Transparency Myanmar

transparency.myanmar@gmail.com

By Usa Pichai

28th Oct, 09

ကချင်ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း၏ အင်္ဂါနေ့က ထုတ်ပြန်သော နောက်ဆုံး သတင်းတစ်ရပ်အရ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကချင်ပြည်နယ်၌ ဆည်တည်ဆောက်မည့်နေရာ ခုတွင်ရှိသော ရွာပေါင်း ၆ဝ ခန့်သည်  ဇွတ်အတင်း ပြောင်းရွှေ့ နေရာချထားခြင်းများနှင့် ကြုံတွေ့ နေရသည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်ရှိ တိုးတက်သာ အဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုရေးအဖွဲ့များ၏ ကွန်ရက်တွင် ပါဝင်သော The Kachin Development Networking Group (KDNG) က Resisting the Flood  ဟူသော အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ပါသည်။ ဧရာဝတီ မြစ်ဆုံဆည်နှင့် လုပ်ငန်းများ စတင်နေပြီဖြစ်သော အင်မိုင် မြစ်ပေါ်ရှိ ၂ဝဝဝ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် ချီဖွေဆည် တို့၏ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာထားသည့် အစီရင်ခံစာ ဖြစ်သည်။ ဒေသခံလူပေါင်း ၁၅ဝဝဝ ခန့်နေထိုင်သည့် ရွာပေါင်း ၆ဝ ခန့်မှာ ကြိုတင်အသိပေး သဘောတူညီမှုမရှိဘဲ နေရာပြောင်းရွှေ့ရခြင်းဖြစ်သည်။ ယခုကဲ့သို့ နေရာရွှေ့ပြောင်းမှုကြောင့် အလုပ်အကိုင်နှင့် မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများ၊ အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများ စသော နောက်ဆက်တွဲ လူမှုရေးပြဿနာများ ပေါ်ပေါက်လာမည် ဖြစ်ပြီး ၎င်းသက်ရောက်မှုများကို အမျိုးသမီးများက ပိုမိုခံစားရလိမ့်မည်ဟု အစီရင်ခံစာက ဖော်ပြထားပါသည်။

အဆိုပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့သည် တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသို့လည်း အိတ်ဖွင့်စာတစ်စောင် အင်္ဂါနေ့က ပေးပို့ခဲ့သည်။ ၎င်းစာတွင် ဆည် စီမံကိန်းနှင့် ပတ်သက် သက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများစွာတွင် ပါဝင်ပတ်သက်မှုကို ရှောင်ရှားသည့်အနေဖြင့် မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်အတွင်း ဆည်တည်ဆောက်မှု လုပ်ငန်းများကို အမြန်ဆုံးရပ်ဆိုင်းရန် တိုက်တွန်းထားပါသည်။

မြစ်ဆုံဆည် တည်ဆောက်ရန် စီစဉ်ထားသော နေရာတွင်ရှိသော ထန်ပရီရွာ ဒေသခံများသည် အဆိုပါဆည်ကို ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို အောက်တိုဘာ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ လက်သို့ တိုက်ရိုက် ပေးအပ်ခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။

အာဏာပိုင်များက ဒေသခံများအား ပြောင်းရွှေ့ရန် လသာ အချိန်ရမည်ဟု ဩဂုတ်လက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁ဝ ရက်နေ့က တိုင်းမှူးနှင့် ပြုလုပ်သော အစည်းအဝေးတွင် ထန်ပရီရွာ အိမ်ရှင်မများ၏ ကိုယ်စားလှယ်အမျိုးသမီးက မိမိပြောင်းရွှေ့သွားလျှင် မိမိတို့၏ လယ်ယာမြေများ ပါလာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုပါသည်။

"ကျွန်ုပ်တို့ မပြောင်းရွှေ့လိုပါ။ အစိုးရမှ ပြန်လည် စဉ်းစားနိုင်ရန်အတွက် ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်နေမှုများကို နေပြည်တော်သို့ တင်ပြပေးပါရန် တိုင်းမှူးအား မေတ္တာရပ်ခံပါသည်" ဟု ပေးစာတွင် ဖော်ပြထားသည်။

