Transparency Myanmar

transparency.myanmar@gmail.com

(By Tim Johnston)

(From Financial Times) / 6 - Nov - 2009

          အဆင့်မြင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ မြန်မာနိုင်ငံသို့ သွားရောက်သော ရှားရှားပါးပါး ခရီးစဉ်အပြီးတွင် ကြာသပတေးနေ့က Obama အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော အော်ပရာမကမီ ရှေ့ထွက်ဆိုင်းတီးလုံးအပေါ် နှစ်နိုင်ငံစလုံးမှ ညွှန်းဆိုမှု အနည်းငယ်သာရှိခဲ့ပါသည်။

          မြန်မာအစိုးရသတင်းဌာနများက အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့က လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell နှင့် သူ့လက်ထောက် Scot Marciel တို့၏ ခရီးစဉ်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံမှုကိုသာ ဖော်ပြခဲ့ပါသည်။

          အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှ Marciel ကလည်း အစိုးရနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ တွေ့ဆုံရာတွင် မည်သို့မည်ပုံရှိကြောင်း ပြောဆိုခြင်း မပြုခဲ့ပေ။

          Marciel က ဘန်ကောက်သို့ ပြန်အရောက် ဆွေးနွေးပွဲတစ်ခုတွင် ၎င်းတို့ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် အဓိကအဖွဲ့များဖြစ်သော အစိုးရ၊ နိုင်ငံရေးပါတီများ၊ အတိုက်အခံများ၊ တိုင်းရင်းသားလူမျိုးစုများကို အမေရိကန်၏မူဝါဒ ပြန်လည်သုံးသပ်ပြီးနောက် ရရှိသည့် ရလဒ်အား ရှင်းလင်းပြောကြားရန်နှင့် ၎င်းတို့၏အမြင်များနှင့် အကြံဥာဏ်များကို နားထောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          သို့သော် Obama အစိုးရအဖို့ အီရန်အပါအဝင် အပယ်ခံတိုင်းပြည်များနှင့် ပြန်လည် ဆက်ဆံရေးပြုလုပ်ရန် ကတိကဝတ်များသည် ကြိုးတန်းပေါ်လမ်းလျှောက်ရသလို အန္တရာယ်များလှပါသည်။ အများကလည်း စောင့်ကြည့်လျက်ရှိသည်။

          စစ်အစိုးရအနေဖြင့် ပါးစပ်ပြောရုံဖြင့် ယခုကိစ္စပြီးမြောက်သွားလိမ့်မည်ဟု ထင်နေလျှင် Obama အစိုးရအနေဖြင့် မုချပြဿနာကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း Bush အစိုးရလက်ထက် အမျိုးသားလုံခြုံရေးကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သူ Michacl Green က ပြောပါသည်။

          ၎င်းကဆက်လက်ပြောကြားရာတွင် ထိတွေ့ဆက်ဆံရေးသည် အရေးကြီးသည်မှန်သော် လည်း၊ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရကို ရှင်းရှင်းလင်းလင်းပြောထားသင့်သည်မှာ ဒီမိုကရေစီနှင့် ပတ်သက်တိုးတက်မှုများ မပြနိုင်ခဲ့လျှင် ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်းပင် ဖြစ်သည်။ မြန်မာစစ်အစိုးရသည် ယခင်က ပြင်ပဖိအားပေးမှုများကို လျစ်လျူပြုသည့်နေရာတွင် စံချိန်တင်ခဲ့ ပါသည်။

          ယခုအပတ်ခရီးစဉ်သည် မြန်မာဗိုလ်ချုပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့်ရော အဖိနှိပ်ခံ တိုင်းရင်းသားများနှင့်ပါ တွေ့ဆုံရန်ဖိအားပေးခဲ့ပါသည်။

          မိမိတို့ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများကြီးပြောခဲ့ကြောင်း၊ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍ အများကြီးပြောခဲ့ကြောင်း၊ သို့သော် အဓိက အခြေခံ ပြဿနာမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ငန်းစဉ်များ အားနည်းနေခြင်းဖြစ်ပြီး၊ အဓိက နိုင်ငံရေးနှင့် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးမှုမှာ လိုအပ်ချက်ရှိသည်ဟု  မိမိထင်ကြောင်း Marciel က ပြောပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

(From Monsters and Critics.com)

