Transparency Myanmar

transparency.myanmar@gmail.com

By Vijay Joshi (From AP – 15th Nov  2009)

          အမေရိကန်သမ္မတ အိုဘားမားသည် တနင်္ဂနွေနေ့က မြန်မာတပ်မတော်အစိုးရ ထိပ်တန်းခေါင်းဆောင်နှင့် မတွေ့စဖူး တွေ့ဆုံရာတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ပြောကြားခဲ့ပါသည်။

          အိုဘားမားသည် မြန်မာအစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

          အိုဘားမားသည် မြန်မာဝန်ကြီးချုပ်အား တိုက်ရိုက် ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် တိုင်းရင်းသားများအား ဖိနှိပ်နေမှုများ အဆုံးသတ်ရန် ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး Robert Gibbs က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

          အဆိုပါ ထိပ်သီးအစည်းအဝေးအပြီး အမေရိကန် သမ္မတနှင့် အာဆီယံ နိုင်ငံများကြား ပထမဆုံး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အလေးထားသည့် စာပိုဒ်တစ်ပိုဒ် ပါဝင်ရာ နှစ်ဖက်စလုံး ဆက်ဆံရေးတွင် အနည်းငယ် ထိခိုက်စေနိုင်ပါသည်။

          သို့သော် အဆိုပါ ပူးတွဲကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်းချက် မပါဝင်ပါ။ ၂၀၁၀ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာ ရှိစေရန် ဆောင်ရွက်ရေး တိုက်တွန်းချက်သာ ပါဝင်ပါသည်။ သို့သော် အိုဘားမားသည် မြန်မာအာဏာပိုင်အား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တိုက်ရိုက် ပန်ကြားခဲ့ရာ၌ ၎င်းသည် ပါဝါရှိသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျှောက် ပိုမို၍ လေးနက်ပါသည်။

          မြန်မာဝန်ကြီးချုပ်သည် ခေါင်းဆောင်များ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိုးရိမ်မှုများ အပေါ် မည်သို့မျှ ထုတ်ဖော် ပြောကြားခြင်း မရှိပါဟု မလေးရှားဝန်ကြီးချုပ် Najib Razak က ပြောပါသည်။ မိမိတို့က ယခုထက် ပို၍ မျှော်လင့်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအား အနှေး နှင့် အမြန် ဖြစ်ပေါ်လာစေရန် မျှော်လင့်ကြောင်း ၎င်းက ဆိုပါသည်။

          မလေးရှားဝန်ကြီးချုပ်က ဆက်လက် ပြောကြားရာတွင် မဲခွဲ ဆုံးဖြတ်ခြင်းများ မရှိ၍ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ညွှန်းဆိုမှုများ မပါဝင်ခဲ့ကြောင်း ဆိုပါသည်။

          အိမ်ဖြူတော်မှ လက်ထောက်တစ်ဦးက ပြောကြားရာတွင် Asean အနေဖြင့် အဖွဲ့ဝင် တစ်ဦးအပေါ်တွင် အရေးကြီးသည်ဟု ရှင်းလင်းစွာ သိနိုင်သည့် ကြေညာချက်ကို ပါဝင်လိုလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံအပေါ် ပြုလုပ်ခြင်းသည် Asean ကို ဝေဖန်သည်နှင့် အတူတူ ဖြစ်သည်ဟု ခံယူကြကြောင်း ဆိုပါသည်။ ထို့ကြောင့် အိုဘားမားသည် အဆိုပါ ကိစ္စကို Asean သို့ ၎င်း၏ မှတ်ချက် များတွင် တိုက်ရိုက် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

          အိုဘားမားသည် ပြီးခဲ့သည့် စနေနေ့က တိုကျိုတွင် ၎င်း၏ ကျယ်ပြန့်သော မူဝါဒ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အမည်တပ်၍ ညွှန်းဆိုခဲ့ပါသည်။

          တနင်္ဂနွေနေ့က ခေါင်းဆောင် ၁၁ ဦး မတွေ့ဆုံမီ ဓာတ်ပုံအရိုက်ခံရာတွင် အိုဘားမားနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အတန်ငယ် လှမ်းပြီး အခြားပြောဆိုဆက်ဆံမှုများ မရှိပါ။

          မြန်မာအစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီအတွက် ခြေလှမ်းတစ်လှမ်း ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့် ပြုမပြု ရှင်းလင်းခြင်း မပြုခဲ့ပေ။

          အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်သော APEC ဆွေးနွေးပွဲအပြီး တနင်္ဂနွေနေ့က ကျင်းပသော အမေရိကန် - အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသည် ဝါရှင်တန်၏ အတွေးသစ်ဖြစ်သော မြန်မာနိုင်ငံကို လစ်လျူရှုမှုကြောင့် မည်သည့်ရလဒ်မျှ မရကြောင်းနှင့် မြန်မာကြောင့် အမေရိကန် - အာဆီယံ ဆက်ဆံရေးကို မထိခိုက်စေရ ဟူသော အတွေး ထွက်ပေါ်လာသော ရလဒ် ဖြစ်ပေသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

By Edwin Chen and Julianna Goldman,

From Bloomberg (16th Nov  2009)

          အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အပါအဝင် အခြား အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် မိနစ် ၉၀ ကြာ တစ်စားပွဲတည်း ထိုင်၍ ဆွေးနွေးခဲ့ပါသည်။ အမေရိကန်သည် ဒေသတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှုကို ချိန်ညှိရေး အတွက် ကြိုးပမ်းလိုမှု၏ တစ်စိတ်တစ်ပိုင်း ပါဝင်ပါသည်။

          အိုဘားမား၏ ယမန်နေ့က အာဆီယံ ၁၀ နိုင်ငံနှင့် တွေ့ဆုံခြင်းသည် အမေရိကန်ခေါင်းဆောင် တစ်ဦးအနေဖြင့် ပထမဆုံး ဖြစ်ပါသည်။ ယခုအစည်းအဝေးတွင် အမေရိကန်၏ မြန်မာနိုင်ငံနှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်ပါသည်။

          အဆိုပါ အစည်းအဝေးတွင် အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်း ထပ်မံ၍ ခိုင်ခိုင်မာမာ ပြောကြားခဲ့ပါသည်။ မြန်မာကမူ အိုဘားမား၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုကြောင်းနှင့် အခြားအကြောင်းအရာ အနည်းငယ်ကိုသာ ဖော်ပြသွားပါကြောင်း မလေးရှား ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

          ဒေသတွင်း တရုတ်၏ စီးပွားရေး၊ စစ်ရေးအရ ဩဇာ ကြီးထွားလာသည်နှင့်အမျှ အမေရိကန်ကလည်း ၎င်း၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားလိုသည်ဟူသော အိုဘားမား၏ ပြောသည့်အချက်ကို ယခု ထိပ်သီးအစည်းအဝေးတွင် ပိုမို ခိုင်မာစေခဲ့ပါသည်။ အရှေ့တောင် အာရှသည် ကမ္ဘာ့ ကုန်သွယ်ရေးတွင် အရေးပါသော ပင်လယ်လမ်းကြောင်း ရှိနေသည့်အပြင် ကျောက်မီးသွေး၊ ရေနံနှင့် တန်ဖိုးရှိ သော သတ္တုများလည်း ရှိနေပါသည်။

          အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေသတွင်း ၎င်း၏ သြဇာလွှမ်းမိုးမှုကို ရှိနေစေလိုပါက တရုတ် ဘာတွေလုပ်နေသနည်း ဆိုသည်နှင့် ယှဉ်၍ စဉ်းစားတတ်ရန် လိုကြောင်းကို သဘောပေါက်သည် ဟု စင်ကာပူအမျိုးသား တက္ကသိုလ်မှ Kishore Mahbubani က ပြောပါသည်။ အကယ်၍ တရုတ်သည် အာဆီယံနှင့် ဆက်ဆံရေးလျင်မြန်စွာ တိုးတက်လာနေပါက အမေရိကန်၏ စိတ်ဝင်စားမှုမှာလည်း နောက်ချန်မနေသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။

          တရုတ်၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုမှာ မနှစ်က ၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ . ဘီလီယံ ရှိပါသည်။ အမေရိကန် စာရင်းအင်းများအရ အမေရိကန် - မြန်မာကုန်သွယ်မှုမှာ ဒေါ်လာ ၁၀. မီလီယံသာရှိပြီး တရုတ်က အကြိမ် ၂၄၀ ခန့်သာပါသည်။ တရုတ်နိုင်ငံ၏ အကြီးဆုံးရေနံ ကုမ္ပဏီ ဖြစ်သော China National Petroleum Corp (CNPC) သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ အနောက်တောင်ဘက်သို့ ၇၇၁ ကီလိုမီတာ (မိုင် ၄၈၀) ရှည်သော ပိုက်လိုင်းကို စတင် တည်ဆောက်နေပြီ ဖြစ်ပါသည်။ တရုတ်၏ အကြီးဆုံး ကမ်းလွန်ရေနံရှာဖွေရေးကုမ္ပဏီ Cnooc ကလည်း မြန်မာနိုင်ငံတွင် ရေနံများ ရှာဖွေလျက် ရှိပါသည်။

