Transparency Myanmar

transparency.myanmar@gmail.com

      ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်အစိုးရက မြန်မာ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပှ်ိနှိုင်းမှုများ ပြုလုပ်မည်ဟူသော မူဝါဒသစ်ကို ထောက်ခံပြီး မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် ထိပ်တန်းသံတမန်နှစ်ဦး၏ ခရီးစဉ်ကိုလည်း  ကောင်းစွာ သိရှိနားလည်ထားကြောင်း သူမ၏ ရှေ့နေက ပြောကြားသည်။

      အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်နှင့် အကြီးတန်း အရာရှိ တစ်ဦးတို့သည် နိုဝင်ဘာလ ၂ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်သည်။ တို့နှစ်ဦးသည် ခရီးစဉ်အတွင်း စစ်အစိုးရခေါင်းဆောင်များနှင့် ရော ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ အဆိုပါ ခရီးစဉ်သည် အမေရိကန် အစိုးရ၏  မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယခင် သမတဘွတ်ရှ် လက်ထက်က မူဝါဒနှင့် ကွဲလွဲသည်။

      မစတာ ကတ်ကမ်းဘဲလ်သည် ပြီးခဲ့သည့် စက်တင်ဘာလ နယူးယောက်မြို့ တွင် ကျင်းပပြုလုပ်သော ကုလသမဂ အထွေထွေညီလာခံအတွင်း မြန်မာစစ် အစိုးရ၏ ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ယခုနိုဝင်ဘာ ခရီးစဉ်အတွင်း ပြန်လည်စတင်မည်ဖြစ် သည်။ ယခု ကတ်ကမ်းဘဲလ်နှင့် စစ်အစိုးရ ခေါင်းဆောင်များ တွေ့ဆုံမှုသည် ဆယ် စုနှစ် တစ်ခုအတွင်း ပထမဆုံးဖြစ်သည်။

      "အမေရိကန် ထိပ်တန်းသံတမန်တွေ မြန်မာပြည် လာမယ့်ကိစကို ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို အသိ ပေးထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦားဏ်ဝင်းက ပြောကြားသည်။" အမေရိကန် သံတမန်တွေ စစ်အစိုးရ အပါအ၀င် အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဆနရှိခဲ့တဲ့ကိစပါ" ဟု  ဦားဏ်ဝင်း ကပြောသည်။

      အမေရိကန် အစိုးရ၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ထောက်ခံသူများက မြန်မာနိုင်ငံကို အထီးကျန် ဖြစ်အောင်လုပ်ခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံသားများ ရင်းနှီး ကျွမ်းဝင်မှုကို မှေးမှိန်စေပြီး တရုတ်နိုင်ငံအတွက် သြဇာလွှမ်းမိုးမှု ပိုမိုရရှိစေရန် ဖန်တီးပေး နေသလို ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။ မစတာ ကတ်ကမ်းဘဲလ်က မြန်မာနိုင်ငံနှင့် စေ့စပှ်ိနှိုင်းပါက အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များ နှင့် ဆနသဘောထားများကို ပိုမိုလေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

      နိုင်ငံရေး လေ့လာအကဲခတ်သူများက ယခုကဲ့သို့ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းခြင်းဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်  ဖိနှိပ်မှုတို့ကို မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာနိုင်မည်ဖြစ်သည် ဟုသုံးသပ်သည်။ အမေရိကန် အစိုးရက မြန်မာနိုင်ငံကို တင်းကြပ်သော နိုင်ငံရေး နှင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားမည်ဟု ထုတ်ဖော်ထားသည်။ အမေရိကန်နှင့် အနောက်ကမာ နိုင်ငံများက ယင်းသို့ ပိတ်ဆို့ဒဏ်ခတ်မှု များ ပြုလုပ်ရသည့် အကြောင်းမှာ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးကို အလေးမထားသော မူဝါဒများနှင့် ၁၉၉၀ပြည့် နှစ်တွင်ကျင်းပခဲ့သော ဒီမိုကရေစီရွေး ကောက်ပွဲ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲ ပြောင်းပေးခဲ့ခြင်း မရှိသောကြောင့်ဖြစ် သည်။