5 - Nov - 2009

          ယခုအပတ် အမေရိကန်ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ စစ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံသို့ သွားရောက်သောခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြန်မြန်ဆန်ဆန် ပိုမို ရင်းနှီးနွေးထွေးစေလိမ့်မည်ဟု မျှော်လင့်နိုင်လိမ့်မည်မဟုတ်ကြောင်း ဒုလက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Scot Marciel က ကြာသပတေးနေ့က ပြောကြားလိုက်ပါသည်။

          ယခုအချိန်သည် ပြောရန်စောသေးကြောင်း၊ ယခုကိစ္စသည် အချိန်အများကြီးယူရမည်ဟု မိမိတို့ထင်ကြောင်း Marciel က ၎င်း၏ ရက်တာ မြန်မာပြည်ခရီးစဉ်အပြီးတွင် ပြောကြားခဲ့ပါသည်။

          လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Compbell နှင့်  Marciel တို့သည် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး၊ အစိုးရအဆင့်မြင့်အရာရှိများ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်အတိုက်အခံများနှင့် တွေ့ဆုံခဲ့ပါသည်။

          ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်သော ခရီးစဉ်သည် အမေရိကန်၏မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် ခြေလှမ်းအစ ဖြစ်ခဲ့ပါသည်။ သို့သော် အဆိုပါ လုပ်ငန်းစဉ်တွင် အခြားကြုံတွေ့စရာများစွာရှိပြီး၊ သံတမန်ရေးရာ အရ ကျရှုံးမှုလည်း ဖြစ်လာနိုင်ကြောင်း Marciel က ပြောပါသည်။

          ASEAN ဆိုင်ရာ အမေရိကန်သံအမတ်လည်းဖြစ်သူ Marciel က မိမိတို့သည် ယခုကိစ္စကို မျက်လုံးကျယ်ကျယ်ဖွင့်ပြီး သတိနှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ အောင်မြင်လိမ့်မည်ဟု ပြောရန် အဝေးကြီးလိုသေးကြောင်း ပြောပါသည်။

          ယခင်က မြန်မာဗိုလ်ချုပ်များကို ၎င်းတို့၏အာဏာရှင်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် နားချသော သံတမန်ဆိုင်ရာကြိုးပမ်းအားထုတ်မှုများ အားလုံးအလုပ်မဖြစ်ခဲ့ပါ။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ချမှတ်သော အရေးယူပိတ်ဆို့မှုများသည်လည်းကောင်း၊ ASEAN အပြုသဘောဆောင်သော ဆက်ဆံရေးနည်းဗျူဟာများသည်လည်းကောင်း အသုံးမဝင်ခဲ့ပါ။

          ယခုအခါ စစ်အစိုးရသည် စည်းကမ်းရှိ၍ တိုးတက်သော ဒီမိုကရေစီ (discipline-flowrishing democracy) ဟုဆိုသော ပန်းတိုင်သို့သွားရန် လမ်းပြမြေပုံ ၇ချက်အရ လာမည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိပါသည်။ သို့သော် ရွေးကောက်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပါအဝင် တိုင်းရင်းသားလူမျိုးစုများ ပါဝင်မှုမရှိပါက အနောက်နိုင်ငံများက လက်ခံနိုင်ဖွယ်ရှိလိမ့်မည် မဟုတ်ပါ။

          စစ်အစိုးရအနေဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်လျှင် ရွေးကောက်ပွဲသည် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်လာနိုင်ကြောင်း Marciel က ပြောပါသည်။ ပထမအဆင့်အနေဖြင့် ပြည်တွင်းရှိ အဓိက နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ပြောပါသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် အြားအတိုက်အခံများသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို တပ်မတော်ဦးစားပေး အခြေခံဥပဒေဖြစ်၍ ပြင်ဆင်ရန် အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး၊ ဒီမိုကရေစီ ရေးတွင် ပါဝင်သူများအတွက် အတားအဆီးများကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။

          တိုင်းပြည်၏ ဒီမိုကရေစီပြောင်းလဲမှုအတွက် အခြေခံကျသော ပြောင်းလဲမှုဖြစ်လာမည့် သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေရန် တွေ့ဆုံဆွေးနွေးမှု လိုအပ်သည်ဟု မိမိထင်ကြောင်း Marciel က ထပ်လောင်းပြောကြားပါသည်။

