Transparency Myanmar

transparency.myanmar@gmail.com

14 Nov 2009

Xinhua News

          အမေရိကန် သမ္မတဘားရက်အိုဘားမားသည် စနေနေ့က တိုကျိုတွင် အာရှမူဝါဒနှင့်ပတ်သက် မိန့်ခွန်းပြောကြားခဲ့ရာ၌ အမေရိကန်ပြည်ထောင်စုသည် ယခင်ရှိပြီးသားမဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် ကြိုးပမ်းမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများနှင့် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးအသစ်ကို ထူ ထောင်ကာ ၂၁ ရာစု၏ စိတ်ခေါ်မှုများကို နိုင်နိုင်နင်းနင်းရင်ဆိုင်သွားမည်ဟုဆိုပါသည်။

          မိမိတို့၏ အရင်းအနှီးများကို ဤဒေသ၏ အနာဂတ်တွင် မြှုပ်နှံထားကြောင်း၊ အဘယ်ကြောင့် ဆိုသော် ဤနေရာတွင် ဖြစ်ပျက်သမျှသည် ကမ္ဘာတစ်ဖက်ရှိ မိမိတို့ဘဝများကို တိုက်ရိုက်အကျိုးသက် ရောက်မှုရှိသောကြောင့် ဖြစ်ပြီး ဤအကြောင်းအရာကို ကမ္ဘာပေါ်ရှိလူတိုင်းနှင်အမေရိကန်နိုင်ငံသား အားလုံး သိစေချင်သည်ဟု အိုဘားမားကပြောပါသည်။

          ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဂျပန်၊ သြတြေးလျ၊ ထိုင်းစသော အာရှမဟာမိတ်ဟောင်းများနှင့် ဆက်ဆံရေးကို ပြောကြားခဲ့ရာတွင် မိမိတို့မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် လုံခြုံ ရေးနှင့်တည်ငြိမ်ရေးအခြေခံမူဝါဒများအား အခွင့်အလမ်းများနှင့် ကြွယ်ဝချမ်းသာမှုကို ရရှိစေလိမ့်မည် ဟု ဆိုပါသည်။

          အာရှဒေသ၏ လုံခြုံမှုအတွက် မိမိတို့လုပ်ဆောင်ပေးမည့် ကတိသည် အပြောင်းအလဲမရှိ ကြောင်း ဒေသတစ်ခုလုံးက သိမြင်နိုင်ပါသည်။ မိမိတို့သည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားမည် မဟုတ်ပါ။ တရုတ်၏အင်အားကြီးလာမှုနှင့် ကြွယ်ဝမှုသည် အာရှအဖွဲ့အစည်း၏ စွမ်းအားအရင်းမြစ် ဖြစ်လာနိုင်သည်ဟု ၎င်းကပြောဆိုသည်။

          မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ ပြောဆိုရာတွင် နျူကလီးယားမပြန့်ပွားရေး သဘောတူညီချက်ကိုပြန်လည်လက်ခံရေး အပါအဝင်ပေးပြီးသား ကတိကဝတ်များကို စောင့်ထိန်း၍ ခြောက်နိုင်ငံဆွေးနွေးပွဲသို့ပြန်လာကာ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးကို အပြည့်အဝ အာမခံမည်ဆိုပါက DPKK မြောက်ကိုရီးယားကို ထောက်ပံ့ကူညီမှုများပေးအပ်မည်ဟုဆိုပါသည်။

          အိုဘားမားက မြန်မာနိုင်ငံအကြောင်းကိုလည်း ပြောကြားခဲ့ရာ အဆိုပါ နိုင်ငံအတွင်း ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲမှုများ အမှန်အကန်ဆောင်ရွက်ရန် အမေရိကန်က လုပ်ဆောင်နေသည်။ အမေရိကန်က ညီညွှတ်သော ငြိမ်းချမ်းသော၊ အောင်မြင်ကြွယ်ဝသော၊ ဒီမိုကရေစီထွန်းကာသော နိုင်ငံဖြစ်လာရန် ထောက်ခံအားပေးသွားမည်။ မြန်မာနိုင်ငံကသာ မှန်ကန်စွာ ဦးတည်ဆောင်ရွက်ပါက အမေရိကန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရရှိနိုင်ပါသည်ဟု ပြောကြားသည်။

          အမေရိကန်-မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်ရေးသည် အခြေအနေပေါ်တွင် မူတည်သည်ဟု ၎င်းက မှတ်ချက်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေး၊ အကျဉ်းသားများကို အကန့်အသတ်မရှိ လွှတ်ပေးရန် လူမျိုးစုတပ်ဖွဲ့များနှင့် အငြင်းပွားမှုကို အဆုံးသတ်ရန်၊ အစိုးရနှင့် အတိုက်အခံအဖွဲ့အစည်းများအတွင်း စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် တိုက်တွန်းလိုက်ပါ သည်။

