Transparency Myanmar

transparency.myanmar@gmail.com

(CNN : 30 - 10 - 2009)

          တရုတ်နိုင်ငံသည် အထီးကျန်နေသော မြောက်ကိုရီးယားခေါင်းဆောင် Kim Jong IL ကို ၎င်းအဆင်ပြေသည့်အချိန်တွင် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်စေလိုကြောင်း  ဖိတ်ခေါ် ထားသည်ဟု နှစ်နိုင်ငံ၊ နိုင်ငံပိုင်သတင်းဌာနများက သတင်းထုတ်ပြန်လိုက်သည်။

          မြောက်ကိုရီးယား၊ Workers' Party မှ ကိုယ်စားလှယ်တစ်ဦး တရုတ်ပြည်သို့ အစည်းအဝေး၊ ဗုဒ္ဓဟူးနေ့တွင် တက်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ China Daily က နှစ်နိုင်ငံသည် ဆက်ဆံရေးကို ပိုမိုတိုးတက်အောင်လုပ်ဆောင်သွားရန်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

          တရုတ်နှင့် မြောက်ကိုရီးယားတို့သည် အနှစ်(၆၀)မြောက် သံတမန်ဆက်ဆံရေးအတွက် အခမ်းအနား ကျင်းပနေခြင်းဖြစ်သည်။ တရုတ်ပါတီနှင့် အစိုးရသည် ကိုရီးယား ရဲဘော်ရဲဘက်တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ အခန်းကဏ္ဍသစ်ကို ဖန်တီးနိုင်ကြောင်း၊ ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဖေါ်ဆောင်နိုင်ပြီး၊ အကျိုးတူတိုးတက်ဖွံ့ဖြိုးမှု ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

          တရုတ်ဝန်ကြီးချုပ် Wen Jiabao လဆန်းပိုင်းက တရုတ်ပြည်ခရီးစဉ်အပြီးတွင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးလိုခြင်းနှင့် ()နိုင်ငံ နျူကလီးယား ဆွေးနွေးပွဲသို့ပြန်လာရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်၊ ဂျပန်၊ ရုရှား၊ အမေရိကန်နှင့် တောင်နှင့်မြောက် ကိုရီးယားနိုင်ငံတို့သည် အဆိုပါ အစည်းအဝေးတွင် ပါဝင်ခဲ့ကြသည်။

          မြောက်ကိုရီးယားနှင့် အနီးဆုံးတည်ရှိပြီး အစဉ်အလာအားဖြင့် မဟာမိတ်တစ်ခုလည်းဖြစ် ပြီး၊ စီးပွားရေး အထောက်အပံ့များကို အဓိကပေးနေသည့် တရုတ်နိုင်ငံသည် မြောက်ကိုရီးယား ပဟေဠိ၏ သော့ချက်ကို ကိုင်ဆောင်ထားသူဖြစ်ပါသည်။

          မြောက်ကိုရီးယားသည် စီးပွားရေးအားဖြင့် ကျဆင်းနေသည်။ နိုင်ငံရေးအားဖြင့် တည်ငြိမ်မှု မရှိဘဲ၊ သံတမန်ရေးရာအားဖြင့်လည်း အထီးကျန်နေပါသည်။ အတိတ်ကာလအတွင်းက မြောက်ကိုရီးယားနိုင်ငံသည် ဆက်ဆံမှုနှင့် ရန်လိုမှုကို တလှည့်စီကျင့်သုံးခဲ့သည်ကို တွေ့မြင်ရပါ သည်။

         


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

(Philippines : 29 - 10 - 2009)

          ဆက်သွယ်ရေး ၀န်ဆောင်မှု ဆောင်းပါးတစ်ခုက အာဆီယံခေါင်းဆောင်များသည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများတွင် အမှန်တကယ်ဖြစ်သော လူ့အခွင့်အရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်လာ လျှင် လှည့်ဖျားလိမ်ညာမှုကို ပြုလုပ်နေပြီး၊ သူရဲဘောကြောင်နေကြသည်ဟု ဝေဖန်လိုက်သည်။ အထူးသဖြင့် မြန်မာအရေး ကိစ္စမျိုးဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။

