Transparency Myanmar

transparency.myanmar@gmail.com


By Diniel Schearp

25 နိုင်ဝင်ဘာ ၂၀၀၉
          မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ ဝန်ကြီးဌာန ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာတ်ကမ်းဘဲလ်နှင့် အဖွဲ့က အငြင်းပွားဖွယ်ရာများ ဖြင့်ပြည့်နှက်နေသော လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံနိုင်ငံ ရေးအင်အားစုများနှင့် ဆွေးနွေးစကားပြောရန် တိုက်တွန်းခဲ့သည်။
          ၁၀ စုနှစ်တစ်ခုကျော် အချိန်ကာလအတွင်း အမေရိကန် အဆင့်မြင့် သံတမန်များ ပထမဆုံးအ ကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ် အမေရိကန်အနေဖြင့် မြန်မာအစိုးနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်ရန် ဆန္ဒရှိကြောင်း သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး တိုးတက်မှုများမှသာ ယင်းကဲ့ သို့ ဖြစ်နိုင်မည် ဖြစ်သည်ဟု မြန်မာစစ်အစိုးရကို ပြောကြားခဲ့ကြောင်း အမေရိကန်သံတမန် စကော့မာဆီယက်က မြန်မာနိုင်ငံမှ ထွက်ခွာအပြီး တစ်ရက်အကြာတွင် ပြောကြားသည်။
          လက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်နှင့်၊ ဒုလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မာဆီယယ် တိုသည် မြန်မာနိုင်ငံသို့ ရက်ကြာ အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး စစ် အစိုးရနှင့် ဒီမိုကရေစီ ခေါင်ဆောင်များနှင့် တွေ့ဆုံခဲ့သည်။
လာမည့် ၂၀၁၀ ရွေးကောက်  ပွဲမတိုင်မီ အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံမှ ထွက်ခွာ အပြီး ထိုင်းနိုင်ငံ ဘန်ကောကတွင် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မာဆီယယ်ကပြောကြားသည်။
NLD နှင့် လူမျိုးစုနိုင်ငံရေးပါတီများအတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ခိုင်မာသော အမြင်များရှိကြောင်း၊ မြန်မာအစိုးရအနေဖြင့် ယင်းပါတီများနှင့်ဆွေးနွေး ညှိနှိုင်း၍ ရှေ့ဆက်မည့်နည်းလမ်းများကို ရှာဖွေသင့်ကြောင်း ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မာဆီယယ်က ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကိစ္စရပ်များကိုမူ ၎င်းတို့ဆုံးဖြတ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တွင် အဆိုပါတွေ့ဆုံ ဆွေးနွေးမှုများ မရှိဘဲ ရှေ့ဆက်နိုင်မည့် နည်းလမ်းများ မတွေ့ရကြောင်း ၎င်းက ဆိုသည်။
မြန်မာစစ်အစိုးရသည် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လာမည့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲများကျင်းပမည်ဖြစ်သော်လည်း ယခုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ် အရ စစ်အစိုးရကသာ အာဏာကို ဆက်လက်ကိုင်ဆွဲထားနိုင်မည်ဖြစ်သည်။
လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အလွန်အမင်း အားနည်းချက်များ ရှိကြောင်း NLD အနေဖြင့် လူအများ၏ ယုံကြည်ကိုးစားမှုရရှိရန် လာမည့် ၂၀၁၀ ရွေးကောက်ပွဲဝင်သင့်ကြောင်း အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မာဆီယယ်က ပြောကြားသည်။
NLD သည် ၁၉၉၀ နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း လက်ရှိစစ်အစိုးရက အဆို ပါ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုထားခဲ့ပြီး၊ ဒေါ်အောင်စုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၁၀ ကျော်ကို ဖမ်းဆီးထားသည်။
၎င်းတို့၏ အကြုံပြုချက်အပေါ် မြန်မာစစ်အစိုးကရ မည်ကဲ့သို့ တုံ့ပြန်သည်ဆိုသည် ကိစ္စနှင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမပေးဆိုသည့် ကိစ္စကို ၎င်းကပြန်လည်ပြော ကြားခြင်း မပြုပေ။
"မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးမပေးပြောကြားခြင်းသည် သိပ်အရေးမပါ ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အနည်းငယ် သွယ်ဝိုက်ပြောကြားခြင်းများရှိကြောင်း ၎င်းက ပြောကြားသည်။
အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်များသည် စစ်အစိုးနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်နှင့်  NLD အမှုဆောင်များနှင့် ပုံမှန်တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့သည်။
နှစ်ပေါင်း ၁၄ နှစ်အတွင်း အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်များနှင့် မြန်မာစစ်အစိုးရတို့ အဆိုပါတွေ့ဆုံပွဲသည် အမေရိက၏ မြန်မာနိုင်ငံကို အဆက်အဆံမလုပ်ဘဲ အထီးကျန်ထားသည် မူဝါဒမှ စစ်အစိုးနှင့် ထိတွေ့ဆက်ဆံသည် မူဝါဒကို ပြောင်းလဲလာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးခန့်အပ် လိမ့်မည်ဟုအဆိုပါ ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အာဆီယံကဆိုသည်။
နောက်လာမည့် တစ်ပတ်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(AAPEC) ထိပ်သီးဆွေးနွေးပွဲ၌အမေရိကန်သမ္မအိုဘားမားသည် မြန်မာအပါအဝင် အာဆီယံခေါင်းဆောင်များနှင့်ဆွေးတွေ့ဆုံမည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာနှင့် အမေရိကတို့သည် အဆင့်မြင့် ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးလိမ့်မည်ဟု မိမိမထင်ကြောင်း၊ အဆင့်နိမ့်နှစ်ဖက်တာဝန်ရှိသူများ၏ ဆွေးနွေးပွဲများအနေဖြင့် အလွတ်သဘောဆွေးနွေးကြမည်ဟု မိမိထင်မြင်ကြောင်း မာဆီယယ်ကိုပြောကြားသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