      ဦားဏ်ဝင်း၏ အဆိုအရ ယခုအခါ ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးသည် မြန်မာနိုင်ငံသို့ လာမည့် ၀ါရှင်တန်အစိုးရ၏ အထူးသံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။

အေပီသတင်းဌာန၏ Official says US envoys in Myanmar unlikely to meet military chief ကိုဘာသာပြန်ထားခြင်း ဖြစ်ပါသည်



--
Posted By icypress to Sensible Rumour at 11/02/2009 03:40:00 AM

1/Nov/2009

Earthtimes-org

       အမေရိကန် ပြည်ထောင်စု သမ္မတဘားရတ် အိုဘားမားသည် အာဆီယံနိုင်ငံများမှ ခေါင်းဆောင် ၁၀ ဦး တို့အား လာမည့်နှစ်တွင် ၀ါရှင်တန်သို့ ဖိတ်ခေါ်ရန် စီစဉ်နေပြီး အရှေ့တောင်အာရှဒေသနှင့် ဆက်ဆံမှုများ ဆက်လက် ခိုင်မြဲသွားရန် ရည်ရွယ်သည် media reports က တနင်္ဂင်္နွေ နေ့တွင် ဖော်ပြထားပါသည်။

မကြာမီ စင်္ကာပူတွင် ကျင်းပမည် အာဆီယံ အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွင် အိုဘားမားက တရားဝင် ဖိတ်ကြားမှုကို ပြုလုပ်လိမ့်မည်ဟု အရှေ့အာရှနှင်ပစ္စဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန် Kurt Campbell က ၀ါရှင်တန်တွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်လာသည့် နိုင်ငံဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်လာသည့် နိုင်ငံတကာ ကိုယ်စားလှယ်များနှင်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Nation သတင်းစာက ဖော်ပြပါသည်။

       ၁၉၉၇ခုနှစ်ကပင် အာဆီယံ အဖွဲ့ဝင်ဖြစ်ခဲ့သော အထီးကျန် နိုင်ငံနှင့် "၀ါရှင်တန်၏" ပြန်လည်စေ့စပ် ညှိနှိုင်းရေး မူဝါဒကို ဆွေးနွေးရန်အတွက် Campbell သည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ် အတွင်းသွား ရောက်မည်ဖြစ်သည်။

       အိုဘားမားသည် စင်္ကာပူတွင်ကျင်းပမည့်  APEC ဖိုရမ်ကို တက်ရောက်ပြီးနောက် နိုဝင်ဘာ ၁၅ ရက်တွင် အာဆီယံခေါင်းဆောင် ၇ဦးနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။

အာရှပစ္စဖိတ်ဒေသ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေး (APEC) အဖွဲ့ဝင်()ဦးတွင် သြစတေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ တရုတ် ဟောင်ကောင် အင်ဒိုနီးရှား ၊ဂျပန် တောင်ကိုရီးယား မလေးရှား မက္ကဆီကို နယူးဇီလန် ပါပူဝါ နယူးဂီဦး ဖိလစ်ပိုင်၊ ပီရူး ရုရှား စင်္ကာပူ တိုင်ပေ ထိုင်း အမေရိကန်နိုင်ငံတို့ ပါဝင်သည်။ အာဆီယံ အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား လာအို မြန်မာ တို့APEC တွင်မပါဝင်ပါ။