 အာဆီယံ ထိပ်တန်းအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက၊ အာဆီယံသည် တနေ့တွင် ဥရောပသမဂ္ဂကဲ့သို့ပင် အရည်အချင်းရှိပြီး၊ ဖွဲ့စည်းပုံ အနာဂတ်အမြင်နှင့် ရည်မှန်းချက်များရှိသည့် အဖွဲ့ဖြစ်လာမည်ဟု ကြွားဝါပြောဆိုခဲ့ကြောင်း ရေးသားထားသည်။ အဆိုပါအိမ်မက်မှာ အလွန်ရီစရာကောင်းသော ပြက်လုံးတစ်ခုဖြစ်ကြောင်း၊ ဒေသအတွင်း နိမ့်ကျနေသော လူ့အခွင့်အရေးဆိုင်ရာ အသွင်သဏ္ဍာန်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို အပြစ်မှ ကင်းလွတ်အောင် ဖုံးကွယ်ပေးသည့် သတင်း ထုတ်ပြန်ချက်နှင့်သာ တူကြောင်း ပြောကြားထားသည်။

          အာဆီယံ လူ့အခွင့်အရေးကော်မရှင်သည် ဖွဲ့စည်းပုံ၊ ကိုယ်စားလှယ်ပြုမှု၊ လုပ်ငန်း ဖေါ်ဆောင်မှု၊ ပွင့်လင်းမှု၊ ယုံကြည်စိတ်ချနိုင်မှု၊ ဒေသအတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ရပ်များအပေါ် အပြည်ပြည်ဆိုင်ရာ ခံယူချက်များကို လက်ခံကျင့်သုံးစေရန်အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားပေးထောက်ပံ့မှုနှင့် ကိုယ်တိုင်ပါဝင်ပတ်သက်မှုများ မည်သို့ရှိလာမည်ကို စောင့်ကြည့် ရန် ရှိပါသည်ဟု ရေးသားခဲ့သည်။

အနည်းဆုံး()နှစ်တာကြာသည်အထိ စောင့်ကြည့်ရန် လိုအပ်မည်ဖြစ် ကြောင်းနှင့် ဒေသတွင်းရှိ ဥပဒေအကြံပေးများနှင့် ရှေ့နေများကလည်း အထူးဂရုပြုလျက် စောင့် ကြည့်ရန်လိုကြောင်းလည်း ပြောသည်။ အဆိုပါ ဆောင်းပါးတွင် အာဆီယံခေါင်းဆောင်များသည် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အစည်းအဝေးကာလ အတွင်း ထုတ်ဖေါ်ဆွေးနွေးခြင်းပင် မပြုခဲ့ခြင်းသည် အဆိုပါ လူ့အခွင့်အရေးကော်မရှင်၏ ဒေသ ဆိုင်ရာ ဟိတ်ဟန်ကောင်းသည့် ကြေညာချက်များထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ လှောင်စရာဖြစ် နေကြောင်း ဖေါ်ပြထားသည်။

          အာဆီယံအဖွဲ့တွင် ကာလကြာမြင့်စွာ ကျင့်သုံးခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး များတွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရန် သတ်မှတ်ထားသည့် ပေါ်လစီကြောင့်  အာဆီယံသည် မြန်မာအစိုးရကို ထိရောက်သော ဖိအားပေးမှုများပြုလုပ်နိုင်ခြင်း မရှိကြောင်းလည်း ဖေါ်ပြထား သည်။ အမေရိကန်နိုင်ငံသည်ပင်လျှင် အလျော့ပေးလာပြီဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ  မကျေမလည်ဆက်ဆံပြီးမှ အထီးကျန်နေသော အစိုးရကို ပြန်လည်စေ့စပ်ဆွေးနွေးလို သောကြောင့် ဖြစ်သည်။ ဤအချက်က အာဆီယံကို မြန်မာနိုင်ငံအပေါ် ဖိအားဆက်လက် ပေးစေလိုမှုကို လျော့ကျစေခဲ့ပါသည်။

          ကျွန်ုပ်တို့ အာဆီယံလူထုသည် တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်မှုများ ရပ်ရန်လိုပြီ ဖြစ်သည်။ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံကပင်လျှင် မြန်မာကို ဖိအားပေးရန် တွန့်ဆုတ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ဖိလစ်ပိုင်တွင်လည်း တရားဥပဒေမဲ့သတ်ဖြတ်မှု၊ ဥပဒေပြဌာန်းမှုမရှိခြင်း၊ ဖမ်းဆီးထိန်းချုပ်ထားစဉ် ကာလအတွင်း ညှင်းပမ်းနှိပ်စက်ခြင်း အကာအကွယ်အတွက် မလိုအပ်ဘဲ ရေရှည်ဖမ်းဆီးထားခြင်း၊ အာဏာအလွဲသုံးစားလုပ်သူ လာဘ်စားခြစားနေသော စစ်တပ်နှင့် ရဲများအား အရေးယူမှုမရှိခြင်းနှင့် နိုင်ငံရေး၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားဒိုင်များအား အရေးယူခြင်းမရှိခြင်း စသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိနေပါသည် ဟု ယင်းဆောင်းပါး တွင်ဖော်ပြထားသည်။