6 Nov 2009

Source - The Nation

          အမေရိကန်၏မူဝါဒ ပြန်လည်သုံးသပ်မှုများ ရှိနေလင့်ကစား၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို အမှန်အကန် တိုးတက်လုပ်ဆောင်နိုင်ခြင်းမရှိပါက မြန်မာအစိုးရအပေါ် ချမှတ်ထားသော အရေးယူပိတ်ပင်မှုများကို ရုတ်သိမ်းလိမ့်မည် မဟုတ်ပါဟု အမေရိကန် အကြီးတန်း သံတမန်တစ်ဦးက ယမန်နေ့က ပြောကြားသည်။

          မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်မှ အပြန်တွင် အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marcial က "အရေးယူပိတ်ပင်မှု နည်းလမ်းသည် တခုတည်း သီးသန့်အနေဖြင့် ထိရောက်မှုမရှိသော်လည်း ဆက်လက်ထားရှိရန် အမေရိကန်က ဆန္ဒရှိနေပါသည်။ သို့သော် တိုးတက်ပြောင်းလဲမှု ပေါ်မူတည်၍ ဆုံးဖြတ်ဆောင်ရွက်မည် ဟု ပြောခဲ့ပါသည်။

          စစ်ဖက်အုပ်ချုပ်သော နိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်အောင် တိုက်တွန်း အားပေးရန် ရည်ရွယ်သည့် "မြန်မာအစိုးရနှင့် လက်တွေ့ကျကျညှိနှိုင်းဆွေးနွေးရေး" မူဝါဒကို စတင်သည့် အနေနှင့် Marcial နှင့်အတူ ၎င်း၏ အထက်အရာရှိ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Camptell တို့သည် မြန်မာနိုင်ငံသို့ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များ တွင် သွားရောက်ခဲ့ပါသည်။

