Transparency Myanmar

transparency.myanmar@gmail.com

          ဘားရက်ဟူစိန်အိုဘားမားသည် အမေရိကန်သမ္မတရာထူးကို စတင်ထမ်း ဆောင်စဉ်ကတည်းက အရှေ့အာရှဒေသမှ သြဇာအာဏာကြီးမားသော နိုင်ငံများနှင့် ၀ါရှင်တန်ဆက်ဆံရေးကို တိုးမြှင့်လိုသည် ဟု အချက်ပေးခဲ့ရာ ယခု တစ်ပတ်အတွင်း အရှေ့အာရှဒေသသို့ ပထမဆုံးလာရောက်မည့်ခရီးစဉ်တွင် အဆိုပါ သဘောထားများကို အကောင်အထည်ဖော်လိမ့်မည် ဖြစ် သည်။

          သမ္မတအိုဘားမားဦးဆောင်သည့် အမေရိကန်အစိုးရက အရှေ့အာရှဒေသ နှင့်ထားသည့် ဖိုးကပ်စ်အသစ်တွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးမှ ပါဝင်သည်။ အာရှဒေသတွင် တရုတ်ပြည်က စီးပွား ရေးသာမက စစ်ရေးအရပါ သြဇာအာဏာ ကြီးထွားနေခြင်းသည် အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွားနှင့် လွန်စွာ ပတ်သက်မှုရှိသည်။ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူက  "တကယ်လို့ ၀ါရှင်တန်သာ အရှေ့အာရှ ဒေသမှာ သေချာတဲ့ နေရာတစ်နေရာ မယူထားဘူးဆိုရင် ဘယ်တော့မှ ကမ္ဘာ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မှာ မဟုတ်ဘူး" ဟု ၀ါရှင်တန်မြို့သို့ရောက်ရှိ နေခိုက် သုံးသပ်ပြောကြားသည်။

          သို့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုက အရှေ့အာရှဒေသတွင် ကုန်သွယ်ရေးကဲ့သို့သော အရေးပါသည့် ကိစ္စများကို ပူးပေါင်းဆောင်ရွက်ပြီး လက်တွေ့ကျသော နည်းလမ်းများကို ရှာဖွေလျက် ရှိသည်။ "အရှေ့အာရှဒေသနဲ့ စေ့စပ်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှုလုပ် တဲ့ကိစ္စဟာ အနာဂတ်မှာ ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုအတွက် အင်မတန် အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု အမေရိကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် စတိန်းဘတ်ဂ်ကပြောကြားသည်။

          သမ္မတအိုဘားမားသည် အာရှဒေသ သို့ ၁၀ ရက်တာမျှ သွားရောက်လည်ပတ်မည် ဖြစ်သည်။ အိုဘားမားခရီးစဉ် အစီအစဉ်အရ သူသည်လာမည့် သောကြာနေ့တွင် ဂျပန်နိုင်ငံသို့ရောက်ရှိမည် ဖြစ်သည်။ ယခင်သမ္မတဟောင်း ဂျော့ ဒဗလျူဘွတ်ရှ် လက်ထက်က အီရတ်နှင့် အကြမ်းဖက်နှိမ်နင်းရေးကို အာရုံစိုက်ခဲ့ သော်လည်း ယခုသမ္မတအိုဘားမားက အာရှဒေသကို အလေးအနက်ထား ဖိုး ကပ်စ်လုပ်လျက်ရှိသည်ကို နှိုင်းယှဉ်တွေ့ ရှိနိုင်သည်။

          အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပထမဆုံးအာရှ ခရီးစဉ်မှာ အရှေ့တောင်အာရှ (အာဆီ ယံ) ဆွေးနွေးပွဲများ တက်ရောက်ခြင်း ဖြစ်ခဲ့သည်။ ယခင် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် လက်ထက်က အာဆီယံထိပ်သီးဆွေးနွေးပွဲများကို တက် ရောက်ခဲ့ခြင်း မရှိပေ။ ကွန်ဒိုလီဇာရိုက်စ် က အရှေ့တောင်အာရှဒေသကို လျစ်လျူ ရှုခဲ့သော်လည်း ဟီလာရီကလင်တန်က အရှေ့တောင်အာရှဒေသတွင်သာမက အာရှဒေသတစ်ခုလုံးတွင် အမေရိကန်အတွက် နေရာတစ်နေရာ ရယူလိုပါသည် ဟု ထုတ်ဖော်ပြောဆိုသည်။ အမေရိကန် ပြည်ထောင်စုက ဦးစားပေးဖိုးကပ်စ်လုပ် မည့် သြဇာအာဏာကြီးမားသည့် ဒေသ ကြီးလေးခုမှာ တရုတ်၊အိန္ဒိယ၊ သြစတြေးလျနှင့် အင်ဒိုနီးရှားတို့ဖြစ်ကြ သည်။ သတင်းဌာနများ၏ ရေးသားချက် အရ အရှေ့အာရှဒေသကို ဖိုးကပ်စ်လုပ် သည့် အိုဘားမားအုပ်ချုပ်ရေးအဖွဲ့၏ မူဝါဒကို ဒေသတွင်း ခေါင်းဆောင်များက ကြိုဆိုကြကြောင်း သိရသည်။ အိုဘားမားကိုယ်တိုင်က အာရှပစိဖိတ်ဒေသတွင် ကြီးပြင်းခဲ့သူဖြစ်ရာ အာရှယဉ်ကျေးမှုနှင့် လွန်စွာစိမ်းသူမဟုတ်ဟု ကျွမ်းကျင်သူများက ခန့်မှန်းသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟာဆန် ၀ီရာဂျူဒါက "နောက်ဆုံးကျတော့ အိုဘားမားဟာ ဘွတ်ရှ်လိုမဟုတ်ဘူးဆို တာကိုကောင်းကောင်းတွေ့လိုက်ရပါ တယ်" ဟုပြောသည်။ မွတ်စလင်ဦးရေ သန်း ၂၄၀ ခန့်ရှိသည့် အင်ဒိုနီးရှားနှင့်  အိုဘားမား ရင်းနှီးကျွမ်းဝင်မှုရှိခြင်းသည်  အမေရိကန်ပြည်ထောင်စုအတွက် အာရှဒေသနှင့်သာမက မွတ်စလင်ကမ္ဘာနှင့်ပါ ဆက်ဆံရေး ကောင်းမွန်ရန် အလားအလာ တစ်ရပ်ဖြစ်သည် ဟုထောက်ပြပြောဆို သည်။

 

Washington Posts သတင်းစာမှ Obama Emphasis on East Asia is welcomed by the region's Leader ကို ဘာသာပြန်ခြင်းဖြစ်သည်။



--
Posted By icypress to Sensible Rumour at 11/09/2009 06:11:00 AM

5 Nov 2009

Bangkok Newsroom

        စစ်ဖက်က အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဆယ်စုနှစ် စုအတွင်း ပထမဆုံးအကြိမ် လွှတ်တော်ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမည်ဖြစ်၍ တပ်မတော်ခေါင်းဆောင်များ ခေါ်ဆိုနေသည့် ဒီမို ကရေစီလမ်းပြမြေပုံ၏ နောက်ဆုံးအဆင့် ဆောင်ရွက်မှုဖြစ်ပါသည်။

ယမန်နှစ်က ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့သော အခြေခံဥပဒေအရ လမ်းညွှန်မှုအချို့ရှိနေပြီး ဖြစ်သော်လည်း မြန်မာအစိုးရသည် မဲရွေးပွဲများ မည်သို့ကျင်းပမည်ဆိုသည်ကို ယခုတိုင် စတင်ဆဲ အဆင့်၌သာ ရှိနေပုံရပါသည်။

ဝေဖန်သူများက ယခုရွေးကောက်ပွဲသည် ဥပဒေအရ တရားဝင်ဖြစ်ရန် လိမ်ညာမှုတစ်ခုဖြစ်ပြီး ဆယ်စုနှစ် စုကြာပြီဖြစ်သော စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်ရန် ကြိုးစားမှုအဖြစ် ကန့်ကွက်ခဲ့ပြီးဖြစ် သည်။

ဘာကြောင့်ရွေးကောက်ပွဲကို ကျင်းပသလဲ။

အရေးယူ ပိတ်ဆို့မှုများသည် သယံဇာတကြွယ်ဝသော နိုင်ငံ၏ စီးပွားရေးကို ထိခိုက်နေပြီး အစိုးရ ဘက်က ပြုပြင်ပြောင်းလဲမှုများလုပ်ရန် ငြင်းဆန်မှု၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် ငြင်း ဆန်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာ၏ အပယ်ခံဖြစ်ခဲ့ပြီး အနောက်နိုင်ငံ များကလည်း စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်ရန်ငြင်းဆန်ခဲ့ကြပါသည်။