 



--
Posted By icypress to Sensible Rumour at 11/01/2009 02:50:00 AM

(From VOA News)

30 - Oct - 2009

          အမေရိကန်အစိုးရ ၀ါရင့်တာဝန်ရှိသူနှစ်ဦးသည် ရှေ့လာမည့် ရက်သတ္တပတ်တွင် မြန်မာ အစိုးရ အဖွဲ့ဝင်များနှင့် လည်းကောင်း၊ အတိုက်အခံများနှင့် လည်းကောင်း တွေ့ဆုံနိုင်ရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့က ပြောကြားလိုက်ပါသည်။

          အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် သူ၏လက်ထောက် Scot Marciel တို့သည် ရက်ကြာခရီးစဉ်အဖြစ် လာမည့်အင်္ဂါနေ့တွင် သွားရောက်မည်ဖြစ် ကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရ ပုဂ္ဂိုလ် Robert Wood ကပြောပါသည်။

          ၎င်းတို့သည် မြန်မာစစ်ခေါင်းဆောင်ကြီးများနှင့်လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်းတွေ့ဆုံလိမ့်မည်ဖြစ်ပါသည်။

          Campbell သည် စက်တင်ဘာလက နယူးယောက်တွင် မြန်မာအစိုးရတာဝန်ရှိသူအချို့နှင့် တွေ့ဆုံခဲ့ပါသည်။

          အမေရိကန် ဆီနိတ်တာ Jim Webb သည် သြဂုတ်လက  မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့ပါ သည်။

          အမေရိကန်နှင့်ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် လွှတ်ပေးရန် ဖိအားပေးလျက်ရှိပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

(Brian Mc Cartan US Zeroes in on China's clout in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။)

          လာမည့် ရက်သတ္တပတ်အတွင်း အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပါသည်။ အဆိုပါအဖွဲ့သည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒ အသစ်အပေါ် အချက်အလက် စုဆောင်းရေးခရီးစဉ်အဖြစ် ပြောပါသည်။

ဆွေးနွေးမည့်အကြောင်း အရာများမှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စများ ပါဝင်မည်ဟု ဆိုသော်လည်း ဒေသတွင်း မဟာမိတ်တရုတ်၏ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးလာမှု ကို စိုးရိမ်သဖြင့် သံတမန်ရေးရာ ဆက်ဆံမှုကို ပိုမိုတိုးတက်စေရန်လည်း ပါဝင်ပါသည်။

          အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန တာဝန်ခံ Kurt Campbell က အဆိုပါအဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း October 21 ရက်နေ့က ပြောပါ သည်။ စစ်အစိုးရအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ရန်ရှိသည်ဟု ဆိုပါသည်။

          အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်အာရှ နိုင်ငံများနှင့် အားကောင်းသော ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန်ကိစ္စမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဖေဖေါ်ဝါရီလ ဂျကာတာ ခရီးစဉ်နှင့် ဇူလိုင်လ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် ပြုလုပ်သော ASEAN ဒေသတွင်း ဆွေးနွေးပွဲ တက်ရောက် အပြီးတွင် စတင်လာခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်သည် အကြမ်းဖက်သမားများနှင့် အာရုံကျနေစဉ်၊ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း သြဇာလွှမ်းမိုးရေးကို ဆောင်ရွက်လာခဲ့သည်ကို အမေရိကန်တို့ သတိပြုမိလာ၍ဖြစ်သည်။

          ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် တရုတ်သည် ၎င်း၏ မဟာဗျူဟာကို အရှေ့တောင်အာရှနိုင်ငံ များတွင် သံတမန်ဆက်ဆံရေး တိုးတက်လာစေပြီး စီးပွားရေးနှင့် အခြေခံအဆောက်အအုံ တိုးတက် ရေးစီမံကိန်းများတွင် များစွာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပြောင်းလဲခဲ့ပါသည်။ ၎င်းကို လေ့လာသူများက တရုတ်၏ ပါဝါအပျော့ (Soft Power)ဟု ရည်ညွှန်းခဲ့ကြပါသည်။ ယခင်က တရုတ်သည် ထိပ်တိုက် ရင်ဆိုင်၍ လက်နက်နှင့် ပါဝါ တည်ဆောက်ခဲ့ပါသည်။