ထိုနေ့မှာပင် ဒေသခံ ၃ဝဝ ခန့်သည် ဧရာဝတီမြစ်ဆုံတွင် စုဝေး၍ သဘာဝမြစ်ကြောင်းကို ကာကွယ်ရန် လူထုဆုတောင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ မြစ်ဆုံဆည်ဆောက်လုပ်ပြီးပါက သမိုင်းဝင် ဘုရားရှိခိုးကျောင်းများစွာ ရေအောက်သို့ နစ်မြုပ်သွားမည်ဖြစ်ပြီး သစ်တောဧရိယာ များကိုလည်း ရေဖုံးလွှမ်းသွားမည် ဖြစ်ပါသည်။

ယင်းအချက်သည် ကမ္ဘာပေါ်တွင် လူပြောများနေသော ခေါင်းစဉ်တစ်ခုဖြစ်သည့် ဇီဝရင်းမြစ်များ ပြိုကွဲခြင်းဖြစ်ပြီး မြစ်ကြောင်းဆိုင်ရာ ဂေဟစနစ်ကို ပြောင်းပြန် ဖြစ်သွားစေမည်ဖြစ်သည်။ ဤသည်မှာ ဧရာဝတီလင်းပိုင်များအတွက် အန္တရာယ်ကြီးပြီး ဆန်စပါးထုတ်လူပ်မှု စုစုပေါင်း၏ ၆ဝ % ထွက်ရှိသော  မြစ်ဝကျွန်းပေါ်ဒေသကို ထိခိုက်စေမည် ဖြစ်သည်။

ယခု စီမံကိန်းသည် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် မည်သည့်အထောက်အကူမျှ ပေးစွမ်းနိုင်မည် မဟုတ်ကြောင်း၊ ဒေသခံများကိုလည်း တိုင်ပင် ညှိနှိုင်းခြင်း မရှိကြောင်း၊ စိုးရိမ်ပူပန်သည့် သဘောထားများ အပေါ်တွင်လည်း လျစ်လျူရှုခြင်းဖြင့် တုန့်ပြန်ကြောင်း စသဖြင့် KDNG ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က လူသိရှင်ကြား ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ အစီရင်ခံစာက ဆက်လက်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများသည် တပ်မတော်၏ ပါဝင်စွက်ဖက်မှု မြှင့်တက်လာခြင်းနှင့် မတရားစေခိုင်းမှုများ၊ မုဒိန်းမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ စသဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဖော်ပြထားပါသည်။

၎င်းအပြင် ဆည်တည်ရှိရာဒေသသည် လုံခြုံမှုမရှိကြောင်း အဘယ်ကြောင့်ဆိုသော် အပစ်အခတ်ရပ်စဲထားသော မတည်ငြိမ်သည့် ဒေသဖြစ်ကြောင်း တိုက်ပွဲများဖြစ်ပွားလာပါက ဒေသခံပြည်သူများ၊ စီမံကိန်းနှင့် ငွေကြေးမြှုပ်နှံသူ တရုတ်နိုင်ငံတို့အတွက် အန္တရာယ်များကြောင်း အဓိက ပြတ်ရွေ့ကြောကြီးရှိသော ငလျင်ဇုံနှင့် ကီလိုမီတာ ၁ဝဝ အတွင်းတည်ရှိသောကြောင့် ငလျင်အန္တရာယ်လည်း ကြုံတွေ့ရနိုင်ကြောင်း စသဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်။

တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီလည်း ဧရာဝတီနှင့် ၎င်း၏ မြစ်လက်တက် နှစ်ခုပေါ်တွင် ဆည် ခု တည်ဆောက်ရန် လျာထားပြီး ရေအားလျှပ်စစ်မှ ရရှိသော ဓာတ်အား အများစုကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည် ဖြစ်သည်။

မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံဒေသရှိ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် လွှဲပြောင်းခြင်းနှင့် ပတ်သက်သော မြန်မာနိုင်ငံ ရေအားလျှပ်စစ် လုပ်ငန်းများ အကောင်အထည်ဖော်ရေးဌာနနှင့် တရုတ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း တို့အကြာ သဘောတူညီမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်နှင့် တရုတ် CPI ဥက္ကဋ္ဌ Mr. Lu Qizhou တို့က ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

(by particle Kelly)

2-Nov-2009

                 ကချင်တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင်တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ် ပြီးကတည်းက ကချင်တိုင်းရင်းသား ကိုယ်စားလှယ်များနှင်အမေရိကန်အစိုးရ တာန်ရှိသူများ တွေ့ဆုံခြင်းမှာ ယခုပထမဆုံး အကိမ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်ပါသည်။