လေ့လာသူများက ပြောကြားရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိုပြီး ကုန်သွယ်ရေးကဏ္ဍကိုလည်း မြှင့်တင်လိုသည်ဟုဆိုပါသည်။ ဤသို့ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်ခေါင်းဆောင်များသည် ၎င်းတို့၏ အာဏာကို စွန့်လွှတ်ရ မည်ဖြစ်ကြောင်း (အနည်းဆုံးနာမည်ခံမျှ) သိရှိထားပါသည်။ သို့ရာတွင် နိုင်ငံကို အုပ်ချုပ်နိုင်သူမှာ ၎င်းတို့သာရှိသည်ဟု ယုံကြည်နေသူများဖြစ်သည်။

 

ဘယ်အချိန်မှာ ရွေးကောက်ပွဲလုပ်မလဲ။

ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးပါ။ မည်သို့ကျင်းပမည်နည်း။ မည်သူပါဝင် ယှဉ်ပြိုင်မည်နည်းစသော အသေးစိတ်ကိစ္စများနှင့် ပတ်သက်သော ဥပဒေမူကြမ်းကို ယခုတိုင် တပ်မတော်က ရေးဆွဲနေဆဲဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ခန့်အပ်ခြင်းမရှိသေးပဲ နိုင်ငံတကာက လေ့လေရေးအဖွဲ့များကိုလည်း အစိုးရငြင်းပယ်ထားပါသည်။

ဘယ်သူရွေးကောက်ပွဲအပြီးမှာ အာဏာရမလဲ။

တပ်မတော်အရာရှိများနှင့် သြဇာခံအရပ်ဖက်ဝန်ထမ်းများ ရေးဆွဲခဲ့သော အခြေခံဥပဒေသစ်ကို ယမန်နှစ်က အငြင်းပွားဖွယ် အတည်ပြုခဲ့ပြီး ပြည်သူက ရွေးကောက်တင်မြောက်သော အရပ်သားအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်တော့မည်ဖြစ်သည်ဟု အသံလွှင့်ခဲ့ပါသည်။

အရေးကြီး ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေး၊ တရားရေး၊ ကာကွယ်ရေးတို့ကို တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၄၄၀ နေရာ၏ လေးပုံ တစ်ပုံကို တပ်မတော်က ရယူထားပါသည်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းများသည် တပ်မတော်ဝေစု အပြင်မှ အရံကိုယ်စားလှယ်နေရာကို ရယူခွင့်ရှိပါသည။ ဗိုလ်ချုပ်အချို့မှာ အငြိမ်းစားယူ၍ ရွေး ကောက်ပွဲဝင်ကြမည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တိုင်းပြည်၏ အာဏာအရှိဆုံးပုဂ္ဂိုလ်အဖြစ် သမ္မတ၏ အထက်တွင် ရှိနေမည်ဖြစ်သည်။(အီရန်ပုံစံ)

တပ်ချုပ်သည် အခြေခံဥပဒေကို လျစ်လျူရှုခွင့်၊ ဝန်ကြီးများခန့်အပ်ခွင့်နှင့် အရေးပေါ် အခြေအနေတွင် အလုံးစုံအာဏာကို ချုပ်ကိုင်ခွင့်များရရှိမည်ဖြစ်သည်။

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများဆက်လက်ထားဦးမှာလား။

လေ့လာသူများက အရေးပိတ်ဆို့မှုများ ဆက်ရှိနေမည်ဟု ယေဘူယျအားဖြင့် ယုံကြည်ထားပါ သည်။ အမေရိကန်ပြည်ထောင်စုက ၎င်း၏မူဝါဒသစ်ကို ဖြည်းဖြည်းချင်း ဂရုတစိုက်ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အပြည့်အဝကူးပြောင်းခြင်းမရှိသော ရွေးကောက်ပွဲကြောင့် စောဒက တက်မှုများ ပိုမိုဖြစ်ပေါ်လာစရာရှိပါသည်။

အရေးယူပိတ်ဆို့မှုများသည် ပြည်သူများကိုသာ ဆင်းရဲသွားစေခဲ့ပြီး တပ်မတော်ခေါင်းဆောင် များ ပိုမိုခေါင်းမာစေခဲ့သောကြောင့် ဆန့်ကျင်ဘက်ရလဒ်များသာ ရရှိခဲ့သည်ဟူသော ရှုမြင်သုံးသပ်ချက် သည် အမှန်တရားနှင့် နီးစပ်လာခဲ့ပါသည်။ အာဆီယံအိမ်နီးချင်းများ၏ စေ့စပ်ညှိနှိုင်းမှုသည်လည်း တပ်မတော်ခေါင်းဆောင်များ၏ အုတ်မြစ်ကို ယိုင်နဲ့အောင် မလုပ်နိုင်ခဲ့ပါ။