          ၎င်း၏ မဟာဗျူဟာကို ပြောင်းလဲပြီးနောက် တရုတ်သည် ဒေသတွင်းရှိ အာဏာရှင်များရော ဒီမိုကရက်တစ် အယောင်ဆောင်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားလာခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ အစိုးရအရာရှိများကို တရုတ် တက္ကသိုလ်များတွင် ပညာသင်ဆုများပေးခြင်း၊ အခြေခံအဆောက်အဦ စီမံကိန်းများဖြစ်သော လမ်းတံတား၊ ရေအားလျှပ်စစ် စီမံကိန်းများတွင် အကူအညီပေးရန် အဆိုပြု၍ သြဇာထူထောင်ရန် ကြိုးစားခဲ့ပါ သည်။ လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ၂၀၀၉ ဒီဇင်ဘာတွင် ပြုလုပ်မည့် Sea Game ပင်မ အဆောက်အဦး၊ ကမ္ဘောဒီးယားမြို့တော်တွင် တည်ဆောက်ပြီးစီးသွားသော ၀န်ကြီးများကောင်စီ အဆောက်အဦး တို့ကဲ့သို့သော ဂုဏ်ယူရမည့် အဆောက်အဦးများလည်း တည်ဆောက်ပေးခဲ့ပါ သည်။

          အနောက်နိုင်ငံများမှ အကူအညီများသည် နိုင်ငံရေးလွတ်လပ်ခွင့် လူ့အခွင့်အရေးနှင့် အကျင့်ပျက်မှု တိုက်ဖျက်ရေးတို့အတွက် နှောင်ကြိုးများနှင့် ပေးနေချိန်တွင် တရုတ်နိုင်ငံသည် အတိုးနှုန်း နည်းပါးသော ချေးငွေများ၊ ဖွံ့ဖြိုးမှုစီမံကိန်းများကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကိစ္စ များတွင် မေးခွန်းထုတ်စရာ များစွာရှိနေသည့် အရှေ့တောင်အာရှနိုင်ငံများသို့ နှောင်ကြိုးမဲ့ ပေးလျက် ရှိနေပါသည်။

          ထို့ကြောင့် အရှေ့တောင်အာရှကို လွှမ်းမိုးရေးအတွက် ၀ါရှင်တန်နှင့် Beijing ကြား အသံတိတ်ပြိုင်ဆိုင်မှု စတင်လာပြီဖြစ်ပါသည်။

          ထို့ကြောင့် ဒေသတွင်း အမေရိကန်၏ သြဇာရှိနေရေးအတွက် တရုတ်၏ ပါဝါအပျော့ကို ချိန်ညှိရန် လိုအပ်ပါသည်။ အထူးသဖြင့် ဒေသတွင်း တရုတ်၏ အဓိက မဟာမိတ်များဖြစ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ အပေါ်တွင် အမေရိကန်တို့ ချိန်ခွင်လျှာညှိရန် လိုအပ် ပါသည်။

          ထို့အတွက်ကြောင့် အမေရိကန်သည် လာအိုနှင့်ကမ္ဘောဒီးယားတွင် စစ်ရေးအကူအညီများ ပိုမိုပေးလျက်ရှိပါသည်။ သမ္မတ Obama သည် ကမ္ဘောဒီးယားနှင့် လာအိုကို ကုန်သွယ်ရေး နာမည် ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့ပါသည်။

          စက်တင်ဘာ အတွင်းက ကမ္ဘောဒီးယား ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Banh နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Steinberg တို့ ၀ါရှင်တန်တွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထိုလအတွင်းမှာပင် ဖနွမ်းပင်ရှိ အမေရိကန်သံရုံးက နိုင်ငံခြား စစ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု အစီအစဉ်အရ ကန်ဒေါ်လာ 6.5 million တန်ဖိုးရှိ စစ်သုံးပစ္စည်းများကို ပေးလှူခဲ့ပါသည်။ ထို့အပြင် ကမ္ဘောဒီးယား အမျိုးသား ကာကွယ်ရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ၂၀၁၀ နှစ်လယ်တွင် ပထမဆုံးအကြိမ် ပူးပေါင်း စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်အတွက် အမေရိကန်စစ်သား ၁၅၀၀ ခန့် လာရောက်မည်ဟု ကြေညာပါသည်။

          ဒေသတွင်း အမေရိကန်၏ အရင်းနှီးဆုံးမဟာမိတ်ဟု ဆိုရမည့် ထိုင်းနိုင်ငံသည်ပင် သက်ဆင် လက်ထက်က တရုတ်နှင့်ပိုမိုပူးပေါင်းမှု ရှိလာခဲ့သဖြင့် အမေရိကန်တို့က ပိုမိုဂရုစိုက် ကြည့်လာခဲ့ရပြီဖြစ်သည်။ ယခု နောက်ဆုံး ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် U.S Agency for International Development အစီအစဉ်အရ အရပ်ဖက် လူ့အဖွဲ့အစည်း ဖွဲ့စည်းပုံ များနှင့် သတင်းနှင့်ပြန်ကြားရေး တိုးတက်မှုအတွက် အကူအညီများ ပေးရန် ရည်မှန်းထားသည်။