               ငြိမ်းချမ်းရေး ယူထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အစောပိုင်းကပင် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သော်လည်း စစ်အစိုးရက ငြင်းပယ်ခဲ့ပါသည်။           

              သို့သော် ပြန်လည်ညိနိင်း စီစဉ်မအရ  ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် Rev  Dr. Lahtaw Saboi Jum နှင့် Dr. Manum Duga တို့သည်၎င်း တို့၏ ဖက်ဒရယ်စနစ်ကို အဆိုပြု တင်ပြမည် ဖြစ်ပြီး KIO တရားဝင် ရပ်တည်ချက်ကို ကိုယ်စားပြုမည် ဖြစ်ပါသည်။

                KIO ဒုတိယဦးစီးချုပ် ဗိုလ်ချုပ် Gun Maw က ကချင်ကိုယ်စားလှယ် နှစ်ဦးကို တိုင်းရင်းသား အဖွဲ့များကိုယ်စား ပြောကြားပေးပါရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရပါသည်။

             Obama အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် တိုင်းရင်းသား လူမျိုးစုများနှင့် စစ်အစိုးရတို့ ပဋိပက္ခပြီးဆုံးရေးကို ဆက်လက်၍ ဖိအားပေးမည်ဖြစ်ကြောင်း Campbell က ပြောကြားခဲ့ပါသည်။ Campbell က ၎င်းအနေဖြင့် မြန်မာအစိုးရဒီမိုကရက်တစ်အတိုက်အခံနှင့် တိုင်းရင်းသား လူမျိုးစုများကြား စစ်မှန်သော တွေ့ဆုံဆွေးနွေးမဖြစ်ပေါ်စေရေးကို ရှေ့ရလိမ်မည် ဖြစ်ကြောင်းလည်း ပြောပါသည်။

                အမေရိကန်အဖွဲ့သည် တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ စစ်အစိုးရ တာန်ရှိသူများနှင်လည်းကောင်း တစ်ဦးချင်း တွေ့ဆုံလိမ့်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သီးခြားတွေ့ဆုံနိုင်ရန်လည်းတောင်းဆိုထားပါသည်။

               အမေရိကန်အစိုးရ တာဝန်ရှိသူများက ၎င်းတို့သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံလိမ့်မည်မဟုတ်ကြောင်း ဖော်ပြခဲ့ပါသည်


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---


From Op Ed news -(by Zin Linn)  13-Oct-2009

        မြန်မာနိုင်ငံတွင် အရေးယူ ပိတ်ဆို့မှုများကြောင့် စစ်အစိုးရ၏ စီးပွားရေးလုပ်ငန်းများကို တိုက်ရိုက်ထိခိုက်မှုရှိပြီး ဘဏ္ဍာရေးစနစ်ကလည်း အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် အကျဘက်သို့ ဦးတည်နေရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် အခြားရွေးစရာလမ်း မရှိဘဲ အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုကို ရှာဖွေရလိမ့်မည်ဟု အမည်မဖော်လိုသူ ပြည်တွင်း သတင်းစာဆရာတစ်ဦးက မကြာသေးမက ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံများမှ သံတမန်များနှင့် တွေ့ဆုံခြင်းကို အကြောင်းပြု၍ ဝေဖန်သွားပါ သည်။

        ယင်းအပြင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် သူ၏ တရားဝင်ရပ်တည်နိုင်ရေးကို ကာကွယ်ရန်နှင့် ခိုင်မာရန် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်ရေးအတွက် ကြိုးပမ်းရန် စိတ်အားထက်သန်စွာ လုပ်ဆောင်နေသည် ဟု ၄င်းက ဆက်ပြောပါသည်။

        ပြီးခဲ့သည့် အောက်တိုဘာ ရက်နေ့က စစ်အစိုးရခေါင်းဆောင်သည် အထိန်းသိးခံနေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရ အပေါ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် အနောက်နိုင်ငံများမှ သံတမန်များနှင့် တွေ့ဆုံခွင့်ပေးခဲ့ပါသည်။

        ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရဧည့်ဂေဟာတွင် ခေတ္တ အမေရိကန် သံရုံးယာယီတာဝန်ခံ Thomas Vajda ဥရောပ သမဂ္ဂကိုယ်စား ဗြိတိသျှသံအမတ် Andrew Heyn နှင့် သြစတေးလျ နိုင်ငံလက်ထောက် မစ်ရှင်ဌာနမှူး Simon Christopher Star တို့နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့ မှုများကို ရုတ်သိမ်းနိုင်မည့် နည်းလမ်းများအတွက်  တစ်နာရီခန့် ဆွေးနွေးကြပါသည်။

        ယခုကဲ့သို့ တွေ့ဆုံကြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ သူမအနေဖြင့် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ အမေရိကန်နှင့် အခြားနိုင်ငံများမှ သံတမန်များနှင့် တွေ့ဆုံလိုကြောင်း စာရေး၍ တောင်းဆိုသောကြောင့် ဖြစ်ကြောင်း အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Drake Weisert က သတင်းစာ ဆရာများအား ပြောပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂၀၁၀ရွေးကောက်ပွဲအစီအစဉ်

        အဆိုပါ အောက်တိုဘာလ ရက်နေ့တွင်ပင် မြန်မာနိုင်ငံ၏  အကြွင်းမဲ့ စစ် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေပြည်တော်တွင် မိန့်ခွန်းပြောရာတွင် စီစဉ် ထားသည့်အတိုင်း ၂၀၁၀ တွင်  အထွေထွေရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

        လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရ၏ အခြေခံဥပဒေကို ပြန်လည်သုံး သပ်ရန် ပြည်တွင်း ပြည်ပမှ တောင်းဆိုမများကိုမူ လိုက်လျောလိမ့်မည်မဟုတ်ကြောင်း သူ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားပါသည­­­­်။­­­

        အခြေခံဥပဒေအသစ်ကို လူအများစု၏ ဆန္ဒအရ အတည်ပြုပြီးဖြစ်ကြောင်း ဗိုလ် ချုပ်မှူးကြီးသန်းရွှေက ပြောကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ အဆိုပါ အခြေခံဥပဒေအရ ရွေးကောက်ပွဲများကို ၂၀၁၀ တွင်  စနစ်တကျ ကျင်းပပြုလုပ်ပေးမှာ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

        ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် မဲပေးပိုင်ခွင့်ရှိသူများ၏ ၉၀% ကျော် ထောက်ခံမှုဖြင့် ၂၀၀၈ ခုနှစ် မေလက အတည်ပြုပြီး ဖြစ်ကြောင်း အစိုးရက ပြောပါသည်။ အဆိုပါ ရလဒ်အား အစစ်အမှန် မဟုတ်ကြောင်း ပြော၍ အများစုက လက်မခံကြပါ။ သို့သော် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အတိုက်အခံ NLD ပါတီတို့မှ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် တောင်းဆိုမှုကို စစ်အစိုးရက အစဉ်တစိုက် လစ်လျူရှု ခဲ့ပါသည်။

        ယခင်က မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၁၀ ခု ကျန်ရှိရာ ၄င်းတို့မှာ ယခု အခါ လှုပ်ရှားမှု မရှိတော့ပါ။ အရေးကြီးသော အချက်မှာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန်နှင့် မှတ်ပုံတင်ရေးအတွက် ရွေးကောက်ပွဲ ဥပဒေအသစ် တစ်ရပ် ထွက်ပေါ်လာရေးပင် ဖြစ်ပါသည်။ ကုသမဂ္ဂ ဦးဆောင်သော နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးကို အစဉ်တစိုက် တောင်းဆိုနေခဲ့ပါသည်။

        NLD ပါတီ၏ ၂၉ ဧပြီလ ၂၀၀၉ ရက်စွဲပါ ရွှေဂုံတိုင်ကြေညာချက်တွင် ၄င်းတို့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်မည့် အခြေအနေများကို သတ်မှတ်ခဲ့ပါ သည်။ အဆိုပါကြေညာချက်တွင် ၂၀၀၈ အခြေခံဥပဒေတွင် ဒီမိုကရေစီ ကျင့်စဉ်များနှင့် မညီသဖြင့် ပြင်ဆင်ချက်များ ထည့်သွင်းရန် တောင်းဆိုခဲ့ပြီး လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာ ကြီးကြပ်မှု အဖွဲ့များ ပါဝင်ရန်လည်း တောင်းဆိုခဲ့ပါသည်။