ပိုမိုကောင်းမွန်သော ဆက်ဆံရေးများရရှိရန်အတွက် အခြေအနေအရပ်ရပ်ကို ဝါရှင်တန်က ပုံ ကြမ်းဆွဲလျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန် ကိစ္စလည်း ပါဝင်ပါသည်။ အဆိုပါ ကိစ္စမှာ ရွေးကောက်ပွဲပြီး နောက်ပိုင်း အတန်ကြာမှသာ ဖြစ်မြောက်နိုင်ပါလိမ့်မည်။

ဘာကြောင့် အောင်ဆန်းစုကြည် ဘေးရောက်သွားခဲ့သလဲ

          အလွန့်အလွန်ပေါ်ပြူလာဖြစ်သော အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်  အောင်ဆန်း၏ သမီးဖြစ်ပါသည်။ အစိုးရက ခပ်တည်တည် မသိယောင်ဆောင်ခဲ့သော ၁၉၉၀ ရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၈၅ အနက် သူမ၏ NLD ပါတီက ၃၉၂ နှင့် အနိုင် ရရှိခဲ့ခြင်းဖြင့် သူမသည် ယနေ့တိုင် စစ်ဖက်အုပ်ချုပ်ရေးကို အကြီးအကျယ်ခြိမ်းခြောက်နိုင်သူအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

          ပြည်သူလူထုအား လှုံ့ဆော်ပေးသော သူမ၏ မိန့်ခွန်းများနှင့် သောင်း၊ သိန်းချီသော ပြည်သူ များကို ဒီမိုကရေစီ ထောက်ခံသော ဆန္ဒပြပွဲများ လူထုစည်းဝေးပွဲများအဖြစ် စုစည်းနိုင်သည့် သူမ၏ စွမ်းရည်များကြောင့် တပ်မတော်အစိုးရက သူမအား သော့ခတ်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပါသည်။

ဘယ်သူတွေပါဝင်ယှဉ်ပြိုင်မှာလဲ။

          အစိုးရက နိုင်ငံရေးပါတီ ၁၀ ခုကို အသိအမှတ်ပြုထားသော်လည်း မည်သည့်ပါတီများ ယှဉ် ပြိုင်မည်ဆိုသည်ကို မသိရသေးပါ။ NLD The National Unity Party နှင့် Shan Nationalities League for Democracy စသော ၁၉၉၀ ရွေးကောက်ပွဲဝင် ထိပ်တန်းပါတီ ခုပါဝင်ယှဉ်ပြိုင်လိမ့်မည် ဟု မျှော်လင့်ရပါသည်။

          သို့ရာတွင် ရွေးကောက်ပွဲကို ငြင်းပယ်လိုသည့် NLD လူကြီးပိုင်းများနှင့် ရွေးကောက်ပွဲကို ဝါဒ ဖြန့်ချိနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်သည့် NLD လူငယ်ပိုင်းကြားတွင် နက်ရှိုင်းသော သဘော ကွဲလွဲမှုများ ဖြစ်ပေါ်နေပါသည်။ အချို့ကမူ NLD သပိတ်မှောက်မှုသည် အောင်ဆန်းစုကြည်၏ ပါတီ ကို အားကုန်သွားသော နိုင်ငံရေးအင်အားစုတခုအဖြစ်ရောက်ရှိသွားစေနိုင်သည်ဟု မှတ်ချက်ပေးထား ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားသည်ဖြစ်စေ၊ လွှတ်ပေးသည်ဖြစ်စေ သူမကိုယ်၌ အနေဖြင့် အာဏာကို လွှဲပြောင်းရယူနိုင်မည် မဟုတ်ပါ။ အခြေခံဥပဒေအဟောင်း၊ အသစ်နှစ်ခုလုံးတွင် ပါဝင်သော အချက်အရ သူမအား (ဗြိတိသျှပါမောက္ခနှင့် လက်ထပ်ခဲ့ခြင်း၊ သား ယောက်မှာ ဗြိတိန် နိုင်ငံသားဖြစ်နေခြင်း) အရည်အချင်းမပြည့်ရှိကြောင်း သတ်မှတ်ပါလိမ့်မည်။