ဇန်န၀ါရီလက အိမ်ဖြူတော်တွင် တာဝန်လွဲပြောင်းယူခဲ့ပြီးနောက် အိုဘားမားက အရှေ့တောင် အာရှဒေသနှင့် ပြန်လည်ညှိနှိုင်း ဆွေးနွေးရေး မူဝါဒကို အကောင်အထည်ဖေါ် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသသည် အာရှဘီလူးကြီးတရုတ်နှင့် အိန္ဒိယတို့၏ စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးလာမှုနှင့် သံတမန် သြဇာထူထောင်မှု တို့ကြောင့် ဘေးစည်းသို့ ရောက်နေသော ဒေသဖြစ်သည်။

          စင်္ကာပူတွင် ကျင်းပမည့် အာဆီယံ-အမေရိကန် အစည်းအဝေးက အမေရိကန် ပြည်ထောင်စုနှင့်အရှေ့တောငအာရှဒေသအတွင်း လွတ်လပ်သော ကုန်သွယ်မသဘောတူညီချက် ရရှိနိုင်မည့် ဖြစ်နိုင်ခြေများကို ဆွေးနွေးသွားရန် မျှော်လင့်ထားသည်ဟု The Nations ကဆိုပါသည်။

 

 



--
Posted By icypress to Sensible Rumour at 11/02/2009 02:17:00 AM

Japan Today, 30th Oct, 09

ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ပထမကော်မတီက ဆုံးဖြတ်ချက်တစ်ခုကို ကြာသပတေးနေ့က ထောက်ခံတင်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံက တင်ပြလာခြင်းဖြစ်ပြီး နျူကလီယာလက်နက်များ ဖျက်သိမ်းရေးအတွက် တောင်းဆိုချက်တစ်ခု ဖြစ်ပါသည်။ မြောက်ကိုရီးယားနှင့် အိန္ဒိယ နိုင်ငံက အဆိုပါဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့ကြသည်။ တရုတ်၊ ကျူးဘား၊ ပြင်သစ်၊ အီရန်၊ မြန်မာ၊ ပါကစ္စတန်၊ ဘူတန်နှင့် အစ္စရေးတို့က ကြားနေခဲ့ကြသည်။

လက်နက် ဖျက်သိမ်းရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်နေသော ကုလသမဂ္ဂ ပထမ ကော်မတီတွင် အဆိုပါ ကိစ္စကို မဲခွဲဆုံးဖြတ်ရာ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၇၀) က ထောက်ခံခဲ့ကြသည်။ အမေရိကန်သည် () နှစ်အတွင်း ယခုကဲ့သို့ ပထမဆုံးအကြိမ် မဲပေး ထောက်ခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်များသည် နျူကလီယာလက်နက် လုံးဝဖျက်သိမ်းရေးအတွက် လက်တွေ့ကျသော ထိရောက်မှုရှိသည့် လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် တောင်းဆိုထားသည်။ ငြိမ်းချမ်း သာယာသော နျူကလီယာလက်နက် ကင်းစင်သည့် ကမ္ဘာဖြစ်လာရန် ရည်ရွယ်ကြောင်း သိရသည်။

 



--
Posted By icypress to Sensible Rumour at 11/02/2009 01:29:00 AM

29th Oct, 09

The Economics Times

နိုင်ငံပိုင်သဘာဝ ဓာတ်ငွေ့ကော်ပိုရေးရှင်း ONGC ပင်လယ်ရပ်ခြားဆိုင်ရာ ဌာနခွဲဖြစ်သည့် ONGC Videsh Ltd အား မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုက် နှစ်ခုတွင် အမေရိကန်ဒေါ်လာ ၁၇၄ သန်း ရင်းနှီးမြှုပ်နှံရန် အစိုးရက ကြာသပတေးနေ့တွင် ခွင့်ပြုလိုက်သည်။

ဘင်္ဂလား ပင်လယ်အော်ရှိ သဘာဝဓာတ်ငွေ့လုပ်ကွက် A1 နှင့် A3 တွင် အမေရိကန်ဒေါ်လာ ၁၇၄ သန်း ရင်းနှီးမြှုပ်နှံမည့် OVL အစီအစဉ်ကို Cabinet Committee of Economic affairs (စီးပွားရေးမူဝါဒဆိုင်ရာ အစိုးရကော်မတီ) က အတည်ပြုလိုက်သည်ဟု တရားဝင် သတင်းများအရ သိရပါသည်။