          မူဝါဒပြန်လည်သုံးသပ်မှုနှင့် ထိပ်တိုက်တွေ့နေသော အချက်မှာ အရေးယူပိတ်ဆို့ မှုများသည် ထိရောက်မှုများသည် ထိရောက်မှုမရှိခြင်းနှင့် အာဆီယံ၏ ဆွေးနွေးညှိနှိုင်းမှု မှာ တိုးတက်မှုမရှိခြင်းပင် ဖြစ်သည်ဟု Marcial ကပြောပါသည်။

          အမေရိကန်၏ မူဝါဒ ပြောင်းလဲသော်လည်း အဓိကရည်မှန်းချက်များပြောင်းလဲခြင်း မရှိပါ၊ မိမိတို့သည် မြန်မာနိုင်ငံကို ငြိမ်းချမ်းသော၊ စည်းလုံးသော၊ ကြွယ်ဝသော၊ နိုင်ငံ သားတို့၏ အခွင့်အရေးကို လေးစားသော၊ ဒီမိုကရေစီထွန်းကားသောနိုင်ငံတစ်ခုအဖြစ် မြင်တွေ့လိုပါသည်ဟု ၎င်းကဆိုပါသည်။

          နှစ်ရက်ကြာခရီးစဉ်အတွင်း Compbell နှင့် Marcial တို့သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အစိုးရကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်များ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

          မြန်မာအာဏာပိုင်များက ၁၈ အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အလွတ်ပေးမည်ဟု အမေရိကန်သံတမန်များ အား ကတိပေးခဲ့ခြင်းမရှိပါ။

          Marcial က ၎င်း၏ ခရီးစဉ်ကို နိုင်ငံရေးအကျဉ်းသားမည်ရွေ့မည်မျှ လွှတ်ပေး သည်ဆိုသော အချက်နှင့်တိုင်းတွာခန့်မှန်းမည်မဟုတ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးပြီး ဆွေးနွေးမှုစတင်မှသာ အစစ်အမှန်တိုးတက်မှုဟု သတ်မှတ်နိုင် မည်ဖြစ်ကြောင်းနှင့် မိမိတို့သည် ရှေ့သို့မျှော်ကြည်သော်လည်း အစစ်အမှန်တိုးတက်မှု ကိုသာ လိုလားသည်ဟု ပြောကြားခဲ့ပါသည်။

          မြန်မာအာဏာပိုင်များ၊ အတိုက်အခံပါတီများနှင့် တိုင်းရင်းသား လူမျိုးစုအဖွဲ့ အစည်းများအကြား တွေ့ဆုံဆွေးနွေးခြင်းသည် အမှန်တကယ်တိုးတက်ပြောင်းလဲမှုရရှိ စေမည့် သော့ချက်ပင်ဖြစ်သည်ဟု Marcial ကဆိုပါသည်။

          အားလုံးပါဝင်ခွင့်ဆိုသော နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်ထွန်းမှု မြန်မာနိုင်ငံတွင် မရှိ ခြင်းနှင့် နိုင်ငံရေးလုပ်ငန်းစဉ်တိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အဓိကသော့ချက် ပုဂ္ဂိုလ်များအကြား တွေ့ဆုံဆွေးနွေးမှုမရှိခြင်းတို့သည် အဓိကကျသော ပြဿနာပင်ဖြစ် သည်ဟုဆိုပါသည်။

          အားလုံးပါဝင်ခွင့်ရှိသော နိုင်ငံရေးဆိုသည်မှာ လာမည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးအဖွဲ့အစည်းအားလုံးကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေး ရေးကို ဆိုလိုပါသည်။

          အကယ်၍ အားလုံးအပြည့်အဝပါဝင်နိုင်သော လုပ်ငန်းစဉ်မဟုတ်သလို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီလည်း ပါဝင်ခွင့်မရခဲ့ပါက သိက္ခာရှိ၍ လေးစားယုံကြည် ထိုက်သော ကိစ္စတစ်ခုအဖြစ်ရှုမြင်လက်ခံရန် မိမိအတွက် အလွန်ခက်ခဲပါလိမ့်မည်ဟု Marcial က မှတ်ချက်ပေးလိုက်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---