          ဆက်လက်၍ အာရှဒေသတွင် ခက်ခဲစွာစတင်နေသည့် မည်သည့် ပေါင်းစည်းရေးလုပ်ငန်းကိုမဆို အမေရိကန်က ပါဝင်ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြောကြားပါသည်။ နိုင်ငံတိုင်း အဖွဲ့အစည်းတိုင်း၏ တိုးတက်ကြီးထွားမှုသည် ဒေသ၏လုံခြုံမှုနှင့် အောင်မြင်ကြွယ်ဝမှုကိုပါ တိုးတက် ဖြစ်ပေါ်စေသည်ဟု ယုံကြည်ကြောင်း၊ ပြီးခဲ့သော နှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် အာရှဒေသနှင့်ဆက်ဆံရေး ကျဲပါးခဲ့သည်ကို မိမိသိရှိပါကြောင်း၊ သိုဖြစ်၍ ၎င်းကာလာများလွန်မြောက် ခဲ့ပြီးဆိုသည်ကို မိမိရှင်းလင်းစွာသိရှိလိုပါကြောင်း ၎င်းက ပွင့်လင်းစွာပြောကြားခဲ့ပါသည်။

          ၎င်းအပြင် အာရှဒေသ၏ အနာဂတ်ကို ပုံစံချမည့် ဆွေးနွေးမှုများတွင် အမေရိကန်က အာရှ ပစ္စဖိတ်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ထားပြီး ယခင်ထူထောင်ဖွဲ့စည်းပြီးသား၊ တိုးတက်ပြီးသားစစ်မှန်သော အဖွဲ့အစည်းများတွင် ရှေ့တန်းက အပြည့်အဝတာဝန်ယူပါဝင်လိုသည် ဟုလည်း ပြောကြားပါသည်။

          ရာစုနှစ်ထက်ဝက်မျှ ပူးပေါင်းလာခဲ့သော မဟာမိတ်ဂျပန်နှင့် ပတ်သက်၍ အိုဘားမားက မိမိတို့ လုပ်ဖော်ကိုင်ဘက် ဆက်ဆံရေးမှာ အမြဲတမ်းခိုင်မာနေကြောင်း ပိုမိုခိုင်မာလာရန်လည်း မျှော်လင့်ထား ကြောင်း မှတ်ချက်ပေးပါသည်။

          လာမည့် လအတွင်း အမေရိကန် - ဂျပန် မဟာမိတ်ဆက်ဆံရေး နှစ် ၅၀ ပြည့်မြောက်ဖြစ် သည်။ ရာစုနှစ်ထက်ဝက်မျှ ပူးပေါင်းခဲ့သော မဟာမိတ်ဆက်ဆံရေးသည် လုံခြုံမှုနှင့် အောင်မြင်ကြွယ်ဝမှု့၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ မိမိ အိမ်ဖြူတော်ကို ကြိုဆိုဖိတ်ခေါ်မည့် ပထမဆုံး ပြည်ပနိုင်ငံ ခေါင်းမှာ ဂျပန်ဝန်ကြီးချုပ်ဖြစ်ပါသည်ဟု အိုဘားမားက ဂျပန်နိုင်ငံကို ဂုဏ်ပြုပြောကြားခဲ့သည်။

          အားလုံးထဲတွင် အမေရိကန် ဂျပန်မဟာမိတ်ဖက် ဆက်ဆံရေးမှာ ရေရှည်တည်တန့်လျှက်ရှိ ကြောင်း၊ အကြောင်းမှာ ခေါင်းဆောင်များကို ရွေးချယ်ရန် အခွင့်အရေးရှိခြင်းနှင့် အိပ်မက်များကို ကောင်အထည်ဖော်ခွင့်ရှိခြင်း စသော တူညီသည့် ယုံကြည်ချက်များရှိနေ၍ ဖြစ်ပါကြောင်း စသဖြင့် အိုဘားမားက အမွှန်းတင်ခဲ့ပါသည်။

          မိမိတို့၏ မဟာမိတ်ဖက် ပူးပေါင်းမှုကို ပိုမိုထိရောက်လေးနက်စေရန် သဘောတူခဲ့ပါသည်။ ဘိုကီနာဝါရှိ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းရန် အစိုးရ ဖွဲ့၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ထိရောက် လျင်မြန်စွာဆောင်ရွက်သွားရန် ဘောတူခဲ့ကြသည်ဟု ၎င်းကဆိုပါသည်။

          ၎င်းရည်ညွှန်းသော ပူးပေါင်းအဖွဲ့မှာ ယခင်ဂျပန်အစိုးရ LDP နှင့် ယခင် အမေရိကန်ဘွတ်ရှ် အစိုးရတို့ သဘောတူခဲ့သော တပ်ဖွဲ့များအဆင့်အတန်းဆိုင်ရာ သဘောတူညီချက်(SOFA)ကိုလုပ်ဆောင်ရန် နှစ်နိုင်ငံဖွဲ့စည်းခဲ့သော ဖက်စပ်အဖွဲ့ဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ ၂၀၁၀ နောက်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် ၈၀၀၀ မှာ ဘိုကီနာဝါတွင် ကျန်ရှိနေမည်ဖြစ်၍ ကျန်တပ်ဖွဲ့ဝင်များမှာ ဂူအမ်းကျွန်းသို့ ရွှေ့ပြောင်းရမည်ဖြစ်ပြီး ကုန်ကျစရိတ် တစိတ်တပိုင်းကို ဂျပန်ကပေးချေရမည် ဖြစ်သည်။ လက်ရှိ ဂျပန် DPJ အစိုးရက အဆိုပါ သဘောတူညီချက်ကို ဆန့်ကျင်မှုများရှိနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