OVL က ဓာတ်ငွေ့သိုက်များ၏ အကျိုးအမြတ် ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့သိုက်များတွင် တွေ့ရှိထားသော အရန်သဘာဝ ဓာတ်ငွေ့စီမံကိန်း ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် ငွေကြေးကို ၎င်း၏ ပိုင်ဆိုင်မှုများနှင့် ဘဏ်ချေးငွေများမှ ရရှိပါမည်။

နိုင်ငံပိုင် သဘာဝဓာတ်ငွေ့လုပ်ငန်း GAIL India ကလည်း ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော အဆိုပါ ရေနံလုပ်ကွက်များကို ဦးဆောင်နေသူမှာ တောင်ကိုရီးယား ဒေဝူး ဖြစ်ပါသည်။

ယခု ရင်းနှီးမြှုပ်နှံမှုများသည် အရန်ထားရှိသည့် ဟိုက်ဒရို ကာဘွန်များ ပိုမိုစုဆောင်းနိုင်ရေးကို အထောက်အကူ ပေးရန်နှင့် OVL, GAIL တို့ ပါဝင်မြှုပ်နှံထားသည့် A1, A3 လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှုနှင့် ဈေးကွက်တင်ခြင်းကို ပိုမိုချောမွေ့ လွယ်ကူစေရန် မျှော်လင့်ထားသည်ဟု ဆိုပါသည်။

စီမံကိန်း ဦးဆောင်သူ ဒေဝူးက ရေနံသိုက် ခုတွင် ၂၀၁၀ မတ်လအထိ သုံးစွဲရန် လျာထားမှုမှာ အမေရိကန်ဒေါ်လာ ၈၆၉.၂၅ သန်းခန့် ဖြစ်သောကြောင့် OVL ရှယ်ယာ ၂၀ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာ ၁၇၃.၈၅ သန်းခန့် ဖြစ်ဖွယ် ရှိပါသည်။



--
Posted By icypress to Sensible Rumour at 11/02/2009 01:23:00 AM

Gulf Times, 30th Oct, 09

တရုတ်နိုင်ငံသည် အရှေ့တောင်ပိုင်းတွင် ရှိသော ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့ စစ်တကောင်း သို့ မြန်မာနိုင်ငံမှ တစ်ဆင့် လမ်းဆက်သွယ်ရန် ဆန္ဒရှိနေပါသည်။ ဒါကာမြို့တွင် ပြုလုပ်သော Dhaka Reporters' Unity Auditorium တွင် ကျင်းပပြုလုပ်ခဲ့သော မီဒီယာ ရှင်းလင်းပွဲတွင် တရုတ်သံအမတ်ကြီး Zhang Xianyi က "ကျွန်ုပ်တို့ စစ်တကောင်း (Cox Bazar) ကို ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် Ghundum ဒေသကနေ တစ်ဆင့် ဆက်သွယ်လိုပါတယ်"  ဟုပြောကြားခဲ့သည်။ Xianyi သည် ယခုနှစ် မတ်လအတွင်းက သံအမတ်ရာထူးကို စတင်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်- မြန်မာ- တရုတ် အမြန်လမ်းမကြီးကိစ္စကို နိုင်ငံ အစိုးရများက စဉ်းစားနေကြကြောင်းလည်း ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနယ်စပ်အထိ အဝေးပြေး လမ်းမကြီးကို ဖောက်နေကြောင်း၊ တရုတ်နိုင်ငံသည် သူ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းလမ်းနှင့် ရေလမ်းတို့မှတဆင့် ဆက်သွယ်လိုကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။

 



--
Posted By icypress to Sensible Rumour at 11/02/2009 12:43:00 AM