          ဗုဒ္ဓဟူးနေ့ညက ရန်ကုန်လေဆိပ်တွင် သတင်းထုတ်ပြန်ချက်အား Campbell က ဖတ်ကြားရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုခြေလှမ်းများအတွက် လိုလားသော်လည်း မြန်မာအစိုးရ၏ အတိုက်အခံများနှင့် ပြန်လည်စည်းလုံးပေါင်းစည်းရေးကို ရည်ရွယ်၍ ခိုင်မာသော ကြိုးပမ်းမှုများအပေါ်တွင် မူတည်ပါ ကြောင်း ထည့်သွင်းသွားပါသည်။

          အရေးယူပိတ်ဆို့မှု့အချို့ဖယ်ရှားရေးသည် အမေရိကန်က အဆိုပြုရမည့် မုန့်ဝေရေး အစီအစဉ်တစ်ခုဖြစ်ပါသည်။

          နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာသည်နှင့်အမျှ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် ဆန္ဒရှိပါကြောင်း၊ သို့သော် ခိုင်မာသော တိုးတက်မှုများကို ဖြစ်ပေါ်ရန် ဆန္ဒရှိပါကြောင်း၊  Marciel က မှတ်ချက်ပြုပါသည်။

          အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီတို့ တွေ့ဆုံခွင့်ပေးရေးအတွက်လည်း တိုက်တွန်းခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် နှစ်နာရီခန့်ကြာအောင် တွေ့ဆုံခဲ့ပြီး၊ အပြုံးပန်းများ ဝေနေသည်ကို တွေ့ခဲ့ရပါသည်။

          Campbell နှင့် Marciel သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်မူ တွေ့ဆုံခွင့် မရခဲ့ပေ။   

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

Source International Relation and Security Network (ISN)

3 - Nov - 2009

          ထိုင်းလုံခြုံရေးတပ်ဖွဲ့များက နေရပ်စွန့်ခွာရွှေ့ပြောင်းသူတို့၏ လှေများကို ပင်လယ်ပြင်သို့ ပြန်လည်မောင်းထုတ်ခဲ့ပြီးနောက် ၂၀၀၉ အစောပိုင်းကာလတွင် မြန်မာရိုဟင်ဂျာတို့၏ ခက်ခဲရုန်းကန်မှုများသည် သတင်းခေါင်းစဉ်များ ဖြစ်ခဲ့ပါသည်။ အာဆီယံက လူ့အခွင့်အရေးအဖွဲ့ တည်ဆောက်ခဲ့ပြီး၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိနေသော ယခုအချိန်မျိုးတွင် နိုင်ငံမဲ့နေသောလူများအတွက် မည်သို့သော အခွင့်အရေးများရရှိနိုင်ပါသနည်း။ Simon Roughneen က ISN Security Watch အတွက် အောက်ပါအတိုင်း ရေးသားတင်ပြခဲ့ပါ သည်။

          By Simon Roughneen for ISN Security Watch လွန်ခဲ့သော နှစ်ပတ်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် အာဆီယံညီလာခံတွင် အရှေ့တောင် အာရှနိုင်ငံများက အာဆီယံဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုကို ဂုဏ်ပြု မိတ်ဆက်ခဲ့ပါသည်။ အာဆီယံအဖွဲ့၏ ၁၀ နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာကိစ္စများကို ပထမဆုံးအကြိမ် ဥပဒေစည်းကမ်းများနှင့်အညီ အသိအမှတ်ပြုခြင်းဖြစ်သည်။

          မည်သို့မည်ပုံဆောင်ရွက်ကျင့်သုံးမည်ဆိုသည်ကိုမူ ရှင်းလင်းစွာမသိရသေးပါ။ ၎င်းအဖွဲ့သည် လူ့အခွင့်အရေးကိစ္စများကို တွန်းအားပေးရုံမျှသာ တတ်နိုင်ပါလိမ့်မည်။ ကျူးလွန်သူများကို အရေးယူခြင်း၊ ကျူးလွန်ခံရသူများကို ကာကွယ်ပေးခြင်းများ ပြုလုပ်နိုင်မည် မဟုတ်ပါ။ ဒေသတွင်း လူ့အခွင့်အရေးအခြေအနေများကို အလေးထားခြင်း နည်းပါးသည့် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့ကဲ့သို့ပင် မြန်မာအစိုးရသည် လူ့အခွင့်အရေးကော်မရှင် ဆိုင်ရာ ကိုယ်စားလှယ်ကို ကိုယ်တိုင်ရွေးချယ်ပါသည်။ ယခု မြင်တွေ့ရသမျှ အဆိုပါ လူ့အခွင့်အရေးကော်မရှင်၏စွမ်းဆောင်ရည်မှာ လက်တွေ့ကျကျဆုံးဖြတ်လုပ်ဆောင်ခြင်းထက် ပါးစပ်ပြောသာ ဖြစ်ဖို့များနေပါသည်။