ကုလသမဂ္ဂအတွင်းချုပ် " ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်စုကြည်အားလွှတ်ပေးရန်"

       လူ့အခွင့်အရေးနှင့် ပတ်သက်သော အဖွဲ့များက အကယ်၍ ရွေးကောက်ပွဲအား တရားဝင် အသိအမှတ်ပြုမှု ရရှိလိုလျှင် စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၁၀ အား လွှတ်ပေးရန်လိုကြောင်း ပြောပါသည်။

        ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်ထားပြီဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်နေသော နိုင်ငံအဖို့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် မလွယ်ကူလှပေ။ အခြေခံဥပဒေမှာလည်း ရွေးကောက် တင်မြောက်ထားသော ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်အပေါ် စစ်တပ်၏ ချုပ်ကိုင် ထိန်းချုပ်မှုကို ခိုင်မာစေရန် ထည့်သွင်းရေးဆွဲထားပါသည်။

        NLD ပါတီ ပါဝင်ခြင်းမရှိသော ရွေးကောက်ပွဲနှင့် ဒေါ်အောင်စုကြည်အား လွှတ်ပေးခြင်း မရှိခဲ့ပါက လာမည့်နှစ် အထွေထွေရွေးကောက်ပွဲအား ကမ္ဘာ့ အသိုင်းအဝိုင်းက အသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အနောက်နိုင်ငံများက သတိပေးခဲ့ ကြပါသည်။

        ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၏ ပထမခြေလှမ်း အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော် အား လွှတ်ပေးရန် အနောက်နိုင်ငံ အများစုက တောင်းဆိုကြပါသည်။

        မြန်မာနိုင်ငံတွင် စစ်အစိုးရသည် ဒီမိုကရေစီအရေး ဆန္ဒပြသူများအား ရက်ရက် စက်စက် နှိမ်နင်းခဲ့ပြီး လူပေါင်း ၃၀၀ ခန့်ကို သေစေခဲ့ခြင်းကြောင့် ၁၉၈၈ မှစ၍ နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများကို ပြုလုပ်ခဲ့ပါသည်။ စစ်အစိုးရသည် NLD ပါတီ၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရမှုအား အသိအမှတ်မပြုဘဲ၊ ၄င်းအား ဆန့်ကျင်သူများ အားလုံးကို ဖိနှိပ်မှုများ ပြုလုပ်ခဲ့သဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အရေးယူမှုများ တိုးမြင့် လုပ်ဆောင်ခဲ့ပါသည်။ အရေးယူပိတ်ဆို့မှု အများစုမှာ ထိပ်ပိုင်းမှ ဗိုလ်ချုပ်ကြီးများကို ပစ်မှတ်ထားခဲ့ပါသည်။

        ထို့အပြင် သြတြေးလျ၊ ကနေဒါနှင့် ဂျပန်တို့မှလည်း အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် စစ်အစိုးရအနေဖြင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ ဖြစ်သော ကမ္ဘာဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်သော မည်သည့်အထောက်အပံ့ကိုမျှ မရရှိခဲ့ပေ။

        အကယ်၍ စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှ တသော ရွေးကောက်ပွဲအဖြစ် မလုပ်ပေးခဲ့ပါက ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတကာမှ ပိုမို၍ အရေးယူပိတ်ဆို့မှုများ လုပ်ကောင်းလုပ်လာနိုင်ပေသည်။

နှစ်ဖက်ခွပြောဆိုခြင်း

        ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုများအတွက် ပူးပေါင်းဆောင်ရွက်ပါက ၄င်းနှင့် နိုင်ငံရေးဆွေး နွေးမှုများကို ပြုလုပ်လိုသည့် ဆန္ဒရှိကြောင်း အသံပြုခဲ့သည်။ သို့သော် စစ်မှုထမ်း ဟောင်းများအား မိန့်ခွန်းပြောကြားရာတွင် အင်အားကြီးနိုင်ငံကြီးများသည် မြန်မာနိုင်ငံအပေါ် င်ရောက်စွက်ဖက်ရန် နည်းမျိုးစုံကို အသုံးပြုနေကြောင်း ပြောကြားသွားသည်။ သို့သော် မြန်မာစစ်အစိုးရသည် ကြောက်ရွံ့မည် မဟုတ်ဘဲ၊ ဆက်လက်၍ နိုင်ငံတော်နှင့် လူထုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ရရှိအောင် မရပ်မနားကြိုးပမ်းကာ အခက်အခဲများကို ကျော်ဖြတ်သွားမည် ဟုလည်း ပြောကြား သွားပါသည်။

        ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံ သံတမန်များဖြင့် တွေ့ဆုံစေခြင်းနှင့် ပတ်သက်၍ စစ်မှုထမ်းဟောင်းများ ညီလာခံတွင် မိန့်ခွန်းပြောဆိုချက်မှာ ဆန်ကျင်ကွဲလွဲနေသည်ကို တွေ့ရသည်။ ပြည်သူတို့က ဒေါ်အောင်ဆန်းစုကြည်မှာ ကောက်ကျစ်သော စစ်အစိုးရ ခေါင်းဆောင်၏ အမြတ်ထုတ်မှုကို ခံနေရပြီဟု စိုးရိမ်လျက်ရှိပါသည်။ အနောက်နိုင်ငံ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပြုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပိတ်ဆို့ဒဏ်ခတ်မှု မဟာဗျူဟာကို လျော့ပါးစေပြီး၊ ၄င်းတို့က ပြောသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ပြုလုပ်ရေးအတွက် ထောက်ခံမှု ရရှိအောင် ဆွဲဆောင်ခြင်း ဖြစ်နိုင်ကြောင်းသိရှိရသည်။

        အချို့သော ဝေဖန်သူများ၏ ပြောဆိုချက်အရ တိုးတက်မှု ဘာမျှမရှိကြောင်း၊ အမှန်အတိုင်း ပြောရလျှင် ၂၀၀၉ ခုနှစ်တွင် ပိုမို၍ဆိုးရွားလာကြောင်း၊ မီဒီယာများနှင့် လူအဖွဲ့အစည်းများကို ပိုမိုတင်းကြပ်လာကြောင်း၊ အင်တာနက်သုံးသူများအပေါ် ထိန်းချုပ်မှု ပိုများလာကြောင်း၊ ဖမ်းဆီးထိန်းသိမ်းမှု ပိုများလာပြီး၊ နိုင်ငံရေး  အကျဉ်းသားဦးရေ တိုးလာကြောင်း၊ လူမျိုးစုဒေသများတွင် စစ်တပ်မှ တိုက်ခိုက်မှု ပိုမိုလာကြောင်း တွေ့ရသည်။ ထို့ကြောင့် နိုင်ငံရေး ဆန့်ကျင်သူ နိုင်ငံရေးသမား အချင်းချင်း အထူးသတိထားကြရန် သတိပေးကြပြီး၊ နောက်ဆုံးသော သတ်မှတ်ချက်အထိ အစိုးရအပေါ် ဖိအားပေးရန် ပြောဆိုလျက်ရှိသည်။

        လက်ရှိ အခြေအနေများအရ ပိတ်ဆို့ဒဏ်ခတ်မှုသည် လွယ်ကူလျော့ပါးသွားရန် မရှိဘဲ၊ စစ်အစိုးရမှ အပြုသဘောကို ပြသမှသာ အထူးသဖြင့် NLD ပါတီ၊ လူမျိုးစုပါတီများနှင့် ပတ်သက်၍  စိတ်လက်မာန်ပါ ပြုလုပ်ခြင်းများ ရပ်စဲပြီး၊ လွတ်လပ်စွာ လူစုဝေးခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ ပြုလုပ်ပေးရန် လိုပါသည်။

        အကောင်းဆုံးသော ရွေးချယ်ရန် နည်းလမ်းများမှာ စစ်အစိုးရ ခေါင်းဆောင်သည် ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံ၍ အမျိုးသား ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ရေး အတွက် ၄င်း၏ အဆိုးမြင်များကို စွန့်လွတ်ရန်ဖြစ်သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် စစ်အစိုးရ၏ အဓိပ္ပါယ်မရှိသော အဆင့် ()ဆင့်ပါ လမ်းညွှန်အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းသည် မတည်ငြိမ်သော နိုင်ငံရေး အခြေအနေကိုသာ ဖြစ်စေနိုင်ပါသည်။ အမျိုးသားပြန်လည် ပေါင်းစည်းရေး မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ခြင်းသည် အကျိုးမရှိပါ။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---