          တပ်မတော်ခေါင်းဆောင်များသည် အရပ်သား ကိုယ်စားလှယ်များကို ရှေ့တန်းတင်၍ ၎င်းတို့ ကျောထောက်နောက်ခံပြုပါတီများ ဖွဲ့စည်းလိမ့်မည်ဟု လေ့လာသူများက အတိအကျ ပြောကြားပါ သည်။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းကျခံနေရပြီး ၎င်းတို့ လွတ်မြောက်လာလျှင်လည်း ရွေးကောက်ပွဲဝင်ခွင့်ကို ပိတ်ပင်ခံရမည်ဖြစ်၍ လာမည့်နှစ် မဲရွေးပွဲများမှာ အားလုံးပါဝင်နိုင်ခွင့်နှင့် လှမ်းဝေးနေဦးမည် ဖြစ်သည်။

ရွေးကောက်ပွဲပြီးရင် ဘာတွေဖြစ်မလဲ။

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား လတ်တ လော ပြောကြားခဲ့ရာတွင် (ဘန်ကီမွန်း၏) နောက်တစ်ကြိမ် မြန်မာပြည်ခရီးစဉ်တွင် ၎င်းနှင့် ၎င်း၏ တွင်းစည်း တပည့် ဗိုလ်ချုပ်များ၊ အရပ်သားများဖြစ်နေလိမ့်မည်ဟုဆိုခဲ့ပါသည်။ သို့သော်လည်း လေ့ လာသူများကမူ ဗိုလ်ချုပ်ကြီးများ(သို့) သူတို့၏ ကိုယ်စားလှယ်များသည် ဒီမိုကရက်တစ်မြန်မာနိုင်ငံ၌ အာဏာကြိုးကိုင်သူများအဖြစ် ဆက်လက်ရှိနေလိမ့်မည်ဟု မျှော်လင့်ထားကြပါသည်။

          မည်သည့်အရာမှ အမှတ်တကယ်ပြောင်းလဲသွားလိမ့်မည် မဟုတ်ပါ။ စစ်ဝတ်စုံဝတ်လူနည်းစု ကိုများစွာ တွေ့မြင်ရပါလိမ့်မည်ဟု မြန်မာ့အရေးကျွမ်းကျင်သူ Derek Tonkin က ပြောပါသည်။ "ရွေး ကောက်ပွဲက အရေးကြီးတယ်ဆိုတာ ဒီလောက်မဟုတ်ပါဘူး။ ရွေးကောက်ပွဲပြီးရင် ဖြစ်လာမဲ့ မသေချာ မရေ ရာမှုတွေကသာ အရေးကြီးတာပါ"ဟု ၎င်းကဆိုပါသည်။

အဆင့်မြင့်ဗိုလ်ချုပ်ကြီးတွေအတွက်က ဘာတွေရှိမလဲ။

          အိုမင်းလာပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ အငြိမ်းစားယူနိုင်ချေရှိပြီး ၎င်းတို့၏ သြဇာခံတပ်မတော်ထိပ်ပိုင်းအရာရှိများအား အာဏာလွှဲပြောင်းပေး ကာ နောက်ကွယ်မှ အာဏာကို ကြိုးကိုင်ပေလိမ့်မည်။ နံပတ် အဆင့် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် အဆိုပါထိပ်ဆုံးနေရာကို ရရှိလိမ့်မည်ဟု ကျယ်ပြန့်စွာ တစ်ပေးခြင်းခံရ ပါသည်။

          လေ့လာသူများက ပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ မနှစ်သက်သော သံတမန်ခရီးများ၊ သံတမန်တွေ့ဆုံမှုများကို တာဝန်အရပြုလုပ်ရမည့် သမ္မတရာထူးကို ယူလိုပုံမရဟုဆိုပါ သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံရမည့် ကိစ္စကိုလည်း ကြိုက်နှစ်သက်မည့် အလားအလာမရှိပါ။

          ဗိုလ်ချုပ်မှူးကြီးသည် အနားယူလိမ့်မည်ဖြစ်ပြီး အာဏာကို ဆက်လက်ချုပ်ကိုင်လိုစိတ်ရှိသူ၊ သူ နှင့် သူ့မိသားစုကို အမြဲတမ်းကာကွယ်ပေးမည့်သူကို နေရာဖယ်ပေးလိမ့်မည်ဟု Georgetown University မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ David Steinberg က သုံးသပ်ပြောကြားခဲ့ပါသည်။



--
Posted By icypress to Sensible Rumour at 11/09/2009 05:13:00 AM