          တိကျသေချာစွာ လုပ်ဆောင်ရန် အထူးလိုအပ်နေပါသည်။ မလေးရှားသည် စစ်ပြေး ဒုက္ခသည်များကို လူတန်းစားတစ်ရပ်အဖြစ် အသိအမှတ်မပြုပါ။ ကွန်မြူနစ်ဗီယက်နမ်ကလည်း ဘာသာရေးအဖွဲ့အစည်းများကို ကြမ်းတမ်းစွာ ပြုမူနေပါသည်။ မြန်မာပြည်သူများမှာလည်း စစ်အာဏာရှင်အုပ်ချုပ်ရေး၏အောက်တွင် ရုန်းကန်ပိပြားလျက်ရှိပါသည်။

မှားယွင်းသောအကြောင်းရင်းခံများ

          မြန်မာနိုင်ငံတွင်းရှိ လူမျိုးစုတိုင်းရင်းသားများစွာအနက် တဖွဲ့ကမူ ထိခိုက်ခံစားရမှု များပြားသည်နှင့်အမျှ သိသာထင်ရှားစွာ ပေါ်ထွက်လာပါသည်။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်ပိုင်းရှိ မွတ်စလင်လူနည်းစုဖြစ်၍ ရခိုင်ပြည်နယ်၏ဘင်္ဂလားဒေ့်ရှ်နယ်စပ်နှင့် ကပ်နေသော အပိုင်းတွင် အများဆုံးနေထိုင်ပါသည်။ နိုင်ငံလူဦးရေ၏ %မှာ မွတ်စလင်များဖြစ်၍ နယ်စပ် မွတ်စလင်အများစုက ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာဟုဆိုပါသည်။

          ရိုဟင်ဂျာလူမျိုးစုမှာ လူဦးရေ သန်းခန့်ရှိ၍ ၎င်းတို့အနက် သိန်းခန့်မှာ မြန်မာပြည် ဖက်ခြမ်းတွင်ရှိပြီး သိန်းမှ သိန်းခန့်မှာ ဘင်္ဂလားဒေ့ရှ်ဘက်တွင် နေထိုင်ပါသည်။ သိန်းခန့်မှာ အရှေ့အလယ်ပိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး၊ သောင်းခန့်မှာ မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။

          အဆိုပါ ရိုဟင်ဂျာများသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကာလက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အရှေ့ဖက်သို့ ဆင်းလာသော ရွှေ့ပြောင်းနေထိုင်သူများ၏ အဆက်အနွယ်များဖြစ်သည်ဟု အချို့က ယူဆကြပါသည်။ အချို့ကမူ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က ရခိုင်ဒေသတွင် လာရောက်အခြေချသည့် အာရပ်ကုန်သည်များ၏ အဆက်အနွယ်များဖြစ်သည်ဟု ဆိုပြန်ပါသည်။ ဘယ်နေရာက၊ ဘယ်အချိန်တုန်းက ရောက်လာသည်ဆိုသည်ကို တိကျစွာ ပြောဆိုရန် မဖြစ်နိုင်ပါ။ မြန်မာအစိုးရကမူ ရိုဟင်ဂျာများ သည် နိုင်ငံတော်က အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ ခုတွင် မပါဝင်ပါဟု သတ်မှတ်ထားပါသည်။

          ၁၉၈၂ ခုနှစ်ကပင် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် သတ်မှတ်မှုကို တားမြစ်ထားခဲ့ပါ သည်။ ၎င်းတို့တွင် ပညာသင်ကြားရေး၊ အလုပ်အကိုင်ရရှိရေး စသော အခြေခံအခွင့်အရေးများ မရှိပါ။ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်အလွန်နည်းပါးပြီး၊ မိုင်အနည်းငယ်သာ ဝေးသော ရခိုင်ရွာများသို့ သွားရောက်ရန်ပင် ခွင့်ပြုချက်ယူရပါသည်။ မြန်မာအစိုးရက ၎င်းတို့၏ လက်ထပ်ထိမ်းမြားခွင့်ကို ကြိုးနီစည်းကမ်းများဖြင့်  ထိန်းချုပ်ထားပါသည်။ ရိုဟင်ဂျာတစ်ဦးသည် လက်ထပ်ခွင့်ပါမစ်ရရန်အတွက် တရားဝင်ခွင့်ပြုချက်မျိုးစုံ ရရှိရန်လိုအပ်ပြီး ယင်းကိစ္စမှာ နှစ်အတန်ကြာ စောင့်ဆိုင်းရပါသည်။