          အမေရိကန် မူဝါဒချမှတ်သူများ အနေဖြင့် အရှေ့တောင်အာရှတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိရာတွင် မြန်မာနိုင်ငံသည် ပဟေဠိဖြစ်စရာများ ရှိခဲ့ပါသည်။ တရုတ်သည် မြန်မာနိုင်ငံတွင်း အင်အားကောင်းကောင်းနှင့် ၀င်ရောက်နေရာယူထားပြီးချိန်တွင် အမေရိကန်တို့က စစ်အစိုးရအပေါ် ရပ်တည်ချက်ပြောင်းပြီး ဆက်ဆံရေးစကာစ တရုတ်ကို တန်ပြန်ရင်ဆိုင်ရန် လောလောဆယ် မြန်မာနိုင်ငံတွင် သြဇာမရှိသေးပါ။ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းတို့နှင့် အလားတူပင် အမေရိကန်သည် မြန်မာနိုင်ငံကို မည်သည့်ကူညီသည့်စီမံကိန်းမျှ မရှိပါ။ စစ်တပ်ချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုလည်း မရှိသေးပါ။ သံတမန် ဆက်ဆံရေးတွင်လည်း သံအမတ်ကြီးအဆင့် မရှိခြင်းတို့သည် တရုတ်နှင့်မတူ ကွာခြားချက်များဖြစ်သည်။

          အောက်တိုဘာ ၂၁ ရက် ဆီးနိတ် နိုင်ငံခြားရေးရာ ကြားနာပွဲတွင် ဥက္ကဌ Howard Berman က အမေရိကန်တို့ နှစ်နှစ်ဆယ်ခန့် မြန်မာနိုင်ငံနှင့် ဝေးကွာသွားချိန်မှာ တရုတ်တို့သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ သြဇာထူထောင် နိုင်ခဲ့သော်လည်း၊ ပြုပြင် ပြောင်းလဲမှုများအတွက် အနည်းငယ်သာ တိုးတက်မှုရှိသည်ဟု ဆိုပါသည်။

          ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထား ကြောင့် မြန်မာဗိုလ်ချုပ်များသည် အမေရိကန်နှင့် သူ၏ရည်ရွယ်ချက်များကို စိုးရိမ်လာသည့် သဘောရှိလာသည်။ အမေရိကန်တို့ စစ်ရေးအရ ၀င်ရောက်လာမည်ကို ဗိုလ်ချုပ်များက စိုးရိမ်လာ သည်ဟု ယူဆရသည်။

          မြန်မာနိုင်ငံတွင် အမေရိကန်၏ သြဇာသက်ရောက်မှု နည်းပါးသည့်အတွက် မြန်မာနိုင်ငံကို ၀င်ရောက်ရန် နည်းလမ်းများ လိုအပ်ပြီး မူဝါဒသုံးသပ်မှုများလည်း လိုမည်ဖြစ်ပါသည်။ အမေရိကန် အနေဖြင့် လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကိုပေးသကဲ့သို့ အကူအညီများပေးရန် ခက်ခဲပါသည်။ နိုင်ငံတကာအဖွဲ့များ၏ မြန်မာစစ်အစိုးရအား လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲချက်များ၊ ကွန်ဂရက်ရှိ အရေးယူပိတ်ဆို့ရေး ဥပဒေများကြောင့် အမေရိကန် အစိုးရအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှု အကူအညီများနှင့် လူသားစွမ်းရည် မြှင့်တင်ရေး အစီအစဉ်များအတွက် အကူအညီပေးရေး ခြေလှမ်းကိုပင် စတင်နိုင်မည်မဟုတ်ပေ။

          Campbell က မြန်မာနိုင်ငံနှင့် ပတ်သက်၍ တိုးတက်မှုများ ရှည်လျား၍ ကြာလိမ့်မည်ဟု ပြောကြားခဲ့သည်။ တချိန်တည်းမှာပင် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်နိုင်ငံ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုများကို အမေရိကန်တို့ ဖန်တီးနိုင်ပေလိမ့်မည်။

