် ဆွေးနွေးရန် ရည်မှန်းထားသော အိုဘားမားအစိုးရ၏ ဆန္ဒကို အရိပ်အရောင် ပြလိုက်ခြင်းဖြစ်သည်ဟု အမေရိကန် သုတေသီများက ပြောကြားပါသည်။

          အမေရိကန်ပြည်ထောင်စု၏ မဟာမိတ် တောင်ကိုရီးယားနှင့် ဂျပန်ကို တိုက်ရိုက် ခြိမ်းခြောက်နေသော မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရုတ်သိမ်းရန် အမေရိကန်က တောင်းဆိုနေချိန်တွင် မြောက်ကိုရီးယားကလည်း ၎င်းအား နျူကလီးယားနိုင်ငံ အဖြစ် သတ်မှတ်ဆက်ဆံစေလိုကြောင်း ရှင်းလင်းစွာ ပြောကြားလိုက်သည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---


By LAWI WENG

21 - Oct - 2009 / Irrawaddy

          မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်၊ မောင်းတောမြို့တွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နယ်စပ်ဒေသ တင်းမာ မှုများကို လျှော့ချရန် ကြိုးစားခဲ့ကြသည်ဟု ဒေသသတင်းများအရ သိရှိရသည်။

          အထက်ပါ နှစ်နိုင်ငံသည် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ နယ်စပ်ဒေသရှိ တရားမ၀င် မူးယစ်ဆေးနှင့် လက်နက်ရောင်းဝယ်မှုများ၊ လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုများ၊ ရိုဟင်ဂျာကိစ္စနှင့် မြန်မာနိုင်ငံက ပြုလုပ်နေသော အငြင်းပွားဖွယ် နယ်စပ်ခြံစည်းရိုး ကိစ္စများကို ဆွေးနွေးခဲ့ပြီး၊ အဆိုပါ ခြံစည်းရိုးသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားသည်။

          နှစ်ဖက် တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံနေသည့်ကြားမှပင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ် နေသည်။ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တွင် ငါးဖမ်းလှေများကို မြန်မာတပ်ဖွဲ့များက သိမ်းဆည်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် တံငါသည်များက စွပ်စွဲပြောကြားခဲ့ပါသည်။

          ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစစ်သင်္ဘောများသည် ဘင်္ဂလားပင်လယ်အော် အငြင်းပွားရေပြင် တွင် ကင်းလှည့်နေကြပြီး နယ်စပ်ဒေသတွင်လည်း နှစ်ဖက်စလုံးက စစ်တပ်များ တပ်စွဲထားကြောင်း သိရပါသည်။

          မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားသည် ၃၂၀ ကီလိုမီတာရှည်လျားပြီး၊ အချို့နေရာများတွင် နတ်မြစ် (Nat River) က ပိုင်းခြားထားကာ တရားမ၀င်ကုန်သွယ်မှုများ၊ တရားမ၀င် ဖြတ်ကျော်မှု များ ပုံမှန်ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံက ကီလိုမီတာ ၂၀၀ ရှည်လျားသော သံဆူးကြိုးစည်းရိုး ကာရံခဲ့ပြီး၊ မူးယစ်ဆေး တရားမ၀င်ကုန်သွယ်မှုနှင့် လူကုန်ကူးမှု များကို တားဆီးရန် ရည်ရွယ်သည်ဟုဆိုပါသည်။

          ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသတွင် မြန်မာ ရိုဟင်ဂျာများစွာ တရားမ၀င် အလုပ်လုပ် နေကြပြီး၊ သံဆူးကြိုး ကာရံမှုစတင်သည့် အောက်တိုဘာ ရက်ခန့်ကပင် တနေ့လျှင် ၄၀ ခန့် ဖမ်းဆီးပြန်ပို့ခြင်း ခံရသည်ဟု ရခိုင်စီမံကိန်း ညှိနှိုင်းရေးမှူး Chris Lewa ၏ပြောကြားချက်အရ သိရှိရသည်။

          သံဆူးကြိုး စည်းရိုးကာရံမှု ပြီးဆုံးချိန်တွင် တရားမ၀င် ရိုဟင်ဂျာအားလုံးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နှင်ထုတ်လိမ့်မည်ဟု ယုံကြည်ရကြောင်း Lewa ကပြောပါသည်။

          ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ၎င်းရိုဟင်ဂျာ ဒုက္ခသည်များသည် မိမိတို့နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များအတွက် ကြီးမားသော ၀န်ထုပ်ဝန်ပိုး ဖြစ်သည်ဟု ဆိုပါသည်။

          Cox's Bazaar အနီးရှိ စည်း၂ခုတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော ရိုဟင်ဂျာ ၄သိန်းခန့် နေထိုင်ကြောင်း UNHCR သတင်းများအရ သိရှိရပါသည်။



--
Posted By icypress to Sensible Rumour at 10/29/2009 08:09:00 AM