          ဤမျှနှင့် မပြီးဆုံးသေးပါ။ ထိုင်းနယ်စပ်မှ ကရင်လူမျိုးများ တရုတ်နယ်စပ်မှ ရှမ်း၊ ဝနှင့် ကချင်လူမျိုးများ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ချင်းလူမျိုးများစသဖြင့် ရှည်လျားသောနယ်စပ် တောင်တန်းဒေသတကြော နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ၏ တပ်ဖွဲ့များကို မြန်မာ တပ်မတော်က ပစ်မှတ်ထားလျက်ရှိပါသည်။ အဆိုပါ တိုင်းရင်းသားလူမျိုးစုများမှာ အင်အား ကောင်းသောလက်နက်ကိုင်တပ်ဖွဲ့များကို ပိုင်ဆိုင်ထားကြပြီး၊ တရားမဝင်သော ကိုယ်ပိုင်အုပ်ချုပ် ရေးဇုံကို ၎င်းတို့ဘာသာ ပိုင်းခြားထားကြပါသည်။ အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များသည် မှောင်ခို ကူးသန်းရောင်းဝယ်ခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းတို့ဖြင့် ရန်ပုံငွေရှာဖွေ ကြပြီး၊ ၎င်းတို့လူမျိုးစုများကို မှောင်ခိုကူးသန်းရောင်းဝယ်ခြင်း၊ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းတို့ဖြင့် ရန်ပုံငွေရှာဖွေကြပြီး၊ ၎င်းတို့လူမျိုးစုများကို မြန်မာစစ်တပ်၏ရန်မှ အတန်အသင့် ကာကွယ်ပေးတတ်ပါသည်။

 

ပြေးစရာမြေမရှိသော အကာအကွယ်မဲ့သူများ

        မည်သို့ပင်ဖြစ်စေ ရိုဟင်ဂျာများမှာ အကာကွယ်မဲ့နေဆဲပင် ဖြစ်သည်။ အကြိမ်ကြိမ် ညှင်းပမ်းမှုများ၊ အလျင်စလို စီရင်ချက်ချမှုများ၊ မတော်မတရားဖမ်းဆီးမှုများ၊ နိုင်ငံရေးပြစ်မှုဖြင့် ထိန်းသိမ်းမှုများ၊ မုဒိန်းမှု၊ အိမ်များကိုဖျက်ဆီးမှု၊ အတင်းအကြပ်ရွှေ့ပြောင်းစေမှု၊ အင်အားသုံး၍ မောင်းထုတ်မှု၊ မြေနှင့်တကွပိုင်ဆိုင်မှု ပစ္စည်းများအား ပြစ်ဒဏ်အရ သိမ်းယူမှု စသော အကြောင်းများကြောင့် ဒုက္ခသည်များမှာ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ စွန့်ခွာ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

          ရိုဟင်ဂျာများ၏ အနေအထားမှာ ပိုမိုဆိုးဝါးလာပြီး အစိုးရကမူ ပိုမိုကြွယ်ဝလာပါသည်။ ၁၉၉၀ အစောပိုင်းကပင် မြန်မာပြည် အနောက်ပိုင်းဒေသရှိ တပ်ရင်းအရေအတွက်မှာ ခု မှ ၄၀ အထိ တိုးတက်များပြားလာပါသည်။ စစ်သားများက မြေယာများကို သိမ်းယူခြင်း၊ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူခြင်း၊ လုပ်သားများကို အတင်းအဓမ္မစေခိုင်းသော စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းစသော ကိစ္စများလည်း ပေါ်ပေါက်လာပါသည်။ ၎င်း၏တပ်မတော်ကို ချဲ့ထွင်ရန် ရန်ပုံငွေလိုအပ်နေသော အစိုးရက ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများကို အကောင်အထည်ဖေါ်ရန် ၎င်းဒေသကို တားမြစ်ပိတ်ပင်လိုက်ပါသည်။ ဒေသတွင်းအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံ လူဦးရေသန်း ၂၅၀ ငါးပုံတစ်ပုံသာရှိသော မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် အကြီးဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားပါသည်။