          ၁၉၈၀ နောက်ပိုင်း တရုတ်အစိုးရသည် ဗမာပြည် ကွန်မြူနစ်ပါတီကို ထောက်ပံ့ပေးခြင်းမှ ရပ်ဆိုင်းလိုက်ပြီး၊ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံရေးအရ သြဇာလွှမ်းမိုးရေးတို့ကို မဟာဗျူဟာ ကျကျ စိတ်ဝင်စားပြီး ထူထောင်လာခဲ့ပါသည်။ ၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ်ပါတီပြိုကွဲပြီး၊ အစိတ်စိတ်အမွှာမွှာကွဲကာ တိုင်းရင်းသား လက်နက်ကိုင် သူပုန်အဖွဲ့များအဖြစ် ထွက်ပေါ်လာရာ ယခု တရုတ်မြန်မာနယ်စပ်တွင် လှုပ်ရှားနေသော မူးယစ်ဆေးဝါး ရောင်းဝယ်သည့် ၀တပ် (UWSA) လည်းပါဝင်ပါသည်။

          မြန်မာနိုင်ငံတွင် စစ်အစိုးရတက်ပြီး ၁၉၈၈ နောက်ပိုင်းမှစ၍ တရုတ်အစိုးရသည် အရှေ့ တောင်အာရှတွင် ဒုတိယအင်အား အများဆုံး အင်အား သိန်းရှိ မြန်မာ့တပ်မတော်ကို အကူအညီ များ ပေးသည့်နည်းတူ ကုလသမဂ္ဂတွင်လည်း အမေရိကန်နှင့် မဟာမိတ်များ၏ မြန်မာအပေါ် ပိတ်ဆို့ရေး လှုပ်ရှားမှုများကို များစွာအကာအကွယ်ပေးခဲ့ပါသည်။ ယခု နောက်ဆုံး အောက်တိုဘာ လဆန်းက အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးမှုကို တရုတ်က ရေငုံနေမည်ဖြစ်ပြီး အပေးအယူအနေဖြင့် အမေရိကန်နှင့်မဟာမိတ်များက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စများကို ဦးတည်၍ ပြောဆိုခြင်းမပြုရန် အကာ အကွယ်ပေးခဲ့ပါသည်။

          ကမ္ဘောဒီးယားနှင့် လာအိုတို့ကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း လွန်ခဲ့သည့် ဆယ်နှစ် အတွင်း တရုတ်နိုင်ငံမှ နှောင်ကြိုးမဲ့ စီးပွားရေး အထောက်အပံ့များစွာ ရယူခဲ့ရပါသည်။

          အပြန်အလှန်အားဖြင့် တရုတ်တို့သည် မြန်မာနိုင်ငံမှ သဘာဝအရင်းအမြစ်များအပေါ် အမြတ်ထုတ်ခွင့်ရပြီး၊ မြန်မာ့ကမ်းရိုးတန်းတွင် ဆိပ်ကမ်းအသုံးပြုခွင့်ကို ရခဲ့ပါသည်။ စစ်အစိုးရ၏ ကိန်းဂဏန်းများအရ နောက်ဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၄၀% မှာ တရုတ်နိုင်ငံမှဖြစ်သည်ဟု ဆိုပါသည်။ ထိုအပြင် တရုတ်နိုင်ငံသား သိန်းဂဏန်းသည် မြန်မာနိုင်ငံအတွင်း ၀င်ရောက်၍ အလုပ် ရှာခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်လျက်ရှိပါသည်။

          တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ သယ်ယူရေးပါဝင်ပါသည်။ အဆိုပါ စီမံကိန်းကို လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အခြားထိခိုက်မှုများကြောင့် ကန့်ကွက်လျက်ရှိကြပါသည်။

          တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ကုန်းတွင်းပိတ် ယူနန်ပြည်နယ်၏ ပင်လယ်ထွက်ပေါက် အဖြစ်အသုံးပြုရန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဖွံ့ဖြိုးစေရန် လုပ်ဆောင်နေပါသည်။ ကျောက်ဖြူမှ ရေနံရော သဘာဝဓာတ်ငွေ့ပါ ပိုက်လိုင်းများ သွယ်တန်းမည်ဖြစ်၍ တရုတ်တို့အနေ ဖြင့် ရေနံတင်သင်္ဘောကို မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ပေ။

          Beijing နှင့် နေပြည်တော်ကြား ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း ပြီးခဲ့သော သြဂုတ်လ ကိုးကန့်အရေးကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးတွင် အငြင်းပွားဖွယ်ရာများ ရှိခဲ့ပါ သည်။ အောက်တိုဘာ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတရေး တောင်းဆိုမှုတွင် တရုတ် ပါဝင်ခဲ့ပါသည်။