          ဘိုဘားမားကဆက်လက်၍ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ပြည်သူများအပေါ် ဂျပန်နိုင်ငံ၏  ကူညီမှုကို ချီးကျူးခဲ့ပါသည်။ ဂျပန်က လာမည့် နှစ်အတွင်း အာဖဂန်နစ္စတန်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ဘီလျံ ကူညီရန် ကတိပြုခဲ့ပါသည်။

          ဂျပန်တွင် အစိုးရသစ်တက်လာခြင်း၊ တရုတ်အင်အားကြီးထွားလာခြင်းနှင့် ကမ္ဘာ့စီးပွားရေး အနာဂတ်ဆိုင်ရာ အစီအစဉ်များပါဝင်နေသော အမေရိကန်သမ္မတ၏ အာရှတစ်ခွင် ကိုးရက်ခရီးစဉ်ကို ဂျပန်တွင် တစ်ထောက်ရပ်နားလျက်ရှိပြီး အိုဘားမား၏ ဦးဆောင်မှု ကာလတွင် အရေးကြီးဆုံး ကဏ္ဍ တစ်ခုအဖြစ်ပါဝင်နေသည်ဟု ရှုမြင်သုံးသပ်လိုက်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

14 Nov 2009

PTL News

          အမေရိကန်ပြည်ထောင်စုသမ္မတဘားရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ်အရေးယူမှုများကို ရုတ်သိမ်းရန်မဖြစ်နိုင်သေးကြောင်း စနေနေ့က ပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် ဒီမိုကရေစီ­ထွန်းကားရေးကို ဦးတည်သည့် ခိုင်မာသော ဆောင်ရွက်ချက်များပြုလုပ်လာသည်အထိအရေးယူမှုများကို ထားရှိမည်ဟု ဆိုပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက် မြန်မာအာဏာပိုင်များနှင့် တိုက်ရိုက်ဆက်ဆံဆွေးနွေးနေသည် ဟု အာရှဆိုင်ရာ မူဝါဒအကြောင်း ဆန်တိုရီခန်းမတွင် မိန့်ခွန်းပြောကြားစဉ် အိုဘားမားက ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

          ယခင်ချမှတ်ထားခဲ့သော အရေးယူပိတ်ဆို့မှုနည်းလမ်းများသည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ထွန်းကားရေးကို တွန်းအားပေးရာတွင် မအောင်မြင်သောကြောင့် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေး မည့် မူဝါဒသစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ မြန်မာအစိုးရနှင့် ကြိမ်ဆွေးနွေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အောင်မြင်၍ အကျိုးရှိသည်ဟု မှတ်ချက်ပေးခဲ့ပါသည်။

          မြန်မာနိုင်ငံကို ညီညွှတ်သော ငြိမ်းချမ်းသော၊ အောင်မြင်ကြွယ်ဝ၍ ဒီမိုကရေစီထွန်းကားသော နိုင်ငံဖြစ်လာအောင် အားပေးထောက်ခံသွားမည်ဖြစ်ပြီး အဆိုပါဦးတည်ချက်အတိုင်း မြန်မာအစိုးရက စစ်မှန်စွာဆောင်ရွက်နိုင်ပါက အမေရိကန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ဖြစ်ပေါ်နိုင်ပါသည်ဟု အို ဘားမားကဆိုပါသည်။

          ဒေါ်အောင်ဆန်းစုကြည်နှင့် တကွနိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လူမျိုးစုတပ်ဖွဲ့များနှင့် အငြင်းပွားမှုကို အဆုံးသတ်ရန်၊ အစိုးရနှင့် အတိုက်အခံ ပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ စစ်မှန်သောနိုင်ငံရေးဆွေးနွေးပွဲကျင်းပ၍ အနာဂတ်ကို မျှတစွာရှုမြင်သုံးသပ် ကြရန် စသော အဆင့်များကို သေချာစွာလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကပြောကြားပါသည်။

          ဤသည်မှာ ပြည်သူလူလု၏ လိုအပ်ချက်ကို အစိုးရက မည်သို့ မည်ပုံတုန့်ပြန်ဆောင်ရွက်ပေး မည်နည်းဟူသော အချက်ဖြစ်ပြီး မြန်မာနိုင်ငံကို မှန်ကန်သော လုံခြုံမှုနှင့် အောင်မြင်မှုဆီသို့ဆောင်ယူ ပေးမည့် လမ်းကြောင်းဖြစ်သည်ဟု အိုဘားမားက မှန်ချက်ပေးပါသည်။ အိုဘားမားသည် မြန်မာနိုင်ငံ အပေါ်ထားရှိသော ၎င်းအစိုးရ၏ မူဝါဒကိုပထမဆုံး မိမိသဘောအလျှောက်ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---