          အရေးကြီးဆုံးသော တိုးတက်ဖြစ်ပေါ်မှုတစ်ခုမှာ ရခိုင်အနောက်ဖက်ကမ်းရိုးတန်းရှိ 'ရွှေ' သဘာဝဓာတ်ငွေ့စီမံကိန်းဖြစ်သည်။ ၂၀၀၈ ဒီဇင်ဘာလက တရုတ်စွမ်းအင်ကော်မရေးရှင်း Petro China က 'ရွှေ' မှ သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းသွယ်တန်းဝယ်ယူမည့် အနှစ် ၃၀ ကတိစာချုပ်ကို မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ 'ရွှေ' စီမံကိန်းသည် အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်နှင့် မြန်မာတို့၏ ရှယ်ယာများဖြင့် ပေါင်းစုထားသည့်လုပ်ငန်းစုတစ်ခု ဖြစ်သည်။ ထို့အပြင် နောက်ထပ် ပိုက်လိုင်းတစ်ခုကို ရခိုင်ကမ်းရိုးတန်းမှ တရုတ်ပြည် ယူနန်အထိ သွယ်တန်းနေပြီး၊ အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းများကို သယ်ယူမည်ဖြစ်သည်။ အရှေ့အလယ်ပိုင်း နှင့် အာဖရိကမှ ရေနံများကို မလက္ကာရေလက်ကြားကိုဖြတ်၍ သယ်ဆောင်ရသောလမ်းကြောင်းကို ရှောင်ရှားလိုခြင်းကြောင့် ရခိုင်ရေနံပိုက်လိုင်းစီမံကိန်းကို တရုတ်က လိုလားနေခြင်းဖြစ်သည်။ မလက္ကာရေလမ်းကြောင်းသည် ပင်လယ်ဓားပြတို့၏ ဘေးရန်ကို စိုးရိမ်ရခြင်း၊ ဝါရှင်တန်-ဘီဂျင်း ဆက်ဆံရေး တင်းမာခဲ့ပါက ရေလက်ကြားကို အမေရိကန်ရေတပ်က ပိတ်ဆို့နိုင်ခြင်းစသော စိုးရိမ်ဖွယ်အချက်များကြောင့် တရုတ်က စိတ်မချခြင်းဖြစ်သည်။

          ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ၂၈,၀၀၀ ခန့်ကို ကုလသမဂ္ဂက ကြီးကြပ်သော ဒုက္ခသည် စခန်း  ခု တွင် လက်ခံထားပါသည်။ အရေအတွက် ၂၀၀,၀၀၀ မှ ၄၀၀,၀၀၀ ခန့်မှာ ဒုက္ခသည် စခန်းများ၏ပြင်ပတွင် နိုင်ငံတကာအကာအကွယ်ပေးမှုများ၊ လူသားချင်းစာနာထောက်ထားသော အကူအညီများစသော အခွင့်အရေးများမရရှိဘဲ နေထိုင်ကြပါသည်။ ရိုဟင်ဂျာများစွာကို မြန်မာနိုင်ငံတွင်းသို့ ပြန်လွှတ်သော်လည်း ဘင်္ဂလားဒေ့ရှ်သို့သာ ပြန်ဝင်လာကြပါသည်။

          ယခုသီတင်းပတ်များအတွင်း ရေပိုင်နက်အငြင်းပွားမှုဖြစ်ပွားခဲ့သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသကို ပြန်ဖွင့်ပေးခဲ့ပါသည်။ မြန်မာအစိုးရသည် နှစ်နိုင်ငံနယ်ခြားတွင် သံဆူးကြိုးစည်းရိုး ကာရံတည်ဆောက်နေပြီး ရက်စက်သော လှည့်ဖြားမှုတစ်ခုမှာ ရိုဟင်ဂျာများကို စည်းရိုးကာရံခြင်းလုပ်ငန်းတွင် အဓမ္မခိုင်းစေခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော ရိုဟင်ဂျာများ "ဒက်ကာ" က ပြန်လည်စေလွှတ်မှုကြောင့် ပြန်ဝင်မလာနိုင်စေရန် ရည်ရွယ်ပုံရပါ သည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာများက ပြောပါသည်။

          ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာသတင်းဌာန Naringara အယ်ဒီတာ စောမရကျော်က ISN Security Watch သို့ ပြောကြားခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ သည် နယ်ခြားစည်းရိုးမပြီးခင် ၎င်းရိုဟင်ဂျာများအား မြန်မာနိုင်ငံသို့ပြန်ပို့လိုသည်ဟု ဆိုပါသည်။

          ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ရှင်သန်ရန် ခက်ခဲသော အခြေအနေများရှိနေခြင်း၊ အရှေ့ အလယ်ပိုင်းဒေသသို့ သွားရောက်ရန်လမ်းကြောင်းများ ပိတ်နေခြင်းတို့ကြောင့် နောက်ဆုံးတွင် ရိုဟင်ဂျာများသည် လှေများဖြင့် ထိုင်းနိုင်ငံကို ဖြတ်သန်းကာ မလေးရှားသို့ ထွက်ခွာကြပါသည်။ ရိုဟင်ဂျာများ စီးနင်းလာသော လှေများကို ထိုင်းလုံခြုံရေးတပ်ဖွဲ့များက နိုင်ငံတကာရေပိုင်နက်သို့ ပြန်လွှတ်ခဲ့ရာတွင် တာဝန်ရှိသော ထိုင်းနိုင်ငံ၏ "ပြန်ပို့လိုက်" မူဝါဒကို နိုင်ငံတကာ အသိုင်းအဝိုင်း က ပြင်းထန်စွာအပြစ်တင်သည့် အစီရင်ခံစာများ ထွက်ပေါ်လာပါသည်။ အိန္ဒိယနှင့် အင်ဒိုနီးရှား ရေတပ်သင်္ဘောများက ပင်လယ်ပြင်တွင် မျောနေသော အသက်ရှင်ကျန်သူများကို တွေ့ရှိ ကယ်ဆယ်ခဲ့ရာမှ ရိုဟင်ဂျာများအား ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ပင်လယ်ပြင်သို့ ပြန်လွှတ်ခဲ့ကြောင်း သိရှိကြရပါသည်။

          ထိုင်းနိုင်ငံကမူ ရိုဟင်ဂျာများသည် ဒုက္ခသည်များမဟုတ်ဘဲ စီးပွားရေးအရ ပြောင်းရွှေ့သူများသာဖြစ်သည်ဟု ယုံကြည်ထားပါသည်။ အများစုသော ယောက်ျားများမှာ အထောက်အထားစာရွက်စာတမ်းများမပါဘဲ တရားမဝင် ဝင်ရောက်မှုဖြင့် ဒဏ်ငွေဆောင်ရပါ သည်။  မြန်မာနိုင်ငံက ရိုဟင်ဂျာများအား နိုင်ငံသားအဆင့်အတန်း သတ်မှတ်ရန် ငြင်းဆန် ထားသောကြောင့် ၎င်းတို့၏ ဇာတိမြေမှ အထောက်အထားများ မရခဲ့ကြပါ။

          မလေးရှားနိုင်ငံသည်လည်း ဒုက္ခသည်ဆိုင်ရာ ညီလာခံစည်းမျဉ်းများကို လက်မှတ်ထိုးရန် ငြင်းဆန်ထားပြီး၊ လူမှောင်ခိုကူးမှုများနှင့် ပတ်သက်၍ စိုးရိမ်ရသောနိုင်ငံတစ်ခုအဖြစ် အမေရိကန် အစိုးရ၏သတ်မှတ်ခြင်းကို ခံရပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှ လွတ်မြောက်လိုသော ရိုဟင်ဂျာများအတွက် မလေးရှားသည် ခရီးဆုံးပန်းတိုင်ပင်ဖြစ်သည်။ ယင်းကဲ့သို့ခိုးဝင်ရန်အတွက် ငွေကြေးများစွာကျသင့်ပြီး ရိုဟင်ဂျာများကလည်း လိုလိုလားလားပေးကြသည်ဟု ဆိုပါသည်။

          မလေးရှား လူ့အခွင့်အရးအဖွဲ့ SUARAM မှ Shushi က ISN Security Watch သို့ ပြောကြားခဲ့ရာတွင် "မလေးရှားအာဏာပိုင်များသည် ဒုက္ခသည်များအားလုံးကို ညီတူညီမျှ ဆိုးဝါးစွာ ဆက်ဆံလျက်ရှိသည်" ဟု ဆိုပါသည်။

 