          တရုတ်အနေဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် ဘာသာစကား၊ ယဉ်ကျေးမှု တို့ဖြင့် ထိုးဖောက် ၀င်ရောက်နိုင်သော်လည်း၊ မြန်မာနိုင်ငံတွင်မူ နိုင်ငံခြားသား ကြောက်ရွံ့မှု၊ နိုင်ငံ တစ်နိုင်ငံတည်းအပေါ် မှီခိုရမှုအပေါ် သတိကြားစွာ ထားနေမှုတို့ကြောင့် ထင်သလောက်အရာ မရောက်ပေ။

          တရုတ်အနေဖြင့်လည်း မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့၏ဆက်ဆံရေးမှာ အကန့်အသတ် ရှိကြောင်းသိရှိပြီး၊ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာတို့၏ဆက်ဆံရေးကိုလည်း စောင့်ကြည့်နေ လိမ့်မည်ဖြစ်သည်။ အမေရိကန်နှင့် ဆက်ဆံရေးသည် ထိုမှတဆင့် ဒေသတွင်း Beijing မဟာဗျူဟာအရ စိတ်ဝင်စားမှုကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း တရုတ်တို့သံသယရှိပေလိမ့်မည်။

          ပြီးခဲ့သည့် သြဂုတ်လက မြန်မာ-တရုတ်နယ်စပ်တွင် ဖြစ်ပွားသော ကိုးကန့်ပြဿနာမှာ မြန်ဆန်လှသဖြင့် ထိုလအတွင်း အမေရိကန်ဆီနိတ်တာ Jim Webb မြန်မာနိုင်ငံသို့ လာရောက်ခဲ့ သော အကျိုးဆက်လေလားဟု တရုတ်အာဏာပိုင်တို့က သံသယရှိကြသည်။ အကယ်၍ အဆိုပါ သံသယသည် အမှန်ဖြစ်ခဲ့ပါက ဗိုလ်ချုပ်များနှင့် ၀ါရှင်တန်တို့အကြား ဆွေးနွေးမှုအတိုင်းအတာနှင့် ကျန်နယ်စပ်ရှိတိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်လာမည်ကို တရုတ်ခေါင်းဆောင်များ စိုးရိမ်လာကြမည်ဖြစ်သည်။

          အမေရိကန်၏မြန်မာနိုင်ငံအပေါ် ဆက်သွယ်ဆွေးနွေးမှုများသည် ကြာကောင်းကြာနိုင် သည်။ နှေးကောင်းနှေးနိုင်သည်။ အမေရိကန်၏မူဝါဒသည် ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများအထိ ရည်မှန်းထားသည်။ ၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် စစ်မှန်ပြီး ဒီမိုကရေစီစနစ်သို့ ဦးတည်ပါက၊ အမေရိကန်သည် သံတမန်ဆက်ဆံရေး တိုးမြှင့်ပြီး ခိုင်မာသော ကူညီထောက်ပံ့မှုများ ပေးရန် ရည်ရွယ်ထားသည်ဟု ဆိုပါသည်။

          အချို့သော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ပေးပါက မြန်မာနိုင်ငံအပေါ် တရုတ်၏ နိုင်ငံရေးအရ စီးပွားရေးအရ သြဇာလွှမ်းမိုးမှုကို တိုက်ရိုက်ပြိုင်ဆိုင်လာနိုင်မည်ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရက်တစ်နိုင်ငံအဖြစ် မြန်ဆန်စွာ ပြောင်းလဲသွားပါက ဗဟို အစိုးရ၏ လမ်းညွှန်မှုဖြင့် တဖြည်းဖြည်းသာ ပြောင်းလဲစေလိုသောဆန္ဒရှိသည့် တရုတ်တို့အဖို့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ပေလိမ့်မည်။

          ဒေါ်အောင်ဆန်းစုကြည်အား ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံရန်ခွင့်ပြုခြင်း၊ အနောက်နိုင်ငံများမှ သံတမန်များနှင့် တွေ့ဆုံရန် ခွင့်ပြုခြင်းတို့သည် စစ်အစိုးရအနေဖြင့် အမေရိကန်၏ ရည်ရွယ်ချက်အချို့ကို သဘောတူကြောင်း ပြသည့်လက္ခဏာ ရှိပေသည်။ သို့သော် စစ်အစိုးရအနေဖြင့် ရေတိုအတွက်သာ ရည်ရွယ်ကောင်းရည်ရွယ်ခြင်းလည်း ဖြစ်လိမ့်မည်။