          တရုတ်၏ အရှေ့တောင်အာရှနှင့် ကုန်သွယ်ရေးမှာလည်း ၁၉၉၃ ခုနှစ်ကနှင့် စာလျှင် အဆ ၂၀ ခန့် မြင့်တက်လာပြီး မနှစ်က ဒေါ်လာ ၁၇၉ ဘီလီယံ တန်ဖိုး ရှိပါသည်။ အာဆီယံ၏ စုစုပေါင်း ကူးသန်းရောင်းဝယ်မှု ပမာဏသည် % မှ ၁၀.% အထိ တရုတ်၏ ဝေစု မြင့်တက်လာခဲ့ပါသည်။ ထိုအချိန်အတွင်း အမေရိကန်၏ ဒေသတွင်း ကုန်သွယ်မှုဝေစုသည် မနှစ်က ၁၇% မှ ၁၂% ထိ ကျဆင်းခဲ့ပါသည်။ အာဆီယံ စာရင်းဇယားများအရ လမ်းကြောင်းနှစ်ခု သင်္ဘောတင်ပို့မှု (two-way shipment) ကမူ့် ဒေါ်လာ ၂၀၁ ဘီလီယံထ သုံးဆခန့် မြင့်တက်ခဲ့သည်ဟု ဆိုပါသည်။

          အမေရိကန်သည် အရှေ့တောင်အာရှနှင့် ချစ်ကြည်ရေး စာချုပ်ကို ပြီးခဲ့သည့် ဇူလိုင်လကမှ ချုပ်ဆိုနိုင်ခဲ့ပြီး တရုတ်ထက် ခြောက်နှစ် နောက်ကျပြီးမှ ချုပ်ဆိုနိုင်ခဲ့ပါသည်။ နှောင်ကြိုးမပါသော သဘောတူညီချက်သည် အရှေ့အာရှထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် လိုအပ်ပါသည်။ အရှေ့အာရှ ထိပ်သီးအစည်းအဝေးသည် တရုတ်နှင့် အိန္ဒိယတို့ ပါဝင်သော အာဆီယံဗဟိုပြု အုပ်စုဖွဲ့မှု ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် အာရှဒေသနှင့် ပိုမို၍ ထုံးစံနှင့်အညီ စည်းစနစ်ကျစွာ ဆက်ဆံလိုကြောင်း အိုဘားမားက နိုဝင်ဘာ ၁၄ ရက်နေ့က ပြောကြားလိုက်ပါသည်။

          အိုဘားမားသည် စင်္ကာပူသို့ နိုဝင်ဘာလ ၁၄ ရက်နေ့က ရောက်ရှိခဲ့ပြီး မနေ့ညက တရုတ်နိုင်ငံ ရှန်ဟဲမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။

          အိုဘားမားသည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဆုံးဖြတ်ရခြင်းမှာ အာဆီယံတွင် မြန်မာပါဝင်နေခြင်းကြောင့် အပြစ်တင်ရန် လာရောက်ခြင်း မဟုတ်ကြောင်း ခရီးစဉ်မတိုင်မီက အမျိုးသားလုံခြုံရေးကောင်စီ အရှေ့အာရှရေးရာ ဒါရိုက်တာ Jeffrey Baden က ပြောခဲ့ပါသည်။

          စက်တင်ဘာလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်သည် မြန်မာခေါင်းဆောင်များနှင့် ဒီမိုကရေစီအတွက် ဖိအားပေးရန် တိုက်ရိုက် ဆက်ဆံစကား ပြောသွားမည်ဟု ပြောခဲ့ပါသည်။ အဆိုပါ ကြေညာချက်မှာ အမေရိကန် ဆီနိတ်တာ Webb သြဂုတ်လက မြန်မာသို့ လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံအပြီး တစ်လအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ယခုလ အစောပိုင်းက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။ အိုဘားမားသည် မြန်မာနှင့် ဆက်ဆံရေးကို တိုးမြှင့် လုပ်ဆောင်နေသော်လည်း အရေးယူပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့က အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရန် ထပ်မံ တောင်းဆိုခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---