မျှော်လင်းချက်ပါးပါးလေး

        မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရေးမူဝါဒသစ်အရ နိုဝင်ဘာ ရက်နှင့် ရက်တွင် လာရောက်မည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် ရိုဟင်ဂျာကိစ္စကိုပါ ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း၊ ရိုဟင်ဂျာများအတွက် စည်းရုံးဆောင်ရွက်နေသူ ရခိုင်စီမံကိန်း ညွှန်ကြားရေးမှူး Chris Lewa က ISN Security Watch သို့ ပြောကြားပါသည်။

          ၂၀၀၉ ဖေဖော်ဝါရီတွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် အာဆီယံညီလာခံတွင် အာဆီယံ သည် ရိုဟင်ဂျာကိစ္စကို မဖြေရှင်းဘဲ ဘော်လီဘောပုတ်ခဲ့ပါသည်။ အာဆီယံ အလှည့်ကျ သဘာပတိ ထိုင်းနိုင်ငံသည် ၎င်း၏ "ပြန်ပို့လိုက်" မူဝါဒကြောင့် နိုင်ငံတကာ၏မျက်လုံးများကို ရင်ဆိုင်နေရသဖြင့် အာဆီယံအဖွဲ့က ရိုဟင်ဂျာကိစ္စကို Bali Process သို့ တာဝန်လွှဲပြောင်းပေးခဲ့ ပါသည်။ Bali Process သည် လူမှောင်ခိုကူးသည့်ကိစ္စဆိုင်ရာ ဒေသတွင်းဖိုရမ်တစ်ခုဖြစ်သော် လည်း ယခုအထိ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။

          နိုင်ငံတကာ မီးရောင်အောက်သို့ မကြာမီ ပြန်လည်ရောက်ရှိလာမည့် ရိုဟင်ဂျာကိစ္စကို ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံညီလာခံတွင်လည်း ဆွေးနွေးခဲ့ခြင်း မရှိပါ။ မုတ်သုန်ရာသီအကုန် လေစီးကြောင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာမှ ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံသို့ လှေများဖြင့် အောက်တိုဘာလမှစ၍ လွယ်ကူစွာသွားရောက်နိုင်ပါသည်။ မပြီးနိုင်သော မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်အငြင်းပွားမှုကြောင့် လာမည့်လများတွင် ရိုဟင်ဂျာများစွာ ထိုင်းနိုင်ငံကမ်းခြေသို့ ရောက်ရှိလာနိုင်ပါသည်။ သို့ရာတွင် အိမ်နီးချင်းနိုင်ငံများ သည် ယခုတစ်ကြိမ်၌ ရိုဟင်ဂျာများကို ကြည်ဖြူစွာလက်ခံခြင်း ရှိမရှိကို ရှင်းလင်းစွာ မသိနိုင်သေးပါ။

          အာဆီယံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့သစ် ဖွဲ့စည်းထားသော်လည်း အခြားတဖက်တွင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ မြန်မာတို့သည် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ညီလာခံ စည်းမျဉ်းများကို လက်မှတ်ထိုးခြင်းမရှိရုံသာမကဘဲ ဒေသတွင်း ဒုက္ခသည်ဆိုင်ရာ ဥပဒေ စည်းကမ်းများကိုလည်း လိုက်နာခြင်းမရှိကြပါ။ အာဆီယံအဖွဲ့ဝင်မဟုတ်သော ဘင်္ဂလားဒေ့ရှ်တွင် လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

          ဒုက္ခသည်များသည် မတရားဖိနှိပ်ဆက်ဆံမှုများနျင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပေါ်လွင်နေပါက ၎င်းတို့၏မိခင်နိုင်ငံသို့ ပြန်လွှတ်ခြင်းမပြုရဟု ဖေါ်ပြထားသော (Non-refoulement) စည်းကမ်းကို အထက်ပါ အိမ်ရှင်နိုင်ငံများက လိုက်နာခြင်းမရှိဟု သတ်မှတ်ရပါလိမ့် မည်။

          အာဆီယံလူ့အခွင့်အရေးအဖွဲ့သစ်သည် ရိုဟင်ဂျာကိစ္စ (သို့မဟုတ်) အရှေ့တောင်အာရှ ဒေသတွင်း အထွေထွေ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ထိရောက်သော ဆောင်ရွက်ချက် ပြုလုပ်နိုင်လိမ့်မည်ဟု အနည်းငယ်သာ မျှော်လင့်မိကြောင်း Chris Lewa က ISN Security Watch သို့ ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---