          သူမ၏ NLD ပါတီကိုလည်း အမေရိကန်သံရုံး ယာယီတာဝန်ခံ အပါအ၀င် နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံခွင့်ပြုခဲ့ပါသည်။ အောက်တိုဘာ ရက်နေ့က အမေရိကန် အာဏာပိုင်များသည် လာမည့်နိုဝင်ဘာလအတွင်း စင်္ကာပူနိုင်ငံတွင် ပြုလုပ်မည့် Asia-Pacitic Economic Cooperation (APEC) တွင် အမေရိကန်သမ္မတ Obama တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်ကောင်း တက်ရောက်လိမ့်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

          သို့သော် အဘယ့်ကြောင့် ဗိုလ်ချုပ်များ ၎င်းတို့၏ရပ်တည်မှု ပြောင်းလဲလာကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။ နိုင်ငံတကာ ဖိအားများ လျော့ပါးသွားစေရန်အတွက် ပြောင်းလဲ ရသလား။ သို့မဟုတ် အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ တရုတ်နှင့်ဆွေးနွေး ညှိနှိုင်းမှုတွင် ဆုတ်ကိုင်စရာအင်အားတစ်ခု ရရှိလာစေရန် ရည်ရွယ်လေသလား မပြောနိုင်ပေ။

          အမေရိကန်အနေနှင့်လည်း တရုတ်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ လွှမ်းမိုးလာမှု အပေါ် ချိန်ညှိလိုပေသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်၏ ပြိုင်ဖက်အိန္ဒိယနှင့်စာလျှင် အမေရိကန်က တရုတ်၏လွှမ်းမိုးမှုကိုသာ ထိန်းညှိလိုခြင်းဖြစ်သည်။

          မြန်မာဗိုလ်ချုပ်များ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်းကြောင့် တရုတ်တို့၏ ၎င်းတစ်ဦးတည်း ချယ်လှယ်ခဲ့သော ဆက်ဆံရေးကို ပြန်လည် သုံးသပ်ရလိမ့်မည်ဖြစ်သည်။ တရုတ်တို့သည် ၎င်း၏ အနောက်တောင်ဖက်ရှိ ကုန်းတွင်းပိတ် ယူနန်အတွက် ပင်လယ်ထွက်ပေါက် တစ်ခုကို ရခိုင်ပြည်နယ်တွင် ရယူနိုင်ခဲ့ပြီး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကုန်သွယ်မှုတို့အတွက် အကျိုးအမြတ်ရှိစေခဲ့သည်။ အမေရိကန်ရေတပ်က အချိန်မရွေး ပိတ်ဆို့နိုင်သော မလက္ကာရေလက် ကြားကို တရုတ်တို့ ရှောင်ရှားနိုင်သည့် အခွင့်အရေးရခဲ့သည်။

          ပြောင်းလဲသွားနိုင်သည့် အချက်တစ်ခုမှာ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက် ကိုင်များကို တရုတ်က အကူအညီပေးမည့် ကိစ္စဖြစ်သည်။ မြန်မာအစိုးရက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဖိအားပေးလျက်ရှိရာ အများစုက သဘောမတူသည့်အတွက် ပြည်တွင်းစစ်ဖြစ်နိုင်သည့် လက္ခဏာရှိပါသည်။

          ယခုလောလောဆယ်တွင်မူ တရုတ်က မြန်မာအစိုးရအား စစ်တပ်အနေဖြင့် စစ်ရေးအရ မတုန့်ပြန်ရန် ဖိအားပေးထားခြင်းသာလျှင် ရှိပါသည်။ ပြီးခဲ့သည့် သြဂုတ်လက ကိုးကန့်အရေး တွင် တရုတ်က ကိုးကန့်ကို အကူအညီပေးရန် ပျက်ကွက်ခဲ့ပါသည်။

          အထက်ပါ အခြေအနေများမှာ မြန်မာအစိုးရနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံ ရေးတိုးတက်မှု အခြေအနေပေါ်တွင် မူတည်ပါသည်။

          လောလောဆယ်တွင်မူ အမေရိကန်တို့သည် မြန်မာဗိုလ်ချုပ်များနှင့် တရုတ်၏မြန်မာ အပေါ်တွင်ရှိသော အခန်းကဏ္ဍအား ဆွေးနွေးရန် စားပွဲတွင် နေရာတစ်နေရာ ယူထားပြီးဖြစ်သည်။ မြန်မာအစိုးရအား သံတမန်ရေးရာနှင့် စီးပွားရေးအခွင့်အရေးများ ပေးလာနိုင်ပြီး တဖြည်းဖြည်း ဒေသတွင်း ပါဝါညှိရေးသို့ ဦးတည်သွားနိုင်ပေမည်။



--
Posted By icypress to Sensible Rumour at 11/01/2009 